Author: khamsarngor

ဆီဆိုင်မြို့နယ် အောင်ကလာပ်ပေါ်ရွာ စစ်ဘေးတိမ်းရှောင်သူများ စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေ

ခမ်းသားငေါဝ်း၊ မေလ၂၈၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် အောင်ကလာပ်ပေါ် ရွာ စစ်ဘေးတိမ်းရှောင်သူများအတွက် စားနပ်ရက္ခာအရေးပေါ်လိုအပ်နေကြောင်း မေလ၂၈ ရက်နေ့တွင် သိရသည်။ ” လောလောဆယ် ဆန်တွေလဲ ပြတ်နေပြီ အလုပ်လုပ်ကိုင်ရဖို့နေရာတွေရှားပါးသလို ငွေဝင်လမ်းကလဲ မရှိသလောက်နည်းတယ် ဒီလူအများနဲ့ဆိုတော့ မလောက်မငှတွေရှိနေတယ်၊ ဒီကြားထဲ အဆင်မပြေမှုတွေကဆက်ဖြစ်လာတော့ ဖြစ်သလိုပဲနေ နေရတယ်” ဟု စစ်ဘေးတိမ်းရှောင်နေရသူ အမျိုးသမီးတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။ အောင်ကလာပ်ပေါ်ရွာတွင်…

ပြည်သူအချင်းချင်းမို့ လူသားချင်း စာနာထောက်ထားမှုဖြင့် တွေးပြီးလက်ခံကူညီပေးရန်လို

ခမ်းသားငေါဝ်း၊ မေလ ၂၈၊ ၂၀၂၃ “ခုအခက်ခဲဖြစ်နေတာ ပြေးလွားနေရတာက တစ်မြို့နယ်ထဲချင်းတွေပါဗျာ” နောင်တရားဒေသခံမှ စစ်ရှောင်တွေ ကို ကူညီနေသူအသက်(၃၀)အရွယ်အမျိုးသားတစ်ဦးကဖုန်းဆက်လာကာ ကိုယ်ချင်းစာသည့်လေသံနှင့်ပြောဆို သည်။ တိုက်ပွဲများဖြစ်ပွားလာပြီးနောက်ပိုင်း အသက်အန္တရယ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် များလက်ခံသင့် လက်မခံသင့် သဘောကွဲလွဲမှုများရှိလာရသည်။ အထူးသဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တောင်ဘက်ကျေးရွာများအတွင်း တိုက်ပွဲဖြစ်ပွားပြီး နောက်ပိုင်း ပင်လောင်းမြို့ပေါ်ကိုရောက်လာသည် စစ်ဘေးရှောင်များကို ဒေသခံတိုင်းရင်းသားတချို့က လက်သင့်မခံခွဲခြားဆက်မှုများရှိလာခဲ့သည်။ ပင်လောင်းတောင်ဘက်ရှိ…

ယခုနှစ် စိုက်ပျိုးရာသီတွင် စိုက်ပျိုးစရိတ် စျေးမြှင့်တက်မှုကြောင့် စိုက်ပျိုးတောင်သူများအခက်ခဲဖြစ်

ခမ်းသားငေါဝ်း၊ မေလ ၂၆၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ယခုနှစ်စိုက်ပျိုးရာသီနီးစပ်လာသည်နှင့်အမျှ စိုက်ပျိုးစရိတ်နှင့်ကုန်ကြမ်းများ ပိုမိုမြှင့်တက်လာမှုကြောင့် စိုက်ပျိုးတောင်သူများ အခက်အခဲဖြစ်နေရကြောင်း သိရသည်၊၊ စိုက်ပျိုးရေးအတွက် မြေသြဇာ၊ မျိုးစေ့၊ ဓာတ်ဆီ၊ဒီဇင်စျေးနှင့် လုပ်အားခများ ယခင်နှစ်ထက် စျေးပိုမြှင့်တက်လာခြင်းဖြစ်သည်ဟု စိုက်ပျိုးတောင်သူထံသိရှိရသည်၊၊ “ခြံထယ်ခတွေဆိုလည်း စျေးတော်တော်တက်တယ်မနှစ်ထက် ၈၀၀၀/၁၀၀၀၀ လောက်တက်တယ် ပြောင်းစျေးဆို ၆၂၅၊ ၈၀၈၊ ၆၂၁ မျိုးတွေက ခုဆို…

ရာသီဥတုဒဏ်ကြောင့် ပင်လောင်းရှိ စစ်ရှောင်များ အားလုံးနီးပါး ဖျားနာ ရောဂါဖြစ်ပွား

ခမ်းသားငေါဝ်း၊ မေလ ၂၆၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ စစ်ရှောင်များ ရာသီဥတုအပြောင်းအလဲကြောင့် အားလုံးနီးပါး နှာစေး ချောင်းဆိုး ဖျားနာ ရောဂါဖြစ်ပွားကြောင်း ‌သိရသည်။ ပင်လောင်းတွင် ရာသီဥတုအေးသဖြင့် ကလေးနှင့်သက်ကြီးရွယ်အိုများ အအေးဒဏ်မခံနိုင်ကြဘဲ ဖျားနာ ဖြစ်နေကြပြီး ဆေးရုံတက် နေရကြောင်း စစ်ရှောင်တစ်ဦးထံမှ သိရသည်။ “စစ်ရှောင်စခန်းမှာ လူလည်းများတယ် အကုန်လုံးက ပူးပူးကပ်ကပ် နေရတော့ ရောဂါတစ်ခုဖြစ်ရင် ကူးစက်ဖို့က…

နောင်စံဖူးကျေးရွာအုပ်စု ဒေသခံများ၏ဖုန်းကို SSPP က အကြောင်းမဲ့သိမ်းဆည်း

ခမ်းသားငေါဝ်း၊ မေလ ၂၅၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ရှိ နောင်စံဖူးကျေးရွာအုပ်စုတွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က ဒေသခံများ၏ဖုန်းများကို သိမ်းဆည်းသိမ်းယူမှုပြုလုပ်နေခြင်းကြောင့် ဒေသခံများအတွက်အခက်ခဲဖြစ်နေရသည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။ ဖုန်းများသိမ်းဆည်းရာတွင် ကျေးရွာဥက္ကဌများ၊ ရွာသူကြီးများမှတဆင့် မေလ(၂၃)ရက်နေ့တွင်စတင်သိမ်းဆည်းခဲ့ပြီး မနေ့(၂၄)ရက်နေ့က SSPP တပ်ဖွဲ့ကို ပေးအပ်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ “ဖုန်းသိမ်းလိုက်တော့ပြဿနာ အကြီးအကျယ်ဖြစ်တာပေါ့နော်၊ ဘာလို့ဆို ခုလက်ရှိ အားလုံးက ဖုန်းနဲ့အလုပ်လုပ်ကြတာဆိုတော့လေ၊ကိုယ်ဆက်သွယ်ရမယ့်ကိစ္စတွေ…

အောင်ကလာပ်ပေါ်ရွာတွင် ကျောင်းဖွင့်ရာသီ ကလေးများစာသင် ကျောင်းဆောင်ဆောက်ရန်အကူညီလိုအပ်

ခမ်းသားငေါဝ်း၊ မေလ ၂၃၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ကျောအုပ်စု အောင်ကလာပ်ပေါ်ရွာတွင် ရွာခံကလေးများ နှင့် စစ်ရှောင်ကလေးများ ကျောင်းဖွင့်ရာသီ စာသင်နိုင်ရေး စာသင်ကျောင်းဆောက်လုပ်ရန် အကူညီလိုအပ်လျက်ရှိကြောင်း တာဝန်ရှိကောမတီများထံမှ သိရသည်။ ၎င်းနေရာတွင် အောင်ကလာပ်ပေါ်ရွာအတွက် ဟုဆိုကာ သက်ဆိုင်ရာလူကြီးများက စာသင်ကျောင်းဆောက်လုပ်နိုင်ရန် မြေနေရာထားရှိပေးခဲ့ကြောင်းသိရသည်။ “ခုကကျောင်းဖွင့်ခါနီးပြီ၊ ကလေး(၆၀)ကျော်လောက်စာသင်နိုင်ဖို့က စာသင်ကျောင်းလိုအပ်တယ်၊ခုကအောင်ကလာပ်ဆိုပြီးကျောင်းနေရာမြေကွက် ရှိတယ် ကျောင်းကဆောက်နိုင်သေးဘူး၊ကလေးတွေအတွက်တော့ ခြံထဲမှာ တဲထိုးပြီးစာဖတ်ဝိုင်းပုံစံလုပ်ပေးထားတယ်၊…

ကရင်နီပြည် စစ်ရှောင်စခန်းကလေးပညာသင်ကြားနိုင်ရန် လိုအပ်ချက်များရှိနေ

ခမ်းသားငေါဝ်း၊ မေလ၂၃၊ ၂၀၂၃ ကယား(ကရင်နီ)ဒေသ ၊စစ်ဘေးရှောင်စခန်း ၁၆ ခုမှ ကလေးငယ်များ ပညာသင်ကြားနိုင်ရန် စာသင်အဆောင်၊ သင်ထောက်ကူပစ္စည်းများအပါအဝင် ဆရာ/မများ အကူအညီအထောက်အပံ့များစွာလိုအပ်နေကြောင်း မေလ ၂၃ ရက်နေ့တွင်သိရှိရပါသည်။ ကျောင်းသား/သူ များသည် လက်ရှိစစ်ဘေးရှောင်ကလေးသူငယ်များဖြစ်ကြပြီး ကျောင်းတက်မည့်ဦးရေ ၂၅၀ ကျော်ရှိကာယခုကျောင်းဖွင့်ရာသီတွင်ကျောင်းသားဦးရေပိုမိုများလာနိုင်ကြောင်း သိရသည်။ ”လောလောဆယ်စာသင်ဆောင်တွေမလောက်သေးတော့ ကလေးတွေကြပ်ညှပ်ပြီးတော့ သင်နေခဲ့ရတယ်” ဟု စာသင်အဆောင်ဆောက်လုပ်ကူညီပေးသည့် SSLRU တာဝန်ခံတစ်ဦးကခမ်းသားငေါဝ်းကို…

ပင်လောင်းတွင် စစ်ဘေးရှောင်များအတွက် အကူ အညီပေးမည့် NGO/CSO များ အခက်အခဲရှိနေ

ခမ်းသားငေါဝ်း၊ မေလ၂၁ ၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် တိုက်ပွဲကြောင့်နေရပ်စွန့်ခွာကြသည့် စစ်ဘေးရှောင်များအတွက် အကူအညီပေးမည့် NGO/CSO များ ဝင်ရောက်ကူညီပေးရန် အခက်ခဲရှိနေကြောင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။ “အဓိက အသွားအလာပေါ့ စစ်ဆေးတာလည်းများတယ် လုံခြုံရေးအခက်ခဲတွေလည်းရှိတယ်ပြီးတော့ ထွေအုပ်ဖက်ကလည်း ဘာပဲကူညီကူညီပေါ့ သူတို့ထံစာတင်ရတယ် သူတို့အရင်ခံစာပြန်တင်ရတာမျိုးလု​ပ် တယ်ပေါ့လေ ပင်လောင်းမှာလည်း ပြည်သူ့စစ်တွေ စစ်တပ်တွေ အမြဲစောင့်ကြည့်နေတဲ့အတွက် အခက်အခဲတော့အများကြီးရှိတယ်”ဟု NGO…

လောင်းကစားဝိုင်း၏နောက်ကွယ်မှာ ပြာကျနေသည့် နမ့်စန်ဒေသခံမှ ဘဝနေထိုင်မှု

ခမ်းသားငေါဝ်း၊ မေလ ၂၁၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်သည် တိုင်းရင်းသားပေါင်းစုံနေထိုင်တဲ့မြို့နယ်ဖြစ်ပြီး အေးချမ်းသာယာ သည့် မြို့တစ်မြို့ဖြစ်သည်။ ထို့အပြင် လက်နက်ကိုင်ပြည်သူ့စစ် အဖွဲ့အစည်း အများစုတည်ရှိနေသည့် မြို့နယ် လည်းဖြစ်သည်။ ထိုအေးချမ်းသာယာသည့်မြို့နယ်သည် ယခုတွင် လောင်းကစားဝိုင်းကြောင့် ပျက်စီးမှုများဖြစ်စေတော့မည်။ ကလေးသူငယ်၏ အကျင့်စာရိတ္တကိုပျက်ပြားစေသည့် ရက်ရှည်လောင်းကစားဝိုင်းသည် နမ့်စန်မြို့နယ် အတွင်း တွင် တွင်တွင်ကျယ်ကျယ် လွတ်လွတ်လပ်လပ် ဖွင့်လှစ်လာခဲ့သည်။ ထိုဒေသ…

RCSSက PNLO တပ်စခန်းကို လာရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွား

ခမ်းသားငေါဝ်း၊ မေလ ၂၀၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်ရှိ PNLO ၏ ဖက်နံတပ်စခန်းကို RCSS တပ်က ကျူးကျော်ဝင်ရောက်လာပြီး တိုက်ခိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်၊၊ ထိုပစ်ခတ်မှုသည် ယနေ့ မေလ၂၀ ရက် မနက်ပိုင်း ၅ နာရီခန့်တွင် RCSS/SSA က အင်းအား ၁၀၀ ကျော်ဖြင့် ကျူးကျော်ဝင်ရောက်လာပြီး ထီဖက်နံ PNLA တပ်စခန်းကို လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း…

You missed