အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအတွင်း အမျိုးသမီးများလိင်အကြမ်းဖက်ခံရမှု ၅၉ မှုအထိရှိလာ
ခမ်းသားငေါဝ်း၊ ဇွန်လ ၁၇၊၂၀၂၃ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလမှ ယနေ့အချိန်ထိ အမျိုးသမီးများအပေါ် အကြမ်းဖက်ကျူးလွန်ခံရမှု ၅၉ မှုအထိရှိကြောင်း မြန်မာအမျိုးသမီးများသမ္မဂ (BWU) ထုတ်ပြန်ချက်အရ သိရသည်။ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (၃၆)မှုနှင့် အိမ်တွင်းအကြမ်းဖက်မှုအပါအဝင် ကာမလိမ်လည်မှု (၂၃)မှုရှိပြီး အကြမ်းဖက်မှုစုစုပေါင်း (၅၉)မှု ရှိခဲ့သည်။ “လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ပတ်သက်လို့ အမြဲထောက်ပြပြောဆိုတာတွေရှိတယ်။ အမှုမှန်ရရှိရေးအတွက် ကူညီလုပ်ဆောင်တာမျိုး၊စည်းရုံးလုပ်ဆောင်တာလည်းရှိတယ်။…