Author: khamsarngor

ပအိုဝ်းပြည်သူများ ဥပဒေပိုင်းဆိုင်ရာ အကူအညီရရှိနိုင်ရန် ပအိုဝ်းဥပဒေကူညီမှုအသင်း ဖွဲ့စည်း

ခမ်းသားငေါဝ်း ဇူလိုင် ၁၀၊ ၂၀၂၃ ပအိုဝ်းပြည်သူများ ဥပဒေ ပိုင်းဆိုင်ရာအကူအညီ ရရှိနိုင်ရန် ဇူလိုင် ၉ ရက်နေ့ တောင်ကြီးမြို့ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို) ရုံးတွင် ပအိုဝ်းဥပဒေကူညီမှု အသင်းဖွဲ့စည်းလိုက်ကြောင်း သိရသည်။ အဓိက ပအိုဝ်းပြည်သူ လူထုများသည် မြန်မာနိုင်ငံမှ အတည်ပြု ပြဌာန်းထားသည့် ဥပဒေဆိုင်ရာ အသိပညာများနားလည်စေရန်၊ ပြဿနာများတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ညှိနှိုင်း ကူညီဖြေရှင်းပေးနိုင်ရန်နှင့် ဥပဒေနှင့်…

ပင်‌‌‌လောင်းတွင် တစ်‌နေ့ထက်တစ်နေ့ ခိုးဆိုးလုနှိုက်မှုပိုမိုများပြားလာ

ခမ်းသားငေါဝ်း ဇူလိုင်လ ၉၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်‌လောင်း မြို့နယ်အတွင်းတွင် တစ်နေ့ထက်တစ်နေ့ ခိုးဆိုးလုနှိုက်မှု ပိုမိုများပြားလာကြောင်း ဒေသခံထံမှ သိရသည်။ ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ညဘက်အချိန် ရပ်ကွက်တွင်းလူနေအိမ်များ၊ စိုက်ပျိုးရေးရှိ သီးနှံများကို ခိုးယူမှုများရှိနေ ကြောင်း သိရသည်။ “အခုတလောက ဂျင်း‌တွေ၊ တူးပြီးသားအာလူးတွေ မကြာခဏ အခိုးခံရတယ် စိုက်ပျိုးရေးသုံးကိရိယာတွေ၊ ခိုးဆိုးလုနှိုက်မှူတွေ လည်း မကြာခဏ…

တိုက်ပွဲပြင်းထန်ခဲ့သည့်ကုန်းသာရွာတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပြီးစီး​

………………. ခမ်းသားငေါဝ်း ဇူလိုင် ၉၊ ၂၀၂၃ ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ကုန်းသာရွာတွင် စစ်ကောင်စီတပ်နှင့် TNLAတပ်တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာပြီးစီးပြီဖြစ်ကြောင်း ဇွန်လ ၉ ရက်နေ့တွင် သိရသည်။ ပြည်လည်တည်ဆောက်ပေးရာတွင် လုံးဝပျက်စီးမီးလောင်သွားသည့်နေအိမ်များ ၊ နည်းနည်းပြုပြင်၍ရသည့် အနေထားနှင့် နေထိုင်ရန်လုံးဝကြံ့ခိုင်မှု မရှိ သည့်နေအိမ်များကို ဖျက်ဆီးပြီးပြန်ဆောက်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။ ” အခုကကျေးရွာသူ/သားတွေ ပြန်ပြီးနေထိုင်လို့ရတဲ့အနေထားရှိသွားပြီ၊…

တောင်ရိုးစာ ယူနီကုဒ်ဖြစ်မြောက်ရေး သံဃာ တော်နှင့်လူငယ်များကြိုးပမ်း

ခမ်းသားငေါဝ် ဇူလိုင်လ ၈၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်းတွင် အများစုနေထိုင်သော တောင်ရိုးလူမျိုးများသည် တောင်ရိုးစာယူနီကုဒ် ကီးဘုတ်အသုံးပြုနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ကီးဘုတ်ဖြစ် မြောက်ရေး အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။ ကီးဘုတ်ဖြစ်မြောက်ရေး ကြိုးပမ်းရခြင်းမှာ တောင်ရိုးတစ်မျိုးသားလုံး မိမိဘာသာစကားကို တွင်ကျယ်စွာအသုံးပြုလာရန်နှင့် တောင်ရိုးစာပေပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ လုပ်ဆောင်ရခြင်းဖြစ်ကြောင်းသိရသည်။ ” အခုမှ စလုပ်တာပေါ့နော်၊ ခုခေတ်က ဖုန်းလည်းကိုယ်စီသုံးနေကြပြီ၊ အဲတော့မိမိဘာသာစကားကို ဖုန်းထဲထည့်ပြီး အသုံးပြုလာကြဖို့ရည်ရွယ်ထားတယ်၊…

နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် ပြုလုပ်ခအတွက် တစ်လထက်တစ်လ ငွေကြေးတောင်းရမ်းပိုများလာ

ခမ်းသားငေါဝ်း ဇူလိုင်လ ၇၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၌ နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် နိုင်ငံကူးလက်မှတ် – ပတ်စပို့ ပြုလုပ်သူများက ပွဲစားများထံမှတစ်ဆင့် ပြုလုပ်နေရပြီး ပြုလုပ်ခသည် တလထက်တလ ပိုဈေးကြီးလာနေကြောင်း ပြုလုပ်သူတစ်ဦးထံမှ သိရှိရပါသည်။ “ ကျွန်မလုပ်တုန်းက ၃ သိန်းခွဲကုန်တယ် သိပ်မကြာဘူး ၁၀ ရက်လောက်နေတော့ ၄ သိန်းခွဲဖြစ်သွားတယ်။ ပွဲစားနဲ့မလုပ်ခင်က ကိုယ်တိုင်ဘဲလုပ်ဖို့သွားခဲ့သေးတယ်။ အဲမှာ အစောင့်လား…

အညွှန်းအမှတ်အသားမပါသည့်ဘေးအန္တရာယ်ရှိ ကုန်ပစ္စည်းများ ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီမှ သတိပေးသိမ်းဆည်း

ခမ်းသားငေါဝ်း ဇူလိုင်လ ၆၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ဘေးအန္တရာယ်ရှိသည့်ကုန်ပစ္စည်းများနှင့်သတ်မှတ်ချက် မကိုက်ညီသောကုန်ပစ္စည်းများကို ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့မှ ယနေ့ဇူလိုင် ၆ ရက်တွင် သတိပေးသိမ်းဆည်းခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လမှ ယခုလ ၆ ရက်နေ့အထိ တောင်ကြီးမြို့ပေါ်ရှိ ကုန်စုံဆိုင်နှင့် Market များ စုပေါင်း ၅ ဆိုင်ထံ အကြောင်းကြားစာကြိုတင်ပေးပို့ခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်ပစ္စည်းများ၊ အမျိုးအစားလိုက်သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသည့်…

နမ့်ခမ်းမြို့နယ်အတွင်းရှိ မူးယစ်ဆေးဝါးသုံးစွဲ ရောင်းဝယ်သူ (၈၀)ဦးကို PSLF/TNLA ဖမ်းဆီး

ခမ်းသားငေါဝ်း ဇူလိုင်လ ၆၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်းရှိ မူးယစ်‌ဆေးဝါး သုံးစွဲရောင်းဝယ်သူ (၈၀)ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု PSLF/TNLAက ယမန် နေ့ ဇူလိုင် ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်၊၊ မူးယစ်ဆေး သုံးစွဲရောင်းဝယ်သူများကို ဇွန်လ (၁၆)ရက်နေ့မှ (၃၀)ရက်နေ့ထိ ၁၅ ရက်အတွင်း PSLF/TNLA ဗဟိုအုပ်ချုပ်ရေးဌာန အထူးတပ်ဖွဲ့မှ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့သည် ဟုဖော်ပြထားသည်၊၊ ဖမ်းဆီးရမိသူများသည် မူးယစ်ဆေးရောင်းဝယ်သူ(၇)ဦးနှင့်…

အာဏာသိမ်းပြီးနောက် ဇွန်လအတွင်းနေအိမ် (၂၆၆၂)လုံး မီးရှို့ခံရပြီး အရပ်သားပြည်သူ (၁၅)ဦး မီးရှို့သတ်ဖြတ်ခံရ

ခမ်းသားငေါဝ်း ဇူလိုင်လ ၅၊၂၀၂၃ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းတွင် ယခု ၂၀၂၃ ခုနှစ် ဇွန်လအတွင်း နေအိမ် (၂၆၆၂)လုံး မီးရှို့ခံရပြီး အရပ်သားပြည်သူ (၁၅)ဦးမီးရှို့သတ်ဖြတ်ခံရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ စစ်ကိုင်းတိုင်းမှ (၂၅၁၁) လုံး၊ မန္တလေးတိုင်းမှ (၁၀)လုံး၊ တနင်္သာရီတိုင်းမှ (၁၄)လုံး၊ ကချင်ပြည်နယ်မှ (၁၀)လုံး၊ ရှမ်းပြည်နယ်မှ (၄၀)လုံးနှင့် မကွေးတိုင်းမှ(၇၇)လုံး…

တောင်ကြီး​မြို့တွင် ရာခိုင်နှုန်းဖြင့်ငွေတိုးပေး ကုမ္ပဏီတစ်ခု ငွေကျပ်သိန်းပေါင်း ၂၀ ဘီလီယံကျော်လိမ်လည်ထွက်ပြေး

ခမ်းသားငေါဝ်း ဇူလိုင်လ ၅၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ဘုရားဖြူရပ်ကွက် ရေထွက်ဦးလမ်းပေါ်တွင် ရုံးဖွင့်ထားသည့် ရာခိုင်နှုန်းဖြင့်ငွေတိုးပေး Invescog Management ကုမ္ပဏီက ငွေကျပ်သိန်းပေါင်း၂၀ ဘီလီယံကျော် လိမ်လည်ထွက်ပြေးသွားကြောင်း သိရသည်။ ” မနေ့မနက် ၁၀ နာရီအထိ ဆက်သွယ်လို့ရတယ်၊ အဲနောက်ပိုင်း မရတော့ဘူး၊ CEOနဲ့ ရုံးဝန်ထမ်းတွေက ည ၁၁ နာရီအချိန်ထိ အစည်းအဝေးလုပ်ခဲ့ကြတယ် ပြောတယ်၊…

မူးယစ်ဆေးကို ထမင်းလို မှီဝဲသည့် ကိုကျော်

…………………………… ခမ်းသားငေါဝ်း ဇူလိုင်လ ၄၊ ၂၀၂၃ “ကိုယ်ရှူဖို့အတွက်တောင် မနဲးရုန်းကန်ရှာဖွေရတာ မိသားစုအတွက်တော့ ဘယ်လိုမှ လည်ပတ်လို့ မရတော့ဘူး၊ ပြောရရင် လူ့ဘဝရလာတာဟာ တန်ဖိုးကိုမရှိတော့တာ နေမထူး သေမထူး လူဖြစ်ရှုံးလိုက် တာလို့ ကျွန်တော့်ရင်ထဲ ခံစားရတယ်ဗျာ”ဟုနောင်တရသည့်လေသံဖြင့် မူးယစ်ဆေးဝါးကို ထမင်းစားသလို မှီဝဲသည့် အသက်(၄၀)ကျော်အရွယ် ခပ်ပိန်ပိန်ခန္ဓာကိုယ်ပိုင်ဆိုင်ထားသော ကိုကျော်(နာမည်လွဲ) ကိုယ်တိုင်မှ ရင်ဖွင့်ပြောဆိုသည်။ လူတွေအသက်ရှင်နိုင်ဖို့ တစ်ရက်လျှင်…

You missed