Author: khamsarngor

စစ်ကောင်စီလက်အောက် ပညာရေးကျောင်းများတွင် ကျောင်းသားကျောင်းသူများ ဖတ်စာအုပ်ပြန်ဝယ်ယူနေရ

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၀၊၂၀၂၃ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက် ပညာရေးကျောင်းများတွင် ကျောင်းဆရာ၊ဆရာမများ နှင့် ပညာရေးဆိုင်ရာ ကျောင်းသုံးစာအုပ်များ အလုံအလောက်ထောက်ပံ့ပေးနိုင်ခြင်းမရှိသဖြင့် သင်ကြားရေးတွင် ထိရောက်မှုမရှိတော့ကြောင်း ပြည်သူလူထုများက ဝေဖန်သုံးသပ်ကြသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အ.ထ.က စံကားကျောင်းတွင် ယနေ့အထိ ကျောင်းသား‌ ကျောင်းသူများ ကျောင်းဖတ်စာအုပ်အစုံအလင်မရရှိကြသေးဘဲ ဖတ်စာအုပ်ရရန်ပိုက်ဆံပေးပြီး ပြန်ဝယ်နေရ‌ကြောင်း ယနေ့ဇူလိုင်လ (၂၀) ရက်နေ့တွင် သိရသည်။ ကျောင်းဖွင့်ချိန်…

ဗန်းမောက်ကျေးရွာရောက် စစ်‌ဘေးရှောင်များ စားနပ်ရိက္ခာနှင့် မိုးကာများ အရေးပေါ်လိုအပ်လျက်ရှိ

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၀၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ပင်လောင်း-ဖယ်ခုံနယ်စပ်ရှိ ဗန်းမောက်ကျေးရွာ ရောက် စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာနှင့် မိုးကာများ အရေးပေါ်လိုအပ်လျက်ရှိ‌နေကြောင်း ဇူလိူင်လ၂၀ ရက်နေ့တွင် သိရသည်။ ဗန်းမောက်ကျေးရွာရှိ စစ်ရှောင်များသည် သက်ကြီး ရွယ်အိုများ ကလေးငယ်များ ကိုယ်ဝန်ဆောင်က လေးမိခင်များ အများစုပါဝင်ပြီး စားနပ်ရိက္ခာ နှင့်မိုးကာအပြင် ဆေးဝါးများလည်း လိုအပ်လျက်ရှိ ကြောင်းသိရသည်။ “ကျွန်မ ဒီရောက်တာ…

တောင်ကြီးမြို့နယ်အတွင်းရှိ လယ်ယာမြေပေါ်တွင် အိမ်ဆောက်လုပ်ခြင်းများနှင့် ပတ်သက်ပြီး သတိပေး

ခမ်းသားငေါဝ်း ဇူလိုင်လ ၁၉၊၂၀၂၃ တောင်ကြီးမြို့နယ်အတွင်းရှိ လယ်ယာမြေများကို မြေအရောင်းအဝယ်ပြုလုပ်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ အိမ်များဆောက်လုပ်ခြင်းများနှင့် ပတ်သက်၍ ဇူလိုင် ၁၈ရက်နေ့တွင် တောင်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အသိပေးစာထုတ်ပြန်‌ကြောင်းသိရှိရပါသည်။ ထုတ်ပြန်ချက်တွင် တောင်ကြီးမြို့နယ်အတွင်း အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ လယ်မြေ၊ ယာမြေ၊ မြေလွတ်၊ မြေရိုင်း၊ ကျန်အခြားမြေ၊ သစ်တောမြေများကို ခွင့်ပြုချက်မရှိဘဲ မြေကွက်ဖော်ထုတ်ရောင်းချခြင်း၊ တိုင်စိုက်ထူခြင်း၊ အုတ်တံတိုင်းကာရံခြင်း၊ အဆောက်အဦးဆောက်လုပ်ခြင်းများ ဆောင်ရွက်ထားသည်ကို တွေ့ရှိရကြောင်း ပါရှိပါသည်။…

အင်းလေးဒေသတွင် တစ်လနီးပါးကြာမိုးမရွာသဖြင့် ပြောင်းစိုက်ပျိုးတောင်သူများ အခက်အခဲကြုံတွေ့

ခမ်းသားငေါဝ်း ဇူလိုင်လ ၁၉၊၂၀၂၃ ညောင်ရွှေမြို့နယ် အင်းလေးဒေသတောင်းပိုင်းတွင် တစ်လနီးပါးကြာ မိုးမရွာသဖြင့် စိုက်ပျိုးထားသည့်ပြောင်းပင်များ ညိုးနွမ်းကုန်ပြီး ပြောင်းစိုက်ပျိုး‌ တောင်သူများ အခက်ခဲကြုံ‌ တွေ့နေရကြောင်း ဇူလိုင်လ ၁၉ ရက်နေ့က စုံစမ်းသိရှိရသည်၊၊ အချိန်တော်ကြာ မိုးမရွာသဖြင့် ပြောင်းစိုက်ပြီး အပင်မပေါက်သည့် ပြောင်းစိုက်ခင်းများလည်းရှိ နေကြောင်း၊ နောက်တစ်ကြိမ် ပြန်လည်စိုက်ပျိုးရမည့်အခြေအနေတွင်ရှိကြောင်း ပြောင်းစိုက်ပျိုးသူတစ်ဦးထံမှ သိရသည်၊၊ “ဒီဘက်ကမိုးမရွာတာ တစ်လလောက်တော့ရှိနေပြီ ပြောင်းပင်တွေလည်း…

ဆန်ပြတ်လတ်သည့် စစ်ရှောင်များအတွက် စစ်ရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်မှ ကူညီထောက်ပံ့

ခမ်းသားငေါဝ်း ဇူလိုင်လ ၁၈၊၂၀၂၃ ကရင်နီ(ကယား)ပြည်နယ်၊ ဒီမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းနှင့် ရှမ်းတောင်၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ဆန်ပြတ်လတ်လျက်ရှိသည့် စစ်ရှောင်များကို စစ်ရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက်က သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။ ဒီမော့ဆို နှင့်ဖယ်ခုံ (၂)မြို့နယ်အတွင်း စစ်ရှောင်စခန်း(၄)နေရာအား သွားရောက်ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး စစ်ရှောင်ဦးရေ ၇၀၀ နီးပါးရှိကြောင်း သိရသည်။ ” စစ်ရှောင်စခန်းတိုင်းလိုလိုတော့ လိုအပ်တာပေါ့ နော၊ အဓိကလိုအပ်တာက ဆန်လိုတာ၊ ပြီးတော့မိုးရာသီဆိုတော့ မိုးကာတို့၊ ဖိနပ်တို့၊…

ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ် PPDF(KD)နှင့် PNDF(KK)တို့ တပ်သားသစ်ခေါ်ယူ

ခမ်းသားငေါဝ်း ဇူလိုင် ၁၇၊ ၂၀၂၃ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ- PNFC ၏ဦးဆောင်မှုအောက်ရှိ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ် PPDF(KD)နှင့် PNDF(KK)တို့သည် အမျိုးသားရေးတွဲလက်ညီညီ ပူးပေါင်းဆောင်ရွက်လိုသူများ လက်တွဲပါဝင်နိုင်ကြောင်း ဇူလိုင်(၁၅)ရက်နေ့က ဖိတ်ခေါ်ပြောဆို ထားသည်။ ပအိုဝ်း ပြည်သူ့ကာကွယ်ရေးတပ် (၃)ခု အင်အားကောင်းလာရန် စိတ်ဝင်စားသည့် ပအိုဝ်းလူငယ်များလာရောက်ပူးပေါင်းရန် တပ်သားသစ်ခေါ်ယူခဲ့​ခြင်းဖြစ်ကြောင်းသိရသည်။ ” စစ်အာဏာရှင်တော်လှန်ရေးမှာ စိတ်တူကိုယ်တူ၊ပန်းတိုင်တူတဲ့မည်သူမဆို ပါဝင်နိုင်တယ်၊ နိုင်ငံရေးဆိုင်ရာ ဦးဆောင်မှုလည်းရှိတယ်၊ မဟာမိတ်တွေနဲ့…

ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စီဖက်မှ အင်အားတိုးမြင့်ထား

ခမ်းသားငေါဝ်း ဇူလိုင် ၁၆၊ ၂၀၂၃ ရှမ်း-(ကယား)ကရင်နီနယ်စပ်နှင့် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စီဖက်က အင်အားတိုးမြင့်ထားကြောင်း ဒေသခံထံမှ သိရသည်။ ပင်လောင်း ဘက်လမ်းကြောမှတဆင့် စစ်ကောင်စီ တပ် အင်အားအများအပြားတိုးမြင့်သည်ကို ယခုရက်ပိုင်းပိုမိုတွေ့ရှိကြောင်းသိရသည်။ “စစ်ကောင်စီဖက်က အထိများပုံရတယ် အခုဆို ပင်လောင်းလမ်းကြောင်းဖက်ကနေ နေ့တိုင်းလိုလို ဆင်းလာကြတယ် အင်အားလည်းများတယ် ကားတွေလည်း အများကြီးပါပဲ တစ်ချို့ရက်တွေဆိုရင် သူတို့စစ်ကားလိုဆင်းတာမဟုတ်ပဲနဲ့ ဒေသခံကားအသုံးပြုပြီးတော့ ဖယ်ခုံဖက်ကို…

ရှမ်းတောင်ရှိ သနပ်ဖက်စိုက်တောင်သူများ ယခုနှစ် သနပ်ဈေးကောင်းရ

ခမ်းသားငေါဝ်း ဇူလိုင်လ ၁၄၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်းရှိ သနပ်ဖက် စိုက်ပျိုး‌တောင်သူမျာသည် ယခုနှစ်တွင် သနပ်ဖက်ဈေးကောင်းရနိုင်ချေရှိသည်ဟု ယုံကြည်ထားကြကြောင်း ယနေ့ဇူလိုင်လ(၁၄)ရက်နေ့တွင် စိုက်ပျိုးတောင်သူတစ်ဦးထံမှသိရသည်။ ယခုလက်ရှိ သနပ်ဖက်ဈေးသည် ယခင်နှစ်ထက် ဈေးကောင်းနေပြီး စိုက်ပျိုးတောင်သူများအနေဖြင့်သနပ်ဖက်ဈေးကောင်း ထပ်မံရရှိနိုင်မည်ကို ယုံကြည်ထားပြီး အလုပ်လုပ်ရာတွင် ကြိုးစားရသလောက် ကျေနပ်‌ကြောင်း ပြောဆိုကြသည်။ “ဒီနှစ်သနပ်ဖက်ဈေးရှိတာ ကြားသိရတော့ စိုက်ပျိုးတဲ့တောင်သူ ပိုကြိုးစားပြီး လုပ်ကြတယ်။ သနပ်ဖက်ဈေးနှုန်းက ပွဲစားတွေဆီမှာတော့ တစ်ပိဿာကို…

Move Forward ပါတီမှ Pita လုံလောက်သည့်မဲမရ သဖြင့် ဝန်ကြီးချုပ်ရွေးချယ်မှု မအောင်မြင်ခဲ့

ခမ်းသားငေါဝ်း ဇူလိုင်လ ၁၄၊၂၀၂၃ ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်နေရာအတွက် ထိုင်းလွှတ်တော်က ဇူလိုင်လ ၁၃ ရက်နေ့တွင် မဲခွဲဆုံးဖြတ်ရာ Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat သည် လုံလောက်သည့် မဲအရေအတွက် မရသဖြင့် ရွေးချယ်ခံရခြင်း မရှိကြောင်း သိရသည်။ ပါလီမန်ဥက္ကဋ္ဌ Wan Muhamad Noor Matha သည် ခြောက်နာရီကြာ အချေအတင်ဆွေးနွေးပြီးနောက်…

ဖရူဆိုဒေသရှိ စစ်ရှောင်များ စားနပ်ရိက္ခာနှင့် အခြေခံအသုံးအ‌ဆောင်များအ‌ရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း ဇူလိုင်လ ၁၃၊၂၀၂၃ ကယား(ကရင်နီ)ပြည် ဖရူဆို‌ဒေသရှိ စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာ နှင့် အခြားအခြေခံ အသုံးအဆောင်ပစ္စည်းများ အရေးပေါ်လိုအပ်နေကြောင်း ယနေ့ဇူလိုင်လ(၁၃)ရက်နေ့တွင် သိရသည်။ ထိုဒေသရှိ စစ်ရှောင်များသည် ဝင်ငွေမရှိကြဘဲ စားသောက်ရန် ဆန် ဆီ စားနပ်ရိက္ခာများ နှင့် နေရာထိုင်ခင်းများအခက်အခဲများရှိကြပြီး အချို့ဆန်ရှိသည့်လူကရှိပြီး မရှိသည့်သူများက ဆန်ရှိသူထံ ချေးစားနေကြရကြောင်း သိရသည်။ “ကျွန်မတို့က ဝင်ငွေမရှိတော့လေ ဒီတိုင်းပဲ…

You missed