Author: khamsarngor

ပအိုဝ်းဒေသ ဆက်ကြေးပိုမိုကောက်လာခြင်းကြောင့် ‌ဒေသခံအမျိုးသမီးများအပေါ် ဝန်ပိုပိလာ

ခမ်းသားငေါဝ်း သြဂုတ် ၁၄၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းကျေးရွာများတွင် ဆက်ကြေး ဆက်ကြေးကောက်မှုပိုမိုများလာခြင်းကြောင့် ဒေသခံအမျိုးသမီးများအခက်ခဲကြုံတွေ့နေရကြောင်းသိရသည်။ လက်ရှိတွင် စစ်ကောင်စီလက်အောက်ခံပြည်သူစစ်မှ ဆက်ကြေးကောက်ရာတွင် အနည်းဆုံး ၃၀,၀၀၀ (သုံးသောင်းကျပ်) ၊ ၅၀,၀၀၀ (ငါးသောင်းကျပ်) မှ အများဆုံး ၁ သိန်း ရှိကြောင်းသိရသည်။ စစ်တပ်အာဏာသိမ်းကာလ၌ ပြည်သူလူထုများ အခက်အခဲများစွာ ကြုံတွေ့နေရသည့် အခြေအနေတွင် မတရားဆက်ကြေးကောက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်ကြောင်းနှင့် လူမဆန်သော…

အင်တောမြို့ စစ်ကောင်စီလက်အောက်ခံပျူစောထီးခေါင်းဆောင် ကိုဆန်းညွန့် ပစ်သတ်ခံရ

. ခမ်းသားငေါဝ်း သြဂုတ် ၁၄၊ ၂၀၂၃ ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ၊အင်တောမြို့၊အမှတ် ၆ ရပ်ကွက်ခေါ် (သုန်တန်းရပ်) နေထိုင်သူ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင် ကိုဆန်းညွန့်ကို သြဂုတ်လ ၁၃ ရက်ည ၉ နာရီ အချိန်ခန့်မှာ သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း သိရပါသည်။ ပစ်သတ်ခံရသော ကိုဆန်းညွန့်က အသက်အရွယ် ၅၀ ဝန်းကျင်ရှိပြီး ကျောက္ကူ ၊အင်တောတစ်ဝိုက်တွင်…

စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်သမားအလုပ်ထုတ်ပယ်ခံရမှု ၄၁ ရာခိုင်နူန်းထိမြင့်တက်ခဲ့

ခမ်းသားငေါဝ်း သြဂုတ် ၁၃၊ ၂၀၂၃ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) စစ်တမ်းသစ်တစ်ခုအရ မြန်မာနိုင်ငံအတွင်း စစ်တပ် အာဏာသိမ်းပြီးနောက် အလုပ်ထုတ်ပယ်မှုသည် ၄၁ ရာခိုင်နှုန်းထိ​မြင့်တက်ခဲ့ကြောင်း သြဂုတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် အလုပ်အကိုင်ရပ်စဲမှုသည် ၂၃.၅ရာခိုင်းနှုန်းတိုးလာခဲ့ကြောင်းသိရသည်။ ” မြန်မာနိုင်ငံက အလုပ်သမားတွေမှ တစ်မူထူးခြားစွာ ခက်ခဲတဲ့ အခြေအနေတွေကို အစုံံလိုက်ရင်ဆိုင်နေရပါတယ်၊ဒီစစ်တမ်းက အလုပ် သမားအခွင့်အရေးကို…

အာဏာသိမ်း၂နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်း မီးရှို့ခံရသည့်ပြည်သူနေအိမ် ၇သောင်းကျော် အထိရှိလာ

ခမ်းသားငေါဝ်း ဩဂုတ် ၁၂၊၂၀၂၃ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီး ၂နှစ်ကျော်ကာလအတွင်း အရပ်သားပြည်သူများနေအိမ် ၇ သောင်းခွဲဝန်းကျင်အထိ မီးရှို့ဖျက်စီးခံရသည်ဟု Data For Myanmarက သြဂုတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်၊၊ အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှစ၍ ၂၀၂၃ခုနှစ် ဇူလိုင်၃၁ရက်နေ့အထိ စာရင်းများအရ အရပ်သားပြည်သူနေအိမ် (၇၄,၈၇၄)လုံး မီးရှို့ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်၊၊ ၂…

ယခုနှစ် မျော့ကို တစ်ပိဿာ ရှစ်သောင်းကျပ် ဝယ်ယူလျက်ရှိ

ခမ်းသားငေါဝ်း ဩဂုတ် ၁၁၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မျော့ကို စျေးကောင်းပေးကာဝယ်ယူနေကြောင်း မျော့ရှာဖွေရောင်းချသူထံမှ သိရှိရသည်၊၊ ပွဲစားများက မျော့တစ်ပိဿာလျှင် ငွေ ၈သောင်းကျပ် ဝန်းကျင်အထိ ပေးဝယ်နေကြောင်းသိရသည်၊၊ ယခုကာလတွင် မျော့ရောင်းချရန် စျေးကောင်းရရှိနေသော်လည်း လိုက်လံရှာဖွေရာတွင် မလွယ်ကူတော့ကြောင်း မျော့ရှာဖွေသူတစ်ဦးက ဆိုသည်၊၊ ” ဒီနှစ်လည်း မျော့တွေကိုဝယ်ကြတယ် တပိဿာကို ၈သောင်းကျပ် အထိပေးဝယ်ကြတယ် ဒါပေမဲ့…

၂၀၀၈ ကိုအခြေခံသည့် ရွေးကောက်ပွဲနှင့်လှုပ်ရှားမှု မှန်သမျှ မကူကြရန် ဟု KNU အထွေထွေအတွင်း ရေးမှူး ပြော

ခမ်းသားငေါဝ်း ဩဂုတ် ၁၁၊၂၀၂၃ စစ်ကောင်စီက ပြင်ဆင်နေသည့် ၂၀၀၈ ကို အခြေခံ သောရွေးကောက်ပွဲအား ကရင်အမျိုးသားအစည်း အရုံးအနေဖြင့် လက်မခံကြောင်းနှင့် ပြည်သူများ အနေဖြင့် ရွေးကောက်ပွဲကို အခြေခံသည့် လှုပ်ရှားမှုမှန်သမျှ မကူကြရန် KNU ၏ အထွေထွေအတွင်း ရေးမှူး ပဒိုစောတာဒိုမူးကပြောဆိုခဲ့သည်။ ယမန်နေ့သြဂုတ်(၁၀)ရက်နေ့က ကျင်းပသည့် KNU ၏(၁၇)ကြိမ်မြောက်ကွန်ကရက်အစည်းအဝေးအပြီး ရက်(၁၀၀)ပြည့်အနေဖြင့် ကျင်းပသည့်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။…

နိုင်ငံခြားတင်ပို့မှုအားကောင်းသဖြင့် ဂျင်းစိုက်ပျိုးတောင်သူများ ယခုနှစ် ဂျင်းစျေးကောင်းရရှိ

ခမ်းသားငေါဝ်း ဩဂုတ် ၁၁၊၂၀၂၃ ယခုနှစ်နိုင်ငံခြားသို့ ဂျင်းတင်ပို့မှုအားကောင်းသဖြင့် ရှမ်းပြည်နယ်‌‌တောင်ပိုင်း ပင်လောင်းဒေသရှိ ဂျင်းစိုက်ပျိုးတောင်သူများ ဂျင်းစျေးကောင်းရရှိနေကြောင်း ဩဂုတ်လ ၁၁ရက်နေ့တွင် သိရသည်။ ယခုလက်ရှိ ဈေးကွက်အတွင်း ဂျင်းပေါက်စျေးသည် ဂျင်းဥမအခက်ကြီး ၁ပိသာ (၇၀၀၀) ကျပ်အထိရရှိနေပြီး ဥမအခက်အလတ် ၁ ပိသာ (၃၇၀၀/၃၈၀၀)ကျပ် ပေါက်စျေးရှိကြောင်း ဂျင်းစိုက်ပျိုးတောင်သူတစ်ဦးထံမှ သိရသည်။ ” ၂၀၂၁ ခုနှစ်တုန်းက ဂျင်းစျေး…

နမ့်ခမ်းမြို့နယ်တွင် မိုး‌ရေကြီးသဖြင့် မြေပြိုပြီး နေအိမ်များပျက်စီး၊ ကလေးတစ်ဦးသေဆုံး

ခမ်းသားငေါဝ်း ဩဂုတ် ၁၀၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် တောင်ပေါ်ဒေသကျေးရွာအတော်များများတွင် မိုးရေကြီးမှုကြောင့် မြေပြိုမှုဖြစ်ပွားပြီး မန်ကန်ရွာရှိ အသက်(၁)နှစ်ကျော် ကလေးငယ်တစ်ဦးသေဆုံးကာ (၂)ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးထံမှ သိရသည်။ ဖြစ်စဥ်မှာ ယမန်နေ့သြဂုတ်လ(၉)ရက်နေ့ နမ့်ခမ်းမြို့နယ် တောင်ပေါ်ဒေသရှိ ကျေးရွာများတွင်မိုးသည်းထန်စွာရွာပြီးမြေပြိုမှုကြောင့် လူနေအိမ်များပျက်စီးကာ အသက် ၁ နှစ်ကျော်ကလေးတစ်ဦးလည်း မြေကြီးပိ၍ သေဆုံးခဲ့ရကြောင်းသိရသည်။ “အရင်ရက်ကတည်းက မိုးရွာတယ် မနေ့ကပုံမှန်ရွာတာမဟုတ်ပဲ သည်းသည်းထန်ထန်ရွာချတာ မြေတွေပြိုတယ်။…

မြဝတီကုန်သွယ်ရေးဇုန်တွင် လိုင်စင်ရကုန်များ မည်သည့်နယ်စပ်ဂိတ်မဆိုပြောင်းလဲတင်သွင်းခွင့်ပြု

ခမ်းသားငေါဝ်း ဩဂုတ် ၁၀၊၂၀၂၃ ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီလမ်းပိုင်း အာရှလမ်းမကြီးသည် ပြီးခဲ့သည့်သြဂုတ်လ ၇ ရက်နေ့ တွင် မိုး‌ရေကြီး၍ ပျက်စီးနေသည့်လမ်းကို ပြင်ဆင်မှုပြုလုပ်နေသဖြင့် ခွင့်ပြုချက်လိုင်စင်ရပြီး ပို့ကုန်သွင်းကုန်များအား မည်သည့်ဂိတ်မဆို ပြောင်းလဲတင်သွင်းခွင့်ပြုကြောင်း ကုန်သွယ်ရေးဦးဌာနမှ ထုတ်ပြန်ထားပါသည်။ ကုန်သွယ်မှုလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မဖြစ်စေရန် ကုန်သွယ်ရေးဇုန်မှ မြန်မာ -ထိုင်းနယ်စပ်ရှိမည်သည့်ဂိတ်မဆိုပြောင်းလဲ တင်သွင်းခွင့်ရှိကြောင်း အသိပေးထားသည်။ ကုန်းလမ်းများအပြင် ပင်လယ်ရေကြောင်းမှ တင်ပို့လိုပါက…

တောင်ကြီးမြို့တွင် စစ်ကောင်စီက လူ ၅ ဦးထက်မစုရ နှင့် ညမထွက်ရ အမိန့်ထုတ်ခြင်းကြောင့် ဒေသခံများ အခက်အခဲဖြစ်

ခမ်းသားငေါဝ်း ဩဂုတ် ၁၀၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သြဂုတ်လ (၁)ရက်နေ့မှစပြီး လူ ၅ဦးအထက်မစုရနှင့် ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ကြောင်း သိရှိရပါသည်။ အမိန့်ကို သြဂုတ်လ (၁) ရက်နေ့တွင် ထုတ်ပြန်ပြီး စစ်ကောင်စီ၏ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်ထဲတွင် တာဝန်ယူလိုက်ကပ် ပေးနေကြောင်း သိရှိရပါသည်။ တောင်ကြီးမြို့နယ်အတွင်း လူ ၅ဦးထက်ပိုမစုရနှင့် စုဝေးခြင်း၊ ဟောပြောခြင်း၊…

You missed