Author: khamsarngor

အခြေခံစားသောက်ကုန်များ စျေးနှုန်းမြှင့်တက်လာမှုကြောင့် ဝန်ထမ်းများအခက်ခဲကြုံတွေ့လာရ

ခမ်းသားငေါဝ်း ဩဂုတ် ၂၂၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် အခြေခံစားသောက်ကုန်များ စျေးနှုန်းမြှင့်တက်လာမှုကြောင့် ရုံးဝန်ထမ်းများနှင့် အစိုးရဝန်ထမ်းများ အခက်အခဲကြုံတွေ့လာရကြောင်း စုံစမ်းသိရှိရသည်၊၊ လက်ရှိအချိန်တွင် ရှမ်းဆန် တစ်ပြည်လျှင် ၄၅၀၀/၅၀၀၀ ကျပ် အထိစျေးတက်နေပြီး စားအုန်းဆီတစ်ပိဿာလျှင် တစ်သောင်းကျော်ရှိနေကြောင်း တောင်ကြီးမြို့ဒေသခံတစ်ဦးထံမှ သိရသည်၊၊ တောင်ကြီးမြို့ပေါ် ယခုကာလတွင် အဆောင်ခများလည်း ဈေးနှုန်းတက်နေပြီး တစ်ဦးလျှင် ကျပ်ငွေ ၅ သောင်းကျော် နှင့်…

မိုးအဆက်မပြတ်ရွာသွန်းပြီးရေကြီးမှုကြောင့်ဒီမော့ဆိုအနောက်ဘက်ခြမ်းတွင်သွားလာရန်ခက်ခဲ

ခမ်းသားငေါဝ်း ဩဂုတ် ၂၂၊၂၀၂၃ ကရင်နီ(ကယား)ပြည်နယ် ဒီမော့ဆိုအနောက်ဘက်ခြမ်းတွင် ၄ ရက်ဆက်တိုက်မိုးရွာသွန်မှုကြောင့်ရေကြီးရေလျှံ ပြီး ကားလမ်းမပိတ်ဆို့ကာဒေသခံများ သွားလာရေးခက်ခဲနေကြောင်းသိရသည်။ လမ်းမကြီးပေါ် ရေကြီးရေလျှံမှု ကြောင့်တစ်ခြားကျေးရွာသို့ နေ့ချင်းပြန် အလုပ်လုပ်‌ နေတဲ့ပြည်သူများအတွက်အခက်ခဲများစွာကြုံတွေ့‌နေရကြောင့်သိရသည်။ “ဒီမနက်တစ်ခြားရွာကိုအလုပ်သွားမလို့ ဆီးဘူးရွာဘက်ရောက်တော့လမ်းကဖြတ်လို့မရဘူး။ရေတွေကလမ်းမပေါ်မှာပြည့်နေလို့ပြန်လှည့်လာခဲ့ရတယ်။ဒီအတိုင်းဆိုရေကတစ်ရက်နှစ်ရက်နဲ့ကျမဲ့ပုံမမြင်ဘူး။အလုပ်ကဆက်တိုက်ပျက်ရတော့မယ်”ဟု ဒီးမော့ဆို အနောက်ဘက်ခြမ်းဒေသခံတစ်ဦးကပြောသည်။ ရေနုတ်မြောင်းများပေးထားခြင်းမရှိသည့်အတွက်မိုးအဆက်မပြတ်ရွာသွန်းချိန်တွင်ရေးများထွက် ပေါက်မရှိဘဲကားလမ်းမကြီးပေါ်လျှံတက်ပိတ်ဆို့ခြင်း ဖြစ်ကြောင်းသိရသည်။ ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်ကရင်နီ(ကယား)ပြည်နယ်တွင်စိုက်ပျိုးရေးခြံခင်းများလည်းပျက်စီးပြီး၊ လမ်းများပိတ်ဆို့မှုဖြစ်ပေါ်နေကြောင်းသိရသည်။ #ppv012

ဓားပြတိုက်၊မုဒိန်းကျင့်ခံရသည့်ရွာငံက အမျိုးသမီးကျူးလွန်သူ တရားခံမမိသေး

ခမ်းသားငေါဝ်း သြဂုတ် ၂၁၊ ၂၀၂၃ ရှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်တောင်ဘက် ရွာငံသွားလမ်းဘေး ကျေးရွာတစ်ရွာတွင် ဓားပြတိုက်၊မုဒိန်းကျင့်ခံခဲ့ရသည့် အမျိုးသမီးတစ်ဦးအတွက် တရားခံဖမ်းမိခြင်းမရှိ သေးကြောင်း သြဂုတ်လ ၂၁ ရက်နေ့က စုံစမ်းသိရှိရပါသည်။ စားကျက်ကွင်းတွင်ကျွဲသွားယူပြီး အပြန်လာလမ်း၌ ဓားပြတိုက်၊ မုဒိန်းကျင့်ခံရသည့် အသက် ၃၀ အရွယ်အပျိုကြီးအမျိုးသမီးအတွက် တစ်လနီးပါးအချိန်ထိ တရားခံရှာမတွေ့ရသေးကြောင်းပြောပါသည်။ ” နစ်နာခံရတဲ့ အမျိုးသမီးရဲ့မောင်နှမတွေက ကျေးရွာဉက္ကဌတွေနဲ့ တိုင်ပင်ပြီးတော့…

ခွင့်ပြုချက်/လိုင်စင်မရှိဘဲ နိုင်ငံခြားဝင်ငွေကိုင်ဆောင်ထားသူများအား အရေးယူသွားမည်ဟု စစ်ကောင်စီဗဟိုဘဏ်အသိပေး

ခမ်းသားငေါဝ်း သြဂုတ် ၂၁၊ ၂၀၂၃ မြန်မာနိုင်ငံသားများအနေဖြင့် ခွင့်ပြုချက်/လိုင် စင်မရှိဘဲ နိုင်ငံခြားငွေများလက်ဝယ်ထားရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီဗဟိုဘဏ်ကဩဂုတ်လ၂၁ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ နိုင်ငံခြားသုံးငွေကို လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ လက်ဝယ်တွေ့ရှိမည်ဆိုပါက ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်ငွေနှစ်ရပ်လုံးကျခံပြီး သက်သေခံပစ္စည်းများကိုလည်း သိမ်းယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ နိုင်ငံတွင်းနေထိုင်သူများအနေဖြင့် တရားဝင်ရှိထားသည့် အမေရိကန်ဒေါ်လာ ၁၀,၀၀၀(သို့)၎င်းပမာဏနှင့်ညီမျှသည့် နိုင်ငံခြားဝင်ငွေများကို ၆ လအထိသာလက်ဝယ်ထားရှိခွင့်ရမည်ဖြစ်ပြီး…

PNA ​ပြည်သူ့စစ်တပ်ဖွဲ့က ပြည်သူကို မူးယစ်းဆေးဝါး သုံးစွဲသည်ဟု စွပ်စွဲ ရိုက်နှက်ပြီး တစ်ဦးကို သိန်း(၂၀) တောင်းရမ်းနေ

………………… ခမ်းသားငေါဝ်း သြဂုတ် ၂၁၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် မိုင်းပျဉ်းဒေသ နမ်းပါချီကျေးရွာအုပ်စု လွယ်ခေါ်ရွာအခြေ စိုက် PNAပြည်သူ့စစ် တပ်ခွဲ (၉) ဗိုလ်လေးအောင်အဖွဲ့က ဩဂုတ်လ ၉ ရက်နေ့တွင် မောက်မွန်အုပ်စု နှင့် နောင်ဒေးအုပ်စုမှ ဒေသခံများကို မူးယစ်းဆေးဝါးသုံးစွဲသည်ဟု စွပ်စွဲ ဖမ်းဆီး ရိုက်နှက်ပြီး သိန်း(၂၀) ဖြင့် ပြန်လည်ရွေးခိုင်းသည်ဟု ဒေသခံများထံ…

ငွေတောင်ရွာသစ် နှင့် ထီးသော်ကူးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ် တပ်ရင်းမှူးအပါအဝင် (၇၀) ကျော် ထိခိုက်သေဆုံး

ခမ်းသားငေါဝ်း ဩဂုတ် ၁၉၊၂၀၂၃ ဒီမော့ဆိုမြို့မှ ဖရူဆိုမြို့နယ်ဖက်သို့ ဩဂုတ်လ ၂ ရက်နေ့ကစ၍ စစ်ကြောင်းထိုးစစ်ဆင်လာသည့် စစ်ကောင်စီ၏ တပ်မ (၅၅) လက်အောက်ခံတပ် များနှင့် ကရင်နီပြည်တော်လှန်ရေးပူးပေါင်းတပ်များအကြား ဩဂုတ်လ ၁၄ ရက်နေ့အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီ၏ တပ်မ (၅၅) လက်အောက်ခံတပ်…

ဆီဆိုင်မြို့နယ် လွယ်မန်းကျေးရွာရှိ လွယ်မန်း ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွား

ခမ်းသားငေါဝ်း ဩဂုတ် ၁၉၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် လွယ်မန်းကျေးရွာ ဘုန်ကြီးကျောင်းကို ဩဂုတ်လ ၁၈ ရက်နေ့တွင် မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။ ဩဂုတ်လ ၁၈ ရက် ညနေပိုင်း ၃ နာရီအချိန်တွင် မီးလောင်ခဲ့ပြီး တစ်ကျောင်းလုံး မီးလောင်ပြာကျသွားကာ လူထိခိုက်ခြင်း မရှိခဲ့ကြောင့် သိရသည်။ “မီး လောင်ရတဲ့ အကြောင်းရင်းက သေချာမသိရဘူး ဝါယာကြိုးရှော့ကနေ…

ပင်လောင်းဒေသ ဝါးပြုံးရွာရောက်စစ်ရှောင်များအတွက် ဆေးဝါးများနှင့် စားနပ်ရိက္ခာများ အကူညီလိုအပ်

ခမ်းသားငေါဝ်း ဩဂုတ် ၁၈၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် တောင်ပိုင်းရှိ ဝါးပြုံးရွာရောက်စစ်ရှောင်များအတွက် ဆေးဝါးများနှင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း ဩဂုတ်လ ၁၈ ရက်နေ့တွင် သိရသည်။ ယင်းစစ်ရှောင်စခန်းတွင် လှုဦးရေ ၁၀၀ ဝန်းကျင်ရှိပြီး သက်ကြီးရွယ်အိုအများစုပါဝင်ကာ ရာသီတုပ်ကွေး‌ရောဂါ ဖြစ်ပွားမှုများလည်း ရိနေကြောင်းသိရသည်။ “နောင်တရားမှာ ကော်မတီဖွဲ့တဲ့အချိန် ဝါးပြုံးက မပါဘူး နာမည်မပေါက်တော့ စားနပ်ရိက္ခာပိုင်းလည်းအခက်ခဲရှိတယ်။ သူတို့စာရင်းမပါတော့ ရိက္ခာတွေပစ္စည်းတွေ…

ကွတ်ခိုင်တွင် စစ်ကောင်စီတပ် နှင့် TNLA တပ်တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်အကြား စစ်ရေးတင်းမာ

ခမ်းသားငေါဝ်း ဩဂုတ် ၁၈၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိိုင်မြို့နယ်၊မိုင်းယုကျေးရွာအနီးတွင် ဩဂုတ်လ ၁၇ ရက်နေ့။ နေ့လည် (၁:၂၀)မှ (၂:၃၀)အထိ စစ်ကောင်စီတပ် နှင့်TNLA တို့အကြားတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မိုင်းယုကျေးရွာဖက်သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီလက်အောက်ခံ ရမခ ၊ ခလရ(၄၅)နှင့် TNLA တပ်မဟာ(၁)၊တပ်ရင်း(၈၇၆)တို့ နှစ်ဖက် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLAသတင်း နှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။…

ထီးသော်ကူးကျေးရွာရှိ ဘုရားကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၍ အဆောက်အဦးများပျက်စီး

ခမ်းသားငေါဝ်း ဩဂုတ် ၁၈၊၂၀၂၃ ကယား(ကရင်နီ)ပြည်၊ ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာရှိ ဘုရားကျောင်းအား စစ်ကောင်စီကဩဂုတ်လ ၁၂ ရက်နေ့ ည(၈)နာရီအချိန်တွင် တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KNDF သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။ ထီးသော်ကူးကျေးရွာအနီး စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ် နှင့် ကရင်နီပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအပြီး တိုက် ပွဲငြိမ်သက်ချိန်တွင် စစ်ကောင်စီတပ်က တိုက်ပွဲ နှင့် သက်ဆိုင်ခြင်းမရှိသည့် “သနားခြင်းမယ် တော်”ဘုရားကျောင်းအား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း…

You missed