Author: khamsarngor

ပအိုဝ်းလူမျိုးများအတွက် စံပြပုဂ္ဂိုလ်တင်စားထိုက်သည့် ဖြားခွန်မောင်တုတ်ကွယ်လွန်

ခမ်းသားငေါဝ်း ဩဂုတ် ၂၄၊၂၀၂၃ ပအိုဝ်းလူမျိုး နှင့် ပအိုဝ်းလူငယ်များအတွက် စံပြပုဂ္ဂိုလ်အဖြစ် တင်စားထိုက်သည့် ပအိုဝ်းသမိုင်းသုတေသနပြုစုရေးသားသူ ဖြားခွန်မောင်တုတ် သည် ၂၀၂၃ ခုနှစ် သြဂုတ်လ၂၃ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန်တွင် ကွယ်လွန်သွားခဲ့ကြောင်းသိရသည်။ အသက်(၈၀)ကျော် ဖြားခွန်မောင်တုတ်သည်ကျောက်တလုံးကြီးမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ ထီရီးယံတန်ရွာတွင် မွေးဖွားခဲ့ပြီး ယခုအခါ တောင်ကြီးမြို့၊ ကုန်သည်လမ်း၊ ဈေးပိုင်းရပ်တွင်…

မျှားကလေးကျေးရွာနေထိုင်သူအမျိုးသား ၂ ဦးနေအိမ်အတွင်းအသတ်ခံရ၍ သေဆုံး

#ခမ်းသားငေါဝ်း ဩဂုတ် ၂၄၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ၊ရွာငံမြို့နယ် #မျှားကလေးကျေးရွာ တွင် နေထိုင်သူ #အမျိုးသား ၂ ဦးအား နေအိမ်အတွင်း သြဂုတ်လ ၂၃ ရက်ညအချိန်တွင် #အသတ်ခံရ ၍ သေဆုံးနေကြောင်း စုံစမ်းသိရှိရပါသည်။ အသတ်ခံရသည့်ရွာသား ၂ဦးသည် ဦးလှမင်း နှင့် ဦးလှမင်း၏သားမက်တို့ဖြစ်ပြီး #ဦးလှမင်း ၏သမီးအငယ်ဆုံးကလည်း ယခုအချိန်ထိ ပျောက်ဆုံးနေကြောင်း #ဒေသခံများ ပြောပြချက်အရ…

ဖရူဆိုအရှေ့ဘက်ခြမ်းကျေးရွာတစ်ရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး(၃)ဦး ထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း ဩဂုတ် ၂၄၊၂၀၂၃ ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့နယ် ဖရူဆိုအရှေ့ဘက်ခြမ်း ကျေးရွာတစ်ရွာကို စစ်ကောင်စီက လေကြောင်းဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေး(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNDFမှ ယနေ့သြဂုတ်၂၄တွင် ထုတ်ပြန်ထားသည်၊၊ စစ်ကောင်စီ၏ အမှတ် (၁၄)တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့ (၂၃)ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည် ဟုဖော်ပြထားသည်၊၊ “စစ်ကောင်စီက ကျေးရွာကို ဗုံးကြဲတိုက်ခိုက်‌တော့ကျေးရွာထဲရှိ နေအိမ်တစ်လုံး ထိခိုက်ပျက်ဆီးခဲ့တယ်၊၊ ကလေးငယ်…

စစ်တပ်အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူ သေဆုံးမှု ၄၀၀၀ အထိမြင့်တက်

ခမ်းသားငေါဝ်း ဩဂုတ် ၂၄၊၂၀၂၃ စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ခွဲကျော်လာချိန်တွင် နိုင်ငံတစ်ဝန်းရှိ အပြစ်မဲ့အရပ်သားပြည်သူ သေဆုံးမှု (၄၀၀၀)ဦးအထိရှိလာကြောင်းနိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောင့်ရေးအသင်းAAPP ထုတ်ပြန်ချက် အရသိရသည်။ ၂၀၂၃ ခုနှစ်သြဂုတ် ၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်းရှိ အပြစ်မဲ့အရပ်သားပြည်သူ(၂၄,၄၁၀)ဦး ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေ (၄၅၁၅)ဦးသာရှိသေးကြောင်း ဖော်ပြထားသည်။ အဆိုပါ ဖမ်းဆီးခံရသူ(၂၄,၄၁၀) ဦးရှိသည့်အနက် (၇,၁၇၅)ဦးသည် လက်ရှိပြစ်ဒဏ်ချမှတ်ခံထားရပြီး ကျန်သည့်(၁၉,၈၉၅) ဦးသည် ထိန်းသိမ်းခံနေရခြင်းဖြစ်ကြောင်း…

ရှမ်းပြည်နယ် တာချီလိတ်မြို့နှင့် နမ့်စန်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ၊ စိတ်ပြောင်းဆေးဝါး (Happy Water)များ ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း ဩဂုတ် ၂၄၊၂၀၂၃ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ရှမ်းပြည် နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ၊ စိတ်ပြောင်းဆေးဝါး (Happy Water)များ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်အတွင်း ဩဂုတ်လ(၂၃)ရက်နေ့ ညနေ(၄)နာရီ အချိန်တွင် အားဘိုမောင်းနှင်လာသည့် မော်‌တော်ဆိုင်ကယ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်အတွင်း၌ ဒေသကာလပေါက်ဈေးသိန်း (၇၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၀၀၀၀)ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးသိမ်းဆည်းရမိကြောင်းသိရသည်။…

ကရင်နီပြည် မော်ချီဒေသတွင် ဆန်တစ်အိတ် ၄ သိန်းကျပ်၊ ကြက်ဥတစ်လုံး တစ်ထောင်ကျပ် ဖြင့်ပေးဝယ်နေရ ဟုဆို

ခမ်းသားငေါဝ်း ဩဂုတ် ၂၃၊၂၀၂၃ ကယား(ကရင်နီ)ပြည် နေရာအနှံ့အပြားတွင် တိုက်ပွဲပြင်းထန်မှုနှင့် ပြည်တွင်းကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ဒေသခံများသည် စားသုံးကုန်များကို မြင့်မားသည့်‌ဈေးနှုန်းဖြင့် ပေးဝယ်နေရကြောင်း သိရသည်။ တဖက်တွင်လည်း စစ်ဘေးရှောင်များ၏ စားနပ်ရိက္ခာ ပို့လမ်းကြောင်းများကို စစ်ကောင်စီက ပိတ်ဆို့ထားခြင်း၊ စစ်ဆေးတင်းကြပ်ခြင်းများကြောင့် ယခုကဲ့သို့ဖြစ်ရကြောင်း ဒေသခံများထံမှ သိရသည်။ ယခုအခါ ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီဒေသတွင် ပေါ်ဆန်းမွေး ဆန်တစ်အိတ်ကို ၄သိန်းကျပ်၊ ကြက်ဥတစ်လုံး…

ရွာငံတွင် ဗေဒင်ဆရာတစ်ဦးကို စစ်ကောင်စီတပ်သားများက လာရောက်ဖမ်းဆီးခေါ်ဆောင်သွား

ခမ်းသားငေါဝ်း ဩဂုတ် ၂၃၊၂၀၂၃ ရှမ်းပြည်နယ်တောင်းပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာတွင် နေထိုင်သည့် ဗေဒင်ဆရာလူငယ်တစ်ဦးကို စစ်ကောင်စီတပ်သားများက သြဂုတ်လ ၂၂ ရက်နေ့တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရပါသည်။ ဗေဒင်ဆရာလူငယ်မှာ အသက် ၂၀ အရွယ်ဝန်းကျင်ရှိပြီး ဗေဒင်၊ဆေးမှင်ကြောင်၊သုပ်ထိုးအတတ်ပညာ များနဲ့ အသက်မွေးဝမ်း‌ကျောင်းပြုနေသူဖြစ်တယ်ဟု ဒေသခံများထံမှ သိရှိရပါသည်။ ” သူကတော့ နိုင်ငံရေးတွေ ဘာတွေနဲ့တော့ အရှုပ်အရှင်းကင်းတယ်။သူ့အိမ်မှာပဲ ဗေဒင်၊ယတြာလာမေးသူနဲ့ပဲ အလုပ်ရှုပ်နေတဲ့သူ…

တောင်ကြီးမြို့ ကန်ကြီးရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း ဩဂုတ် ၂၃၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်တွင် ဩဂုတ်လ(၂၂)ရက်နေ့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ဩဂုတ်လ(၂၂)ရက်နေ့ ညနေ(၄)နာရီ ၅၀ မိနစ်အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တောင်ကြီး-ဆိုက်ခေါင်သွားလမ်းတွင် တင်ထွန်း(ခ)ငတုတ် မောင်းနှင်ပြီး ခွန်ပန်းအောင် (ခ)တမောင်း လိုက်ပါလာသည့်မော်‌တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဒေသကာလပေါက်ဈေး (၁၀)သိန်းကျပ် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြားနှင့်…

တိုင်းနှင့်ပြည်နယ်အသီးသီးရှိ PDF တပ်ရင်းများထံ NUG အစိုးရက Drone အစင်း (၄၀၀)ကျော်ပေးပို့

ခမ်းသားငေါဝ်း ဩဂုတ် ၂၃၊၂၀၂၃ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ပြည်သူ့ကာကွယ်ရေး (PDF)တပ်ရင်းများထံ Drone အစင်း(၄၀၀)ကျော် ပို့ဆောင်ထားကြောင်း ဩဂုတ်လ(၂၃)ရက်နေ့ NUGအစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပို့ဆောင်ထားသည့် Droneများကို ရှေ့တန်းစစ်မြေပြင်များတွင် ထောက်လှမ်းရေး၊ တိုက်ခိုက်ရေးနှင့် ဝါဒဖြန့်ချီရေးတာဝန်များ ရဲရဲဝံ့ဝံ့ တာဝန်ထမ်းဆောင်နိုင်ကြရန်အတွက် ပို့ဆောင်ထားခြင်းဖြစ်ကြောင်း သိရသည်။ ထို Drone များသည်…

ဆီဆိုင်လဝကရုံးတွင် နိုင်ငံသားမှတ်ပုံတင်ပြုလုပ်သည့် ပြညသူလူထုများထံ အခကြေးငွေ အလွန် အကျွံ တောင်းရမ်းမှုရှိနေ ဟုဆို

ခမ်းသားငေါဝ်း ဩဂုတ် ၂၂၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဒေသခံများနိုင်ငံသားမှတ်ပုံတင်ပြုလုပ်ရာတွင် စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး(လဝက)ရုံးဝန်ထမ်းများက ဖိနှိပ်ခွဲခြားဆက်ဆံခြင်း နှင့် လာဘ် စားခြင်းများ ရှိနေကြောင်း ခမ်းသားငေါဝ်းမှ စုံစမ်းသိရှိရပါသည်။ ယမန်နေ့ သြဂုတ်လ ၂၁ ရက်နေ့တွင် ဆီဆိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးသို့ နိုင်သားမှတ်ပုံတင်ကပ် သွားရောက်ပြုလုပ်ခဲ့သည့် ဒေသခံများအား လဝကရုံးဝန်ထမ်းများက ကြမ်းတမ်းသည့်ဆဲဆိုခြင်း ခွဲခြားခြင်းများ ပြုလုပ်ခဲ့သည်ဟု ‌ဆီဆိုင်ဒေသခံတစ်ဦးထံမှ သိရသည်။…

You missed