Author: khamsarngor

လာအိုနိုင်ငံတွင် သွေးလွန်တုပ်ကွေးဖြစ်သူ စံချိန်တင်မြင့်တက်ပြီး သေဆုံးသူရှိလာ

ခမ်းသားငေါဝ်း ဇူလိုင်လ ၁၁၊၂၀၂၃ လာအိုနိုင်၂၀၂၃ ခုနှစ် ပထမ ၆ လအတွင်းတွင် သွေးလွန်တုပ်ကွေးဖြစ်သူ ၇၁၉၇ ဦးအထိ စံချိန်တင်မြင့်တက်ခဲ့ပြီး သေဆုံးသူ၂ ဦးရှိကြောင့် ကျန်မာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အူဒန်စေ့ပြည်နယ်တွင် ဖြစ်ပွားသူအများဆုံးဖြစ်ပြီးခမ်းမွန်ခရိုင် နှင့် ဗီယင်းကျန်မြို့နယ်များတွင်လည်း ဖြစ်ပွားမှုများရှိနေကြောင့် သိရသည်။ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုများပြားပြီးနောက် ဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်ရန် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုနှင့် ခြင်ကိုက်ခံရခြင်းမှ ကာကွယ်ရန်နည်းလမ်းများကို…

ညောင်ရွှေမြို့နယ် အင်းစံကားဒေသရှိ ကျေးရွာများကို PNAပြည်သူ့စစ်အဖွဲ့မှ တပ်သားစုဆောင်းမှုများပြုလုပ်နေ ဟုဆို

ခမ်းသားငေါဝ်း ဇူလိုင်လ ၁၁၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းစံကားဒေသရှိ အနောက်ဖက်တစ်ကျောကျေးရွာများတွင် PNA ပြည်သူ့စစ်အဖွဲ့မှ ဒေသခံရွားသားများကို တပ်သားစုဆောင်းမှုများပြုလုပ်နေကြောင်း ဇူလိူင်လ ၁၁ ရက်နေ့တွင်သိရသည်။ PNA ပြည်သူ့စစ်သည် အင်းစံကားဒေသရှိ ကျေးရွာမျာကို ကျေးရွာတစ်ရွာလျှင် လူ(၅) ဦး ပေးရမည်ဟုဆိုပြီး မပေးနိုင်ပါက ငွေ (၃၀၀၀၀)ကျပ်ပေးဆောင်ရမည်ဖြစ်ကြောင်း ဒေသခံတစ်ဦးပြောပြချက်အရသိရသည်။ ” ရပ်ရွာလုံခြုံရေးအကြောင်းပြပြီး တစ်ရွာဘယ်နှစ်ယောက်ပေးရမယ်၊ မပေးနိုင်ရင်…

အာဏာသိမ်းပြီး ရက်ပေါင်း(၈၉၀)အတွင်း အရပ်သားပြည်သူသေဆုံးမှု ၃၇၇၀ ဦးအထိရှိလာ

ခမ်းသားငေါဝ်း ဇူလိုင်လ ၁၁၊၂၀၂၃ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ဇူလိုင် ၁၀ ရက်နေ့အထိ စစ်ကောင်စီသတ်ဖြတ်မှုကြောင့် သေဆုံးသည့်အရပ်သားပြည်သူ (၃၇၇၀) ဦးအထိရှိလာကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ထုတ်ပြန်ချက်အရ သိရသည်။ AAPP ထုတ်ပြန်ချက်အရအာဏာသိမ်းပြီး(၂)နှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏မတရားဖမ်းဆီးခံရသူ(၂၃၇၈၄) ဦးအထိရှိပြီး ထောင်ဒဏ်ချမှတ်ခံရသူ(၆၇၀၅)ဦး ရှိကြောင်း သိရသည်။ အကျဥ်းထောင်အတွင်း…

သိမ်းဆည်းခံရသည့်မြေယာများကို အခွန်ပေးဆောင်မှသာ စိုက်ပျိုးခွင့်ရမည့်ဖြစ်၍ ဆီဆိုင်တောင်သူများ အခက်ခဲကြုံတွေ့နေရ

ခမ်းသားငေါဝ်း ဇူလိုင်လ ၁၁၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်တောင်သူများသည် မူလ၎င်းတို့၏မြေယာကို သိမ်းဆည်းသည့်စစ်တပ်က ယခုနှစ်တွင် များပြားသည့်အခကြေးငွေ အခွန်ပေးဆောင်ခိုင်းသဖြင့် တောင်သူများ အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။ ဆီဆိုင်မြို့ရှိ စစ်တပ်က သိမ်းယူထားသည့်မြေယာများထဲတွင် မူလမြေပိုင်ရှင်များ၊ စိုက်ပျိုးရေးလုပ်တောင်သူများ ယခုနှစ်တွင် ပြောင်းမျိုးတစ်ထုပ်စိုက်ပျိုးလျှင် စစ်တပ်ကို ငွေတစ်သိန်းကျပ် အခွန်ပေးဆောင်မှသာ စိုက်ပျိုးခွင့်ရမည်ဖြစ်၍ မြေသိမ်းခံရသည့်တောင်သူများ စားဝတ်နေရေးအတွက် အခက်ခဲကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။…

လွိုင်ကော်မြို့တွင် ကလေးငယ်များသွေးလွန် တုပ်ကွေးဖြစ်ပွားမှုနှုန်း မြင့်တက်၊ သေဆုံးသူများလည်းရှိနေ

ခမ်းသားငေါဝ်း ဇူလိုင် ၁၀၊၂၀၂၃ ကယား(ကရင်နီပြည်) လွိုင်ကော်မြို့တွင်ကလေးငယ်များသွေးလွန်တုပ်ကွေးအဖြစ်များနေပြီး သေဆုံးသူများလည်းရှိကြောင်း ဇူလိုင် ၁၀ ရက်နေ့က ကျေးလက်ဆရာဝန်တစ်ဦးထံမှ သိရသည်။ ” ၁၅နှစ်အောက်ကလေးမှာ အဖြစ်များတာတွေ့ရတယ်၊လူကြီးတွေလည်းဖြစ်တယ်၊ရောဂါပိုးရှိတဲ့လူကိုကိုက်ထားတဲ့ ခြင်ကအခြားသူကိုအကိုက်ခံရတဲ့အခါ အဲလူပါကူးတယ်၊ သေဆုံးတဲ့ကလေးငယ်တွေလည်းရှိတယ်ပုံမှန်အားဖြင့်အဆင့် ၁/၂/၃ ခွဲထားတယ်၊ပြင်းထန်တဲ့လက္ခဏာပြလာရင်တော့ အမြန်ကုသသင့်တယ်” လို့ကျေးလက်ဆရာဝန်တစ်ဦးက ပြောသည်။ သွေးလွန်တုပ်ကွေးသည် အေးဒီးစ်ခေါ် (ခြင်ကျား) ကိုက်ရာမှတစ်ဆင့်ကူးစက်တတ်သောရောဂါတစ်မျိုးဖြစ်ပြီး ပြင်းထန်ပါက အသက်ပါသေဆုံးနိုင်ကြောင်း သိရသည်။ ကျေးလက်ကျန်းမာရေးဆရာမတစ်ဦးကလည်း”…

ပအိုဝ်းပြည်သူများ ဥပဒေပိုင်းဆိုင်ရာ အကူအညီရရှိနိုင်ရန် ပအိုဝ်းဥပဒေကူညီမှုအသင်း ဖွဲ့စည်း

ခမ်းသားငေါဝ်း ဇူလိုင် ၁၀၊ ၂၀၂၃ ပအိုဝ်းပြည်သူများ ဥပဒေ ပိုင်းဆိုင်ရာအကူအညီ ရရှိနိုင်ရန် ဇူလိုင် ၉ ရက်နေ့ တောင်ကြီးမြို့ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို) ရုံးတွင် ပအိုဝ်းဥပဒေကူညီမှု အသင်းဖွဲ့စည်းလိုက်ကြောင်း သိရသည်။ အဓိက ပအိုဝ်းပြည်သူ လူထုများသည် မြန်မာနိုင်ငံမှ အတည်ပြု ပြဌာန်းထားသည့် ဥပဒေဆိုင်ရာ အသိပညာများနားလည်စေရန်၊ ပြဿနာများတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ညှိနှိုင်း ကူညီဖြေရှင်းပေးနိုင်ရန်နှင့် ဥပဒေနှင့်…

ပင်‌‌‌လောင်းတွင် တစ်‌နေ့ထက်တစ်နေ့ ခိုးဆိုးလုနှိုက်မှုပိုမိုများပြားလာ

ခမ်းသားငေါဝ်း ဇူလိုင်လ ၉၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်‌လောင်း မြို့နယ်အတွင်းတွင် တစ်နေ့ထက်တစ်နေ့ ခိုးဆိုးလုနှိုက်မှု ပိုမိုများပြားလာကြောင်း ဒေသခံထံမှ သိရသည်။ ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ညဘက်အချိန် ရပ်ကွက်တွင်းလူနေအိမ်များ၊ စိုက်ပျိုးရေးရှိ သီးနှံများကို ခိုးယူမှုများရှိနေ ကြောင်း သိရသည်။ “အခုတလောက ဂျင်း‌တွေ၊ တူးပြီးသားအာလူးတွေ မကြာခဏ အခိုးခံရတယ် စိုက်ပျိုးရေးသုံးကိရိယာတွေ၊ ခိုးဆိုးလုနှိုက်မှူတွေ လည်း မကြာခဏ…

တိုက်ပွဲပြင်းထန်ခဲ့သည့်ကုန်းသာရွာတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပြီးစီး​

………………. ခမ်းသားငေါဝ်း ဇူလိုင် ၉၊ ၂၀၂၃ ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ကုန်းသာရွာတွင် စစ်ကောင်စီတပ်နှင့် TNLAတပ်တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာပြီးစီးပြီဖြစ်ကြောင်း ဇွန်လ ၉ ရက်နေ့တွင် သိရသည်။ ပြည်လည်တည်ဆောက်ပေးရာတွင် လုံးဝပျက်စီးမီးလောင်သွားသည့်နေအိမ်များ ၊ နည်းနည်းပြုပြင်၍ရသည့် အနေထားနှင့် နေထိုင်ရန်လုံးဝကြံ့ခိုင်မှု မရှိ သည့်နေအိမ်များကို ဖျက်ဆီးပြီးပြန်ဆောက်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။ ” အခုကကျေးရွာသူ/သားတွေ ပြန်ပြီးနေထိုင်လို့ရတဲ့အနေထားရှိသွားပြီ၊…

တောင်ရိုးစာ ယူနီကုဒ်ဖြစ်မြောက်ရေး သံဃာ တော်နှင့်လူငယ်များကြိုးပမ်း

ခမ်းသားငေါဝ် ဇူလိုင်လ ၈၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်းတွင် အများစုနေထိုင်သော တောင်ရိုးလူမျိုးများသည် တောင်ရိုးစာယူနီကုဒ် ကီးဘုတ်အသုံးပြုနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ကီးဘုတ်ဖြစ် မြောက်ရေး အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။ ကီးဘုတ်ဖြစ်မြောက်ရေး ကြိုးပမ်းရခြင်းမှာ တောင်ရိုးတစ်မျိုးသားလုံး မိမိဘာသာစကားကို တွင်ကျယ်စွာအသုံးပြုလာရန်နှင့် တောင်ရိုးစာပေပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ လုပ်ဆောင်ရခြင်းဖြစ်ကြောင်းသိရသည်။ ” အခုမှ စလုပ်တာပေါ့နော်၊ ခုခေတ်က ဖုန်းလည်းကိုယ်စီသုံးနေကြပြီ၊ အဲတော့မိမိဘာသာစကားကို ဖုန်းထဲထည့်ပြီး အသုံးပြုလာကြဖို့ရည်ရွယ်ထားတယ်၊…

နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် ပြုလုပ်ခအတွက် တစ်လထက်တစ်လ ငွေကြေးတောင်းရမ်းပိုများလာ

ခမ်းသားငေါဝ်း ဇူလိုင်လ ၇၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၌ နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် နိုင်ငံကူးလက်မှတ် – ပတ်စပို့ ပြုလုပ်သူများက ပွဲစားများထံမှတစ်ဆင့် ပြုလုပ်နေရပြီး ပြုလုပ်ခသည် တလထက်တလ ပိုဈေးကြီးလာနေကြောင်း ပြုလုပ်သူတစ်ဦးထံမှ သိရှိရပါသည်။ “ ကျွန်မလုပ်တုန်းက ၃ သိန်းခွဲကုန်တယ် သိပ်မကြာဘူး ၁၀ ရက်လောက်နေတော့ ၄ သိန်းခွဲဖြစ်သွားတယ်။ ပွဲစားနဲ့မလုပ်ခင်က ကိုယ်တိုင်ဘဲလုပ်ဖို့သွားခဲ့သေးတယ်။ အဲမှာ အစောင့်လား…