Author: khamsarngor

ရှမ်းတောင်ရှိ သနပ်ဖက်စိုက်တောင်သူများ ယခုနှစ် သနပ်ဈေးကောင်းရ

ခမ်းသားငေါဝ်း ဇူလိုင်လ ၁၄၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်းရှိ သနပ်ဖက် စိုက်ပျိုး‌တောင်သူမျာသည် ယခုနှစ်တွင် သနပ်ဖက်ဈေးကောင်းရနိုင်ချေရှိသည်ဟု ယုံကြည်ထားကြကြောင်း ယနေ့ဇူလိုင်လ(၁၄)ရက်နေ့တွင် စိုက်ပျိုးတောင်သူတစ်ဦးထံမှသိရသည်။ ယခုလက်ရှိ သနပ်ဖက်ဈေးသည် ယခင်နှစ်ထက် ဈေးကောင်းနေပြီး စိုက်ပျိုးတောင်သူများအနေဖြင့်သနပ်ဖက်ဈေးကောင်း ထပ်မံရရှိနိုင်မည်ကို ယုံကြည်ထားပြီး အလုပ်လုပ်ရာတွင် ကြိုးစားရသလောက် ကျေနပ်‌ကြောင်း ပြောဆိုကြသည်။ “ဒီနှစ်သနပ်ဖက်ဈေးရှိတာ ကြားသိရတော့ စိုက်ပျိုးတဲ့တောင်သူ ပိုကြိုးစားပြီး လုပ်ကြတယ်။ သနပ်ဖက်ဈေးနှုန်းက ပွဲစားတွေဆီမှာတော့ တစ်ပိဿာကို…

Move Forward ပါတီမှ Pita လုံလောက်သည့်မဲမရ သဖြင့် ဝန်ကြီးချုပ်ရွေးချယ်မှု မအောင်မြင်ခဲ့

ခမ်းသားငေါဝ်း ဇူလိုင်လ ၁၄၊၂၀၂၃ ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်နေရာအတွက် ထိုင်းလွှတ်တော်က ဇူလိုင်လ ၁၃ ရက်နေ့တွင် မဲခွဲဆုံးဖြတ်ရာ Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat သည် လုံလောက်သည့် မဲအရေအတွက် မရသဖြင့် ရွေးချယ်ခံရခြင်း မရှိကြောင်း သိရသည်။ ပါလီမန်ဥက္ကဋ္ဌ Wan Muhamad Noor Matha သည် ခြောက်နာရီကြာ အချေအတင်ဆွေးနွေးပြီးနောက်…

ဖရူဆိုဒေသရှိ စစ်ရှောင်များ စားနပ်ရိက္ခာနှင့် အခြေခံအသုံးအ‌ဆောင်များအ‌ရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း ဇူလိုင်လ ၁၃၊၂၀၂၃ ကယား(ကရင်နီ)ပြည် ဖရူဆို‌ဒေသရှိ စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာ နှင့် အခြားအခြေခံ အသုံးအဆောင်ပစ္စည်းများ အရေးပေါ်လိုအပ်နေကြောင်း ယနေ့ဇူလိုင်လ(၁၃)ရက်နေ့တွင် သိရသည်။ ထိုဒေသရှိ စစ်ရှောင်များသည် ဝင်ငွေမရှိကြဘဲ စားသောက်ရန် ဆန် ဆီ စားနပ်ရိက္ခာများ နှင့် နေရာထိုင်ခင်းများအခက်အခဲများရှိကြပြီး အချို့ဆန်ရှိသည့်လူကရှိပြီး မရှိသည့်သူများက ဆန်ရှိသူထံ ချေးစားနေကြရကြောင်း သိရသည်။ “ကျွန်မတို့က ဝင်ငွေမရှိတော့လေ ဒီတိုင်းပဲ…

စစ်ကောင်စီလေကြောင်းတိုက်ခိုက်သဖြင့် စစ်ရှောင်ပြည်သူများထိုင်နယ်စပ်သို့ ထပ်မံထွက်ပြေးတိမ်းရှောင်နေရ

ခမ်းသားငေါဝ်း ဇူလိုင်လ ၁၃၊၂၀၂၃ ထိုင်း- မြန်မာနယ်စပ်ရှိ ဒေါနိုးကူစစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက ဇူလိုင်လ ၁၂ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်သဖြင့် စစ်ရှောင်အများအပြား ထိုင်းနယ်စပ်သို့ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ” အခြေနေက ရှုပ်ထွေးနေတော့ စစ်ရှောင်အရေအတွက် အတိအကျမသိရသေးဘူး၊ နေရာလည်း အတိအကျမပြောပြထားဘူး၊ အရင်က ဘယ်နေရာ၊ စစ်ရှောင်ဘယ်နှစ်ဦးရှိတယ် ဆိုတာတွေပြောတယ်၊ နောက်ပိုင်း စစ်ကောင်စီက အဲနေရာတွေအဓိက တိုက်ခိုက်လာတယ်၊ နောက်ပိုင်းမပြောတော့ဘူး”…

မိုးရာသီတွင်းဖြစ်နေသော်လည်း ဒီမော့ဆိုအနောက်ဘက်ခြမ်းတွင် သောက်သုံးရေရှားပါးနေဆဲ

ခမ်းသားငေါဝ်း ဇူလိုင်လ ၁၃၊၂၀၂၃ ကရင်နီ(ကယား)ပြည်နယ် ဒီမော့ဆိုအနောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် ဒေသခံများနှင့် စစ်ဘေးရှောင်လာသည့် စစ်ရှောင် ၄၀၀၀ ကျော်တို့အပါ မိုးရာသီဖြစ်နေသော်လည်း သောက်သုံးရေရှားပါး‌နေဆဲကြောင့် အခက်ခဲများကြုံ‌တွေ့နေရကြောင်း သိရသည်။ လက်ရှိတွင် တိုက်ပွဲများကြောင့် ၎င်းဒေသရှိစစ်ရှောင်စခန်း၌ လာရောက်တိမ်းရှောင်နေရသည့် လူဦးရေများလာသည်အလျှောက် သောက်သုံးရေရှားပါးပြီး အခြေခံစားသောက်ကုန် ဆန် ဆီ ဆားများလည်း ပြတ်လပ်နေကြောင်း သိရသည်။ “ ဒီစခန်းထဲမှာ စစ်ရှောင်လာကြတာ…

ထိုင်း-မြန်မာနယ်စပ်ရှိ ခေါ်ဆိုရေးစင်တာ လိမ်လည်မှုများကို နှိမ်နင်းရန် အင်တာနက်ဖြတ်တောက်မည်

ခမ်းသားငေါဝ်း ဇူလိုင် ၁၂၊ ၂၀၂၃ တာ့ခ်ခရိုင်နှင့် မြန်မာနယ်စပ်ကြားရှိ တရားမဝင်တရုတ်စီးပွားရေးလုပ်ငန်းများကို နှိမ်နင်းရန် ကြိုးပမ်းမှုတွင် အင်တာနက်ချိတ်ဆက်မှုများကို ဖြတ်တောက်မည်ဟုသိရသည်။ ထိုင်းရဲများသည် ခေါ်ဆိုရေးစင်တာ လိမ်လည်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အမျိုးသားအသံ လွှင့်၊ ဆက်သွယ်ရေးကော်မရှင် (NBTC) နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဒုတိယအမျိုးသားရဲချုပ် ဗိုလ်မှူးကြီး Surachate Hakparn က ယမန်နေ့တွင် ပြောကြားခဲ့သည်။ ကျေးကျွန်ကဲ့သို့ စေခိုင်းခံခဲ့ရသော…

အလှူရှင်ထောက်ပံ့မှုမရတော့သည့် တီကျစ်ဒေသရှိစစ်ရှောင်များ အခက်အခဲများကြုံနေရ

ခမ်းသားငေါဝ်း ဇူလိုင် ၁၂၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊တီကျစ်ကျေးရွာအုပ်စုတွင် လာရောက်ခိုလုံလျက်ရှိသည့် စစ်ရှောင်များ စားနပ်ရိက္ခာအထောက်အပံ့မရသည်မှာ ၁ နှစ်နီးပါးရှိလာပြီး အရေးပေါ်ရိက္ခာများလိုအပ်လျက်ရှိကြောင်း သိရသည်။ တိုက်ပွဲ ကြောင့်အသက်ဘေးလွတ်ရာကိုတိမ်းရှောင် လာခဲ့ရသော်လည်း စားဝတ်နေရေးအတွက် အခက်ခဲများကြုံတွေ့နေရကြောင်းသိရသည်။ ” အရေးပေါ်စားစရာလိုတာပေါ့နော်၊ နောက်ပြီးနေစရာတွေလည်းလိုနေသေးတယ်၊ စားဝတ်နေရေးဖြေရှင်းဖို့ အလုပ်အကိုင်အခက်အခဲလည်းရှိတာပေါ့နော်၊စစ်ရှောင်ထဲမှာ နာတာရှည်ရောဂါသည်တွေ ခွဲစိတ်ထားတဲ့သူတွေလည်းပါတယ်၊ သူတို့တွေက ဆေးလည်းမဝယ်သောက်နိုင်တော့ဘူး၊ ဆေးခန်းရက်ချိန်းတွေလည်း မသွားနိုင်တော့ဘူး” ဟု…

သက်ငယ်မုဒိန်းမှု ကျူးလွန်ခံရသူမိသားစုထံ ရဲက DNA စစ်ချက် ငွေလေးသိန်းတောင်းသည့်အတွက် တရားလို မိသားစု အခက်ကြုံနေရ

ခမ်းသားငေါဝ်း ဇူလိုင် ၁၂၊ ၂၀၂၃ သက်ငယ်မုဒိန်းမှု ကျူးလွန်ခံရသူမိသားစုထံ ရဲက DNA စစ်ချက် ငွေ လေးသိန်းတောင်းသည့်အတွက် တရားလို မိသားစု အခက်ကြုံနေရ ကြောင်း ဇူလိုင် ၁၂ ရက်က သိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာ အောင်သုခရပ်ကွက်တွင်သက်ငယ် မုဒိန်းမှုဖြစ်ပွားခဲ့ပြီး ကျူးလွန်ခံရသူက တရားမျှတမှု ရရှိရန် ဘန်းယဥ် ရဲစခန်းကိုအမှုဖွင့်တိုင်ကြားထားကြောင်းသိရသည်။…

မောက်မယ်မြို့နယ် ဟိုနမ်းနှင့်ကဒူးကြီးဒေသရှိ ကျေးရွာများတွင် ရွာလုံးကျွတ်တုပ်ကွေးရောဂါ ဖြစ်ပွား

ခမ်းသားငေါဝ်း ဇူလိုင်လ ၁၁၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ၊ ပြင်သာယာရွာနှင့် ဟိုနမ်းဒေသ ကျေးရွာများတွင် ရာသီတုပ်ကွေးရောဂါဖြစ်ပွားနေလျက်ရှိကြောင်း ယနေ့ဇူလိုင်လ(၁၁)ရက်နေ့တွင် သိရသည်။ ယခုရက်ပိုင်းများတွင် တုပ်ကွေး‌ရောဂါသည် တစ်ရွာပြီးတစ်ရွာဖြစ်၍ ရွာလုံးကျွတ်ဖြစ်နေကြကြောင်း၊ ဆေးရုံဆေးခန်းသွားရောက်သွားရောက်ကုသခြင်း မပြုလုပ်ကြပဲ ကျေးလက်‌ဆေးပေးခန်းများတွင် ကုသမှုခံယူနေကြကြောင်း သိရသည်။ “ခုတလောတုပ်ကွေးအရမ်းမိကြတယ် တစ်ယောက်ပြီးတစ်ယောက်ပဲ၊ ပြန်ကောင်းရင်လည်းနှစ်ရက်သုံးရက်ပဲ ပြန်ဖြစ်ကြတယ်။ ဆေးရုံဆေးခန်းတွေလည်းသွားမပြကြဘူး။” ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ အချို့မိသားစုများတွင် ကုသရန်…

ပအိုဝ်းဒေသတွင်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများတွင် ဥပဒအေကာအကွယ်ရယူမှုအားနည်း

ခမ်းသားငေါဝ်း ဇူလိုင်လ ၁၁၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းဒေသတွင်းတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ နေ့စဉ်နှင့်အမျှဖြစ်ပွားနေပြီး ဥပဒေအကာအကွယ်ရယူရာတွင် လည်း အားနည်းနေကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူပြောပြအချက်အရ သိရသည်။ လက်ရှိအချိန်တွင် နိုင်ငံရေးအခြေအနေကြောင့် ပြည်သူလူထုများသည် အမှုကိစ္စများဖြစ်ပွားလာပါက တရားရုံးသို့ သွားရောက်တိုင်ကြားမှု နည်းပါးပြီး မိမိဒေသတွင်း ဓလေ့ထုံးတမ်းအရဖြင့်သာ ဖြေရှင်းမှုများပြုလုပ်ကြကြောင်း သိရသည်။ “ကျွန်မတို့အနေနဲ့ ရှင်သန်ကျန်ရစ်(နစ်နာ)သူကို ကူညီတဲ့နေရာမှာဆိုရင် အဟန့်အတားဖြစ်တာက အကြမ်းဖက်ခံနေရတာကို မထုတ်ဖော်ချင်ကြဘူး။ ပြီးတော့…