Author: khamsarngor

ကရင်နီ ဆေးသင်တန်းအပတ်စဥ်(၂) သင်တန်းသား ရဲဘော် ၁၈ ဦးတောင်ကျရေထဲမျောပါကျဆုံး

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၃၊၂၀၂၄ ကရင်နီပြည်ဒီးမော့ဆိုအနောက်ခြမ်းတစ်နေရာတွင် စက်တင်ဘာ၁၁ ရက်ညပိုင်းအချိန်ကရင်နီဆေးသင်တန်အပတ်စဥ် ၂ ဆေးသင်တန်းသား (၁၈)ဦး ရေထဲမျောပါသေဆုံးခဲ့ရကြောင်း(KNDF)ဗဟိုက ဒီကနေ့တွင် သတင်းထုတ်ပြန်ထားသည်။ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ဆေးဌာနမှ ကြီးမှူးဖွင့်လှစ်သော ဆေးသင်တန်း၌ သင်ခန်းစာမစ်ရှင်လေ့ကျင့်ခြင်း ပြုလုပ်နေစဉ် ရေချောင်းတခုကို ဖြတ်ကျော်ရန် ကြိုးစားအားထုတ်ရာမှ မတော်တဆဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ဆေးသင်တန်းတက်နေတာ အလောင်းအကုန်လုံး မရသေးဘူး၊ ကိုယ့်အသိထဲ့ ရဲမေတစ်ဦးလည်းပါသွားတယ်”…

ထမ်းဆန်းဂူတွင်ရေပြန်ကျပြီး ရေကြီးရေလျှံမှုကြောင့် ဂူပေါက်ဝနှင့် ထမင်းစားသည့်နေရာ ပျက်စီး

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၃၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် ထမ်းဆန်းဂူတွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့က ရေကြီးရေလျှံ မှုကြောင့် ဂူအတွင်းရေအပြည့်ဝင်ကာ ယနေ့တွင် ရေ​​ပြန် ကျသွားပြီဖြစ်သည်။ ရေကျပြီးနောက် ရေတိုက်စားမှုကြောင့် ဂူပေါက်ဝတွင် တန်ဖိုး သိန်းပေါင်းများစွာ ပျက်စီးဆုံးရှုံးသွား သည်ဟု သန့်ရှင်းရေးပြည်လုပ်သည့် ကာယကုသိုလ်အမျိုးသမီးတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။ ‘’ရေတော့ကျသွားပြီ၊ ဂူအတွင်းတော့ဝင်လို့မရသေးဘူး၊ ဂူပေါက်ဝမှာတင်…

ခေါက်နွဲကျေးရွာတွင် တောင်ကျရေကြောင့် နေအိမ်အများအပြားရေထဲမျောပါသွားပြီး ရွာသား ၇ ဦးရေးထဲပါပြီးပျောက်ဆုံး

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၃၊ ၂၀၂၄ လွိုင်လင်မြို့နယ် ခေါက်နွဲကျေးရွာတွင် တောင်ကျရေကြောင့် နေအိမ်အများအပြားရေထဲမျောပါသွားပြီး ရွာသား ၇ ဦးရေထဲမျောပါသေဆုံးခဲ့ကြောင်း စက်တင်ဘာ ၁၃ ရက်က ဒေသခံတစ်ဦးထံသိရသည်။ ပျောက်ဆုံးနေသည့်ရွာသားများလည်းရှိသလို စက်တက်ဘာ ၁၁ ရက်က ရေထဲမျောပါသွားသူအလောင်း ကိုလည်း တစ်လောင်းသာပြန်တွေ့သေးကြောင်းဒေသခံကဆိုသည်။ ‘’ကျွန်တော်တို့အိမ်လည်းရေထဲပါသွားတယ်၊ ရွာသူကြီးမိသားစုလည်း ခုထိရှာမတွေ့သေးဘူး၊ အိမ်တွေအများကြီးပါသွားတယ် တိတိကျကျမသိရသေးဘူး ဖုန်းလိုင်းအင်တာနက်လိုင်းလည်းမရနေဘူး” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။…

ဖုန်းလိုင်းမရခြင်းကြောင့် သဘာဝဘေးကြုံနေချိန် ပြည်ပရောက်လူငယ်များ မိသားစုဝင်နှင့်ဆက်သွယ်မရ

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၃၊ ၂၀၂၄ ရှမ်းတောင်တွင် မြေပြို၊ ရေကြီးနေပြီး အင်တာနက်လိုင်း၊ ဖုန်းလိုင်းမရခြင်းကြောင့် ပြည်ပရောက်လူငယ်များ မိသားစုဝင်နှင့်ဆက်သွယ်မရနေပဲ စိတ်ပူနေကြကြောင်း ပြည်ပရောက်လူငယ်ထံက သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ၊ တောင်ကြီးမြို့နယ်၊ လွိုင်လင်မြို့နယ်၊ မိုင်းပွန်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ကလောမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် မောက်မယ်မြို့နယ်တို့တွင် မြေပြိုခြင်း၊ ရေကြီးခြင်းကြောင့် နေအိမ်ပျက်စီးခြင်း၊ နေအိမ်များမြေထဲမြုပ်ပါသွားခြင်းနှင့် လူအသေအပျောက်များရှိနေပြီး ပြည်ပရောက်လူငယ်များက…

မောက်မယ်မြို့ရေကြီးရေလျှံမှုကြောင့် ပြည်သူတစ်ထောင်ကျော် ရေဘေးသင့်

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၂၊ ၂၀၂၄ ရှမ်းပြည်နယ် တောင်ပိုင်း မောက်မယ်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပြီးပြည်သူတစ်ထောင်ကျော်ရေဘေးသင့်နေကြောင်း ဒေသခံတစ်ဦးထံသိရသည်။ မြေနိုမ့်ပိုင်းဖြစ်သည့် စျေတန်းရပ်ကွက်၊ကွန်ကျိုင်း၊ မွေတော်၊ တောင်မြို့ရပ်ကွက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ရေကြီးရေလျှံမှုကြောင့် နွား ၇ ကောင် ရေနှစ်သေဆုံးခဲ့ကြောင်းသိရသည်။ ဆီဆုံရပ်ကွက်နှင့် တောင်မြို့ရပ်ကွက်သို့ ဆက်သွယ်ထားသည့် တံတားကို ရေတိုက်စားပြီး ရေကြီးထဲမျှောပါသွား ကြောင်းဒေသခံကပြောသည်။ လက်ရှိတွင်…

ဟိုပုံးမြို့နယ် နောင်ဒေကျေးရွာအုပ်စုတွင် မိုးကြီးရေလျှံမှုကြောင့် လမ်းများပျက်စီး

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၂၊ ၂၀၂၄ ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ် နောင်ဒေကျေးရွာအုပ်စုမောက်လွစ် ထီတခု သွားသည့်လမ်းတွင် စက်တင်ဘာ ၁၁ ရက်က ရေကြီးရေလျှံမှုကြောင့် မြေပြိုပြီးလမ်းများပျက်စီးသွားကြောင်းသိရသည်။ ထိုဒေသတွင် ဟိုပုံးမြို့နယ်အစွန်ဖြစ်ပြီး နောင်ဒေ၊ ထီတခု၊ မောက်လွစ် ကျေးရွာသွယ်တန်းသည့် တောင်ပေါ်လမ်းဖြစ်သည်။ ရေကြီးရေလျှံမှုကြောင့် လမ်းများပျက်စီးပြီး ဟိုပုံးသို့သွားသည့်လမ်းနှင့် တောင်ကြီးသို့သွားသည့်လမ်း နှစ်ခုစလုံးအခက်ခဲကြုံတွေ့ရကြောင်းဒေသခံကပြောသည်။ ထိုဒေသသည် ဟိုပုံးမြို့နယ် နယ်စပ်ဒေသဖြစ်ပြီး…

စက်တင်ဘာလ (၁၃)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း မိုးရွာသွန်းနိုင်မှုအခြေအနေ ခန့်မှန်ချက် NUG သတိပေး

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၂၊ ၂၀၂၄ နိုင်ငံတကာမိုးလေဝသဌာနများ၏ မိုးရွာသွန်းမှု အခြေအနေခန့်မှန်းချက်များအရ မိုးရွာသွန်းမှုအခြေအနေနှင့် ရေကြီးခြင်း၊ လျှပ်တစ်ပျက်ရေကြီးခြင်းနှင့် မြေပြိုခြင်း များကို အထူးသတိထားရန် NUG အမျိုးသားညီညွတ်အစိုးရကဆိုထားသည်၊၊ စက်တင်ဘာလ(၁၃)ရက်နေ့တွင် ရခိုင်ပြည်နယ်အလယ်ပိုင်းနှင့် အောက်ပိုင်း၊ မန္တလေးတိုင်းအောက်ပိုင်း၊ မကွေးတိုင်းအောက်ပိုင်းနှင့်ပဲခူးတိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ချင်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊…

ထိုင်းတွင် ကာလတို ဘာသာစကားသင်တန်းတက် ရောက်သူများအတွက် ပတ်စပို့ သက်တမ်း မတိုးပေးတော့ကြောင်း မြန်မာသံရုံး ထုတ်ပြန်

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၂ ၊၂၀၂၄ ထိုင်းနိုင်ငံတွင် ကာလတို ဘာသာစကားသင်တန်း တက်ရောက်နေသူများကို နိုင်ငံကူးလက်မှတ်သက်တမ်း မတိုးပေးတော့ကြောင်း ဘန်ကောက်မြို့ရှိစစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးကယနေ့တွင် ကြောညာခဲ့သည်။ ထိုင်းနိုင်ငံတွင် ထိုင်းဘာသာစကားသင်တန်း(ကာလတို) (Certificate Program in Thai Language)နှင့် အင်္ဂလိပ်စာသင်တန်း (ကာလတို) (Teaching English for Teachers-TET) စသည့် သင်တန်းတက်ရောက်နေသူ အလွန်များလာသည့် အတွက်…

ရေကြီးရေလျှံမှုကြောင့် ပွန်ချောင်းဘေး ပိတ်မိပြည်သူများ PNLA ရဲဘော်များကယ်ထုတ်ပေး

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၂၊၂၀၂၄ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး ပွန်ချောင်းဘေးရှိပိတ်မိပြည်သူကို PNLA ရဲဘော်များကယ်ဆယ်ပေးနေကြောင်းသိရသည်။ ဆီဆိုင်မြို့နယ်အရှေ့ဘက်ခြမ်းနှင့် မောက်မယ်မြို့နယ်ထဲတွင်တောင်ကျရေကြီးမှုကြောင့် ကားလမ်းပျက်စီးခြင်း၊ ပြည်သူများတောင်ယာအတွင်း၊ နေအိမ်အတွင်းပိတ်မိခြင်းများစက်တင်ဘာ ၁၁ ရက်နေ့က ဖြစ်ပွားသည်။ “မနေ့ကပွန်ချောင်းဘေးမှာ တောင်ကျရေကြီးလို့ တောင်ယာထဲရေအကုန်မြှုပ်ပြီး ပိတ်မိတဲ့ပြည်သူ ၁၀ ဦးကျော် ကယ်ထုတ်နိုင်ခဲ့တယ်၊ အသက်အန္တရယ်တော့မရှိတော့ဘူး၊ ရေထဲမျေားပါသွားတာမျိုးတော့မကြားသေးဘူး”ဟု PNLA ပြောခွင့်ရ ခွန်ရုဲင်းယံက ခမ်းသားငေါဝ်း ကိုပြောသည်။…

မြန်မာနိုင်ငံတဝန်း လူသားချင်းစာနာထောက်ထားမှု အရေးပေါ်လိုအပ်နေဟု ICRC ဥက္ကဌ ပြောဆို

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၂၊ ၂၀၂၄ မြန်မာနိုင်ငံသည် ပဋိပက္ခနှင့် အခြားအကြမ်းဖက်မှုအခြေအနေများ ပိုမိုအရှိန်မြင့်တက်လာပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လိုအပ်ချက်မှာ အရေးပေါ်လိုအပ်နေသည်ဟာ ICRC ဥက္ကဌ က ပြောသည်။ မြန်မာနိုင်ငံတဝန်းရှိ အကူညီလိုအပ်သည့် အရပ်သားပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပိုမိုသွားရောက်ပေးအပ်နိုင်ရန် စက်တင်ဘာ ၅ မှ ၉ ရက်နေ့အထိ ICRC ဥက္ကဌ Ms Spoljaric…