Author: khamsarngor

ကရင်နီ​ပြည် တွင် စတားလင့်အင်တာနက် လုပ်ငန်းများပိုမိုကျယ်ပြန့်လာ

ခမ်းသားငေါဝ်း သြဂုတ် ၁၇၊ ၂၀၂၄ ကရင်နီပြည်နယ်တွင် စတားလင့်အင်တာနက် လုပ်ငန်းလုပ်ကိုင်သူများပိုမိုကျယ်ပြန့်လာကြောင်း ဒေသံခံတစ်ဦးထံမှသိရသည်။ အင်တာနက်ဖြတ်တောက်ခံထားရသည့် ကရင်နီပြည်နယ်ရှိ နေရာတော်တော်များများတွင် စတားလင့်အင်တာနက် လုပ်ငန်းလုပ်ကိုင်နေသူများ ပိုမိုများပြားလာသည်။ ” ဒီမှာက လိုင်းဖြတ်ထားတာကြာပြီလေ၊ စတားလင့် နဲ့ပဲသုံးရတယ်ပေါ့၊ အရင်ကတော့…

နမ့်ဆန်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနှင့်ထပ်မံဗုံးကြဲ

ခမ်းသားငေါဝ်း သြဂုတ် ၁၆၊ ၂၀၂၄ နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ဖြင့်ယနေ့မနက် ၁ နာရီအချိန်က ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA ထုတ်ပြန်ချက်အရသိရသည်။ ရှမ်းပြည်နယ် မြောက်ပိုင်း TNLA ထိန်းချုပ်ထားသည့်နမ့်ဆန်မြို့ကိုစစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့်ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူထိခိုက်သေဆုံးမှု တစ်စုံတရာမရှိခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။…

လောင်စာဆီ ပြတ်လပ်မှုကြောင့် တချို့ပြည်သူများ စျေးကြီးပေးပြီးမှောင်ခိုစျေးဖြင့်ဝယ်နေရ

ခမ်းသားငေါဝ်း သြဂုတ် ၁၆၊ ၂၀၂၄ တောင်ကြီးမြို့ပေါ်ရှိ စက်သုံးဆီပြတ်လပ်ပြီး စက်သုံးဆီ ရရှိခြင်း တည်ငြိမ်မှု မရှိသည့်အတွက် အချို့ပြည်သူများ မှောင်ခိုစျေးကွက်တွင်စျေးကြီးပေးဝယ်နေရကြောင်း ဩဂုတ်လ ၁၆ ရက်နေ့ တောင်ကြီးဒေသခံထံ သိရှိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် လောင်စာဆီပြတ်လပ်မှုက တစ်ရက်ထက်တစ်ရက်ပိုမိုဆိုးရွားလာပြီး…

PV(Passport For Visit) ပတ်စပိုစ့် အမျိုးအစားကိုင်ဆောင်သူများ ပြည်ပထွက်ခွာခွင့်တားမြစ်ထား

ခမ်းသားငေါဝ်း သြဂုတ် ၁၆၊၂၀၂၄ ပြည်ပနိုင်ငံသို့ အလည်အပတ်သွားရန် ထုတ်ပေးသည့် PV(Passport For Visit) အမျိုးအစားကိုင်ဆောင်၍ ပြည်ပထွက်ခွာမည့်သူများကို စစ်ဆေးတားမြစ်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။ ပြည်ပနိုင်ငံသို့ ထွက်ခွာမည့်သူများသည် OWIC…

ခရမ်းချဥ်သီး စျေးထပ်ကျသည့်အတွက်ကြောင့် ခရမ်းချဥ်စိုက်တောင်သူများ အခက်ခဲကြုံနေရ

ခမ်းသားငေါဝ်း ဩဂုတ် ၁၅၊ ၂၀၂၄ ပင်လောင်းဒေသတွင် ခရမ်းချဥ်သီးများ ယခင်ထက် စျေးပြန်ကျလာသည့်အတွက် ခရမ်းချဥ်စိုက်တောင်သူများ စားဝတ်နေရေးအခက်အခဲဖြစ်နေကြောင်း ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းဒေသထွက်ခရမ်းချဥ်သီးများသည် ဇူလိုင်လ လလယ်လောက်တွင် တစ်ပိဿာအများဆုံး ၂၅၀၀ ကျပ်အထိရရှိသော်လည်း ယခုတွင် ပွဲရုံအထိသွားရောင်းလျှင်…

ဖားကန့်မြို့လမောင်ဗျူဟာကုန်း တပ်စခန်းအား KNA၊KPDF ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

ခမ်းသားငေါဝ်း ဩဂုတ် ၁၅၊ ၂၀၂၄ ဖားကန့်မြို လမောင်ဗျူဟာကုန်း တပ်စခန်းကြီးကို KIA၊KPDF ပူးပေါင်းတပ်ဖွဲများ အပြီးသတ် သိမ်းပိုက်နိုင်ပြီ ဖြစ်ကြောင်း KIO က အတည်ပြု ပြောထားသည်။ ကချင်ပြည်နယ်၊ ဖားကန့်မြိုရှိ လမောင်ဗျူဟာကုန်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊…

လက်နက်ချအလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို MNDAA ကတစ်ဦး ၁၀ သိန်းချီးမြှင့်

ခမ်းသားငေါဝ်း ဩဂုတ် ၁၅၊ ၂၀၂၄ လားရှိုးမြို့ တိုက်ပွဲအစပိုင်းတွင် လက်နက်ချအလင်းဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို MNDAA က တစ်ဦးကို ကျပ် ၁၀ သိန်းစီ ဆုချီးမြှင့် ပေးကြောင်း ဩဂုတ်လ ၁၅…

ဆီဆိုင်မြို့အဝင်ဂိတ်တွင် ရဲများကဈေးလာဝယ်သူများအား ဖမ်းဆီးပြီးငွေညစ်

ခမ်းသားငေါဝ်း ဩဂုတ် ၁၅၊ ၂၀၂၄ ဆီဆိုင်တွင်ဈေးလာဝယ်သည့် လွယ်ခြယ်ရွာသား(၃)ဦး ဆီဆိုင်မြို့အဝင်ဂိတ်၌စောင့်သည့်ရဲများက ဖမ်းဆီးပြီးငွေဖြင့်ပြန်ထုတ်ခဲ့ရကြောင်း ဒေသခံပြောပြချက်အရ ဩဂုတ်လ(၁၅)ရက်နေ့တွင် သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တောင်ရှေ့ကျေးရွာအုပ်စု လွယ်ခြယ်ရွာသား(၃)ဦးသည် ဩဂုတ်လ(၁၀)ရက်နေ့က ဆီဆိုင်မြို့သို့ဈေးဝယ်သွားပြီး အပြန်မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ထော်လာဂျီပေါ်၌ အရက်ဘီယာများသယ်ဆောင်လာသည်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံ…

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးသေဆုံးပြီး ဒေသခံ(၆)ဦး ထိခိုက်ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဩဂုတ် ၁၅၊ ၂၀၂၄ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ကျိုက်ထိုမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တို့တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး ဒေသခံ (၆)ဦး ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် (၃)လုံး ပျက်စီးကြောင်း…

သစ်ပင်ကြီး(သေင်ႏမွူးဖြေင်းပေႏ)ရွာအနီးတွင် သစ်ပင်ကြီးလဲကျပြီး အောင်ပန်း-လွိုင်ကော် ကားလမ်းမကြီးပိတ်

ခမ်းသားငေါဝ်း ဩဂုတ် ၁၅၊ ၂၀၂၄ အောင်ပန်း-လွိုင်ကော် လမ်းမကြီးပေါ် သစ်ပင်ကြီး(သေင်ႏမွူးဖြေင်းပေႏ)ရွာအနီး ဘုရားရှေ့တွင် သက်တန်းရင့်ညောင်ပင် လမ်းမပေါ် လဲကျသွားခြင်းကြောင်း ကားများသွားလာ ဖြတ်သန်မှု မရတော့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် အောင်ပန်း-လွိုင်ကော် လမ်းမကြီးပေါ်ရှိ သစ်ပင်ကြီး(သေင်ႏမွူးဖြေင်းပေႏ)ရွာ…