Author: khamsarngor

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွက် ရပ်ကွက်အလိုက် မီးပုံးပျံပြုလုပ်ရန် စစ်ကောင်စီက ငွေချပေးပြီး ပြုလုပ်ခိုင်း

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၆၊၂၀၂၃ တောင်ကြီးတန်ဆောင်တိုင်ပွဲအတွက် မီးပုံးပျံများ ပြုလုပ်ရန် စစ်ကောင်စီက တစ်ရပ်ကွက်ကို ငွေ ၁၈ သိန်းကျပ်ပေးကာ ပြုလုပ်ခိုင်း‌နေကြောင်း တောင်ကြီးဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ယခုနှစ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကျင်းပမည့်တန်ဆောင်တိုင်ပွဲတော်ကို စစ်ကောင်စီက ဖိအားပေးလုပ်ဆောင်ခိုင်းမှုရှိနေပြီ မီးပုံးပျံများပြုလုပ်ရန်အတွက်လည်း ငွေထုတ်ပေးကာ အတင်းအကြပ်လုပ်ခိုင်းကြောင်း သိရသည်။ “စစ်ကောင်စီကတစ်ရပ်ကွက်ကို ၁၈ သိန်းချပေးတယ်။ အဲထက်ပိုကုန်ရင် ရပ်ကွက်က လူတွေဘဲ…

အရပ်သားလူနေအိမ်တွင် စစ်ကောင်စီက တပ်စွဲဂိတ်ဖွင့်ထားသဖြင့် မိသားစုဝင်များ ပြောင်းရွှေ့ရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၆၊၂၀၂၃ စစ်ကောင်စီတပ်သားများသည် အရပ်သားပြည်သူနေအိမ်တွင် စစ်ဆေးဂိတ်ဖွင့်တပ်စွဲထားသဖြင့် မိသားစုဝင်များက ကျေးရွာဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့နေထိုင်​​​ရကြောင်း ပြောင်းရွှေ့နေထိုင်မိသားစုနှင့် နီးစပ်သူတစ်ဦးပြောပြချက်အရ သိရသည်။ ရွာငံမြို့နယ် ဘော်ရေဦးကျေးရွာမှ သိမ်ကုန်းကျေးရွာ သွားလမ်းမပေါ်ရှိ ဒေါ်နွဲ့ဦးနေအိမ်အား စစ်ကောင်စီတပ်သားများက ‌အောင်တိုဘာလ ၂၁ နေ့မှစပြီး ဂိတ်ဖွင့်တပ်စွဲထားကြောင်း စုံစမ်းသိရှိရပါသည်။ “အခုက သူတို့ရဲ့နေအိမ်မှာ မနေရဘူး ဒီတိုင်းမပြောမဆိုပဲ လာတပ်စွဲဂိတ်ဖွင့်တယ် စစ်သားတွေက” ဟု…

ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ နှင့် တောင်မဲသင်းကျေးရွာတွင် မိုင်းရှင်းလင်းရန်အတွက်ငွေကောက်ခံခြင်းမရှိဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၆၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊‌နန်းနိမ့်ကျေးရွာနှင့်တောင်မဲသင်းကျေးရွာရှိ နေရပ်ပြန်စစ်ရှောင်များထံ မိုင်းရှင်းလင်းရန်အတွက်ငွေကောက်ခံခြင်းမရှိကြောင်း ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။ နေရပ်ပြန်စစ်ရှောင်ဒေသခံများသည် ဇူလှိုင်လလယ်ကတည်းက နေရပ်ပြန်လာကြပြီး ရွာပတ်ပတ်လည်ရှိ မိုင်းများကို မိုင်းအကြောင်းအနည်းငယ်သိရှိသူဒေသခံများက ကိုယ်တိုင်ရှင်းလင်းခဲ့ကြောင်းသိရသည်။ “တစ်ချို့က မိုင်းအကြောင်းနည်းပါးသိတဲ့သူရှိတယ်။သူတို့တွေဘဲရှင်းပေးတာ။ ပိုက်ဆံကောက်ပြီး ရှင်းပေးတာ ဘာညာတော့မရှိဘူး။”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါင်းကိုပြောသည်။ ရွာသားများ ကိုယ်တိုင်မိုင်းရှင်းလင်းရာတွင် ထိခိုက်ဒဏ်ရာအချို့ရရှိခဲ့ပြီး ယ‌နေ့ချိန်ထိ မည်သည့်အဖွဲ့စည်းမှ မိုင်းရှင်းလင်းပေးခြင်းမရှိကြောင်းသိရသည်။ ဒေသခံတစ်ဦးကလည်း “သူတို့ကကျွမ်းကျင်လို့ရှင်းတာမဟုတ်ဘူးလေ။ဘာအကာကွယ်မှလည်း…

စစ်ရှောင်များ မွေးသည့်ဝက်များ ဝက်နာကျရောဂါဖြစ်ပွားပြီး သေဆုံး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၆၊၂၀၂၃ ကယား(ကရင်နီ)ပြည် လွိုင်ကော်မြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် စစ်ရှောင်များ မွေးမြူထားသည့် ဝက်များ ဝက်နာကျ‌ရောဂါဖြစ်ပွားပြီး သေဆုံးနေကြောင်း စစ်ရှောင်တစ်ဦးပြောပြချက်အရ သိရသည်။ ရောဂါဖြစ်ပွားသောဝက်များသည် အစပိုင်းတွင်တုန်ပြီး အစာမစားဘဲ ဝမ်းချုပ်၊ ဝမ်းပိတ်ဖြစ်ကာ သေဆုံးခဲ့ကြောင်း သိရသည်။ ” ရောဂါကူးတာ အရမ်းမြန်တယ် ခုရောဂါဖြစ်ပွားတဲ့ဝက်က သပ်သပ်စီ ထားထားတယ်။ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မဖြစ်သေးတဲ့ ဝက်တွေကို ကာကွယ်ဆေးထိုးထားတာ တွေလုပ်တယ်…

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး (၂၉၃) ဦးသေဆုံး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၆၊၂၀၂၃ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး (၂၉၃) ဦးသေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက အောက်တိုဘာလ ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလ ၂၅ ရက်နေ့အထိ စစ်ကောင်စီကြောင့် နိုင်ငံတစ်ဝန်း အမျိုးသမီး (၂၉၃)ဦး သေဆုံးခဲ့ပြီး အဆိုပါ အရေအတွက်သည် လက်နက်ကြီးကျဉ်ကြောင့် သေဆုံးသူအရေအတွက်မှ အမျိုးသမီး(…

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က ဒေသခံလူငယ်များကို ဖမ်းဆီးပြီး ယနေ့ချိန်ထိ အဆက်သွယ်မရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၅၊၂၀၂၃ ရှမ်း-ကယား(ကရင်နီ)ပြည်နယ်စပ်ရှိ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က ဒေသခံလူငယ်များကို ဖမ်းဆီးပြီး ယနေ့ချိန်ထိ အဆက်သွယ်မရသေးကြောင့် ဖမ်းဆီးခံရသူနှင့် နီးစပ်သူတစ်ဦးပြောပြချက်အရသိရသည်။ စက်တင်ဘာလ ၁၆ ရက်‌နေ့တွင် စစ်ကောင်စီတပ်က ဖုန်းနှင့် ဖုန်းထဲအသုံးပြုသည့် လူမှုကွန်ယက် ဖေစ်ဘုတ် များကို စစ်ဆေးပြီး ဒေသခံလူငယ် ၅ ဦး ကို ခိုင်လုံသည့်အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခေါ်သွားခဲ့ကြောင်း သိရသည်။ “ဖုန်းမက်ဆေ့မှာ…

တောင်ကြီးမြို့တောင်ဘက်ရောက် စစ်ရှောင်များ၏ ကိုယ်ထူကိုယ်ထပညာရေးအဆောက်အဦးများကို စစ်ကောင်စီက ဖျက်ခိုင်း ဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၅၊၂၀၂၃ တောင်ကြီးမြို့တောင်ဘက်ရောက် ကရင်နီ​ပြည် စစ်ရှောင်များ၏ ကိုယ်ထူကိုယ်ထ ပညာရေးကျောင်းဆောင်များနှင့် ဘာသာရေးအဆောင်အဦးများကို စစ်ကောင်စီ နှင့် PNA ပြည်သူ့စစ်က ဖျက်ခိုင်းကြောင်း စစ်ရှောင်တစ်ဦး ပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ထီဖောင်းကျေးရွာအုပ်စု တစ်နေရာတွင် ရောက်ရှိသည့် ကရင်နီစစ်ရှောင်များ ကိုယ်ထူကိုယ်ထ ပညာရေးကျောင်းဆောင်များနှင့် ဘာသာရေးအဆောင်အဦးများကို စစ်ကောင်စီ နှင့် PNA ပြည်သူ့စစ်က…

ရွာငံမြို့ ရေဦးရွာတွင် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ ပြည်သူများကို ရိုက်နှက်စစ်ဆေး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၄၊၂၀၂၃ ရွာငံ-ရေဦးလမ်း‌ပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ပြည်သူများကို ရိုက်နှက်စစ်ဆေးမှုများရှိနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် ရေဦးကျေးရွာတွင် အောက်တိုဘာ ၂၁ ရက်နေ့က ယုံဗွေကွမ်းသီးခြံမှ ပြန်လာသော စစ်ကောင်စီယာဥ်တန်းများကို DPLF အဖွဲ့မှမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ဆေးရေးဂိတ်များချထားပြီး လမ်းသွားလမ်းလာပြည်သူများအား ရိုက်နှက်စစ်ဆေးပြုလုပ်ခဲ့ကြောင်း သိရသည်။ ယနေ့ အောက်တိုဘာ ၂၄ ရက်နေ့တွင်လည်း ဒေသခံအမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးကို သေနတ်ဖြင့်…

ဖယ်ခုံဒေသခံများ တောင်ယာသွားရန် စစ်ကောင်စီ လက်နက်ကြီးနှင့် မြေမြုပ်မှိုင်းအန္တရာယ်များကိုစိုးရိမ်နေရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၄၊ ၂၀၂၃ ဖယ်ခုံမြို့နယ် အနောက်ဖက်ရှိ ဒေသခံများသည် တေင်ယာသွားရာတွင် စစ်ကောင်စီ၏ လက်နက်ကြီး နှင့် မြေမြုပ်မှိုင်းအန္တရာယ်များကို စိုးရိမ်နေရသည် ဟု ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ ဒေသခံများသည် တောင်ယာသို့သွားရန် စစ်ကောင်စီ၏ လက်နက်ကြီး နှင့် မြေမြုပ်မှိုင်းအန္တရာယ်များကို စိုးရိမ်ကြောက်လန့်နေရကြောင်း ဒေသခံတစ်ဦးက အောက်တိုဘာလ၂၄ရက်နေ့တွင် ပြောသည်။ ဖယ်ခုံမြို့ အနောက်ဖက်ရှိ…

မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကို ဟိုပုံးတွင် ကျင်းပမည်

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၄၊၂၀၂၃ မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲ တတိယအကြိမ်မြောက်ကို ဟိုပုံးမြို့၌ တန်ဆောင်မုန်းလဆန်း (၁)ရက်နေ့တွင်စတင်ကျင်းပမည်ဟု ဦးဇင်းဣန္ဒာစာရာလင်္ကာရ ပြောပြချက်အရ သိရသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲ တတိယအကြိမ်မြောက်ကို ရှမ်းတောင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီးကျောင်းတိုက်တွင် တန်‌ဆောင်မုန်းလဆန်း(၁) ရက်နေ့မှ (၃)ရက်နေ့အထိ(၃)ရက်ဆက်တိုက် ကျင်းပမည်ဖြစ် ကြောင်း သိရသည်။ တန်ဆောင်မုန်းလဆန်း(၆)ရက်နေ့တွင် စာအောင်သံဃာတော်များအား…

You missed