မိုးဗြဲရေကာတာ ထပ်မံဖောက်ချခြင်းကြောင့် လယ်များပျက်စီးပြီး၊ စစ်ဘေးရှောင်များ ရေလွတ်ရာတိမ်းရှောင်နေရ
ခမ်းသားငေါဝ်း ဩဂုတ် ၂၈၊ ၂၀၂၄ စစ်ကောင်စီတပ်က မိုးဗြဲရေကာတာကိုဒုတိယအကြိမ် ထပ်မံဖောက်ချခြင်းကြောင့် လယ်များပျက်စီးပြီး စစ်ဘေးရှောင်များ ရေလွှတ်ရာနေရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သြဂုတ်လ(၂၈)ရက်တွင်ဒေသခံထံမှ သိရသည်။ ရှမ်း–ကယားနယ်စပ် မိုးဗြဲမြို့ရှိ စစ်ကောင်စီတပ်က မိုးဗြဲရေကာတာကို ထပ်မံဖွင့်ချသည့်အတွက်လယ်ဧက ထောင်နှင့်ချီရေနစ်မြှပ်ပျက်စီးခဲ့သည့်အပြင် ဘီလူးချောင်းဘေးရှိ စစ်ရှောင်များရေလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။…