Author: khamsarngor

ဟံမြင့်မိုရ်- ရွာငံသွားလမ်းမကြီးရှိ ခရီးသွားပြည်သူများ အသွားအလာသတိပြုရန် မှော်ဘုရင်စစ်ကြောင်းမှ အသိပေး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၊၂၀၂၃ မှော်ဘုရင်စစ်ကြောင်းမှ ဟံမြင့်မိုရ်နှင့် ရွာငံသွားလမ်းမကြီးရှိ ခရီးသွားပြည်သူများအား သတိဖြင့်သွားလာပေးကြရန် မှော်ဘုရင်စစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရွာငံဒေသအခြေစိုက် မှော်ဘုရင်စစ်ကြောင်း (P3-1003)က နိုဝင်ဘာလ ၂ ရက်နေ့မှစပြီး အဆိုပါလမ်းမကြီးအား ဖြတ်သန်းမောင်းနှင်မည့်ခရီးသွား‌ ဒေသခံကားများကို ထပ်မံသတိပေးခြင်းဖြစ်‌ကြောင်း ဆိုထားပါသည်။ ” မဖြစ်မနေဖြတ်သန်းသွားလာရတဲ့ကားတွေ စစ်ကောင်စီယာဥ်တန်းများနဲ့ ကိုက် ၁၀၀ ဝန်းကျင် အကွာမောင်းနင်သွားကြဖို့ ”…

ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နှင့် ကြူကုတ်မြို့များကို အလုံးစုံထိန်းချုပ်နိုင် ဟု မဟာမိတ် ၃ ဖွဲ့ဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂ ၊၂၀၂၃ စစ်ဆင်ရေး ၇ ရက်တာတွင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နှင့် ကြူကုတ် (ပန်ဆိုင်း) မြို့များကို အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မဟာမိတ် ၃ ဖွဲ့ က ယနေ့တွင် ထုတ်ပြန်သည်။ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့သည် အောက်တိုဘာ ၂၇ ရက်နေ့မှ ယနေ့ နိုဝင်ဘာ ၂…

ပင်လောင်း နန်းတုပ်ရွာတွင် စစ်ကောင်စီသတင်းပေး ဦးခင်မောင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၊၂၀၂၃ ပင်လာင်းမြိုနယ် နမ့်တုပ်ကျေးရွာနေ စစ်ကောင်စီသတင်းပေး ဦးခင်မောင်ဝင်း ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံတစ်ဦး ပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လာင်းမြိုနယ် နမ့်တုပ်ကျေးရွာနေ စစ်ကောင်စီကို သတင်းပေးသူ ဦးခင် မောင်ဝင်းသည် နေအိမ်တွင် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားကြောင်း သိရသည်။ ယနေ့ နိုဝင်ဘာ ၂ ရက်နေ့ မနက် ၉ နာရီအချိန်တွင် ဖြစ်ပွားခဲ့ပြီး…

စစ်ကောင်စီတပ်စခန်း ၃ ခုကို တအောင်းတပ်မတော် PSLF/TNLA တိုက်ခိုက်သိမ်းပိုက်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၊၂၀၂၃ တအောင်းတပ်မတော် PSLF/TNLA သည် နိုဝင်ဘာလ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်စခန်း ၃ ခုကို လက်နက်ခဲယမ်းများ နှင့်အတူ သိမ်းဆည်းခဲ့ကြောင်း TNLA သတင်းပြန်ကြားရေးထံမှ သိရသည်။ တပ်မဟာ(၅) စစ်ဒေသ၊ မိုင်းယု-နမ့်ဖတ်ကာကြားရှိ စစ်ကောင်စီ ရင်ကွဲတောင် တပ်စခန်းကို နိုဝင်ဘာ ၁ ရက်နေ့ နေ့လည် ၃ နာရီ…

စစ်တပ်အာဏာသိမ်းရန် ကြိုးစားသည့်နှစ်နှစ်အတွင်း ကလေးငယ် ၄၇၆ ဦး သတ်ဖြတ်ခံရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၊၂၀၂၃ စစ်တပ်အာဏာသိမ်းရန် ကြိုးစားသည့်နှစ်နှစ်‌ကျော်ကာလအတွင်း စစ်ကောင်စီကြောင့် မြန်မာနိုင်ငံအနှံ့ရှိ ကလေးငယ်‌ ၄၇၆ ဦး ဥပဒေမဲ့သတ်ဖြတ်ခံခဲ့ရ ကြောင်း AAPP ထုတ်ပြန်ချက်အရ သိရသည်။ သေဆုံးသည့် ကလေးငယ်များသည် စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းက ဒုတိယ သေဆုံးမှုအများဆုံးဖြစ်ကာ မကွေးတိုင်းက တတိယအများဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။ မတရားဖမ်းဆီးထိန်းသိမ်းခံရ‌သော ကလေးငယ် ၆၉၁ ဦးရှိခဲ့ပြီး ၃၈၉…

ကိုးကန့်ဒေသတွင် ဖြစ်ပွားသည့် ပဋိပက္ခမျိုးစုံကို ဝင်စွက်ဖက်မည်မဟုတ် ဟု UWSA ဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသအတွင်း ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခပုံစံအမျိုး မျိုးကို “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA အနေဖြင့် ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်းနိုဝင်ဘာ(၁)ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ UWSA ထိန်းချုပ်နယ်မြေအတွင်း စစ်ရေးအရ လေကြောင်း ကြည်းကြောင်းမှ ဆိုးရွာသောထိုးနှက်မှု၊ နယ်မြေကျူးကျော်လာမှုရှိလာပါက တုံ့ပြန်တိုက်ထုတ်သွားမည် ဟု ဖော်ပြထားသည်။ “ဝ”ပြည်နယ် နယ်မြေလုံခြုံရေး နှင့် စစ်သားများ၊ အရပ်သားပြည်သူများအားလုံး၏ အသက်နှင့်…

ဖရူဆိုမြို့နယ် ဒေါညေးခူရွာတွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိူးသမီး ၂ ဦး ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၊၂၀၂၃ ဒေါညေးခူကျေးရွာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု ကြောင့် စစ်ရှောင်အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ‌စစ်ရှောင်တစ်ဦး ပြောပြချက်အရ သိရသည်။ ကယား(ကရင်နီ)ပြည် ဖရူဆိုမြို့နယ် ဒေါညေးခူရွာတွင် အောက်တိုဘာလ ၃၁ ရက်နေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း ရိက္ခာပြန်ယူ သော စစ်ရှောင်အမျိုးသမီး ၂ ဦးထိမှန်ပြီး…

ပင်းပက်သံမဏိစက်ရုံကို ပြန်လည်လည်ပတ်နိုင်ရန် စစ်ခေါင်းဆောင် ကြိုးပမ်း

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၊၂၀၂၃ အမှတ်(၂)ပင်းပက်သံမဏီစက်ရုံမှ ထုတ်လုပ်သည့် ဝက်သံများကို စစ်ကောင်စီ၏ လက်နက်လုပ်ငန်းများအတွက် အသုံးပြုရန်ရည်မှန်းထားကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး၏ အောက်တိုဘာ (၃၀)ရက်နေ့ ထုတ်ပြန်ချက်တွင် ပြောဆိုထားပါသည်။ ပင်းပက်သံမဏီစက်ရုံသည် တောင်ကြီးမြို့နယ် နမ့်ဆီးအုပ်စု ပင်းပက်ဒေသတွင် တည်ရှိပြီး (၆)နှစ်ကျော်ကြာရပ်နားထားသည် စက်ရုံကို ယခုအခါ စစ်ကောင်စီက ရုရှားနှင့်ပူးပေါင်းကာ ပြန်လည်စတင်ရန် ကြိုးပမ်းလာနေကြောင်း သိရသည်။ “စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်အင်အားဖြည့်တင်းတာ လက်နက်အင်အားဖြည့်တင်းတာ…

(၆)နှစ်ကြာရပ်နားထားသည့် အမှတ်(၂)ပင်းပက်သံမဏိစက်ရုံ စစ်ကောင်စီမှ ပြန်လည်လည်ပတ်မည်ကို ‌ဒေသခံလူထုများ အလိုမရှိ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၊၂၀၂၃ (၆)နှစ်ကျော်ကြာရပ်နားထားသည့် အမှတ်(၂)ပင်းပက်သံမဏိစီမံကိန်းအား စစ်ကောင်စီမှပြန်လည် လည်ပတ်မည်ကို ပအိုဝ်းလူငယ်အစည်းအရုံး (PYO)နှင့် ‌ဒေသခံလူထုများက အလိုမရှိကြောင်း ပြောဆိုထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နမ်းဆီးကျေးရွာအုပ်စုအတွင်းရှိ အမှတ်(၂)ပင်းပက်သံမဏိစက်ရုံသည် (၆)နှစ်ကျော်ကြာ ရပ်နားထားရာမှ စစ်ကောင်စီက ပြန်လည်လည်ပတ်မည်ကို ပအိုဝ်းလူငယ်အစည်းအရုံး (PYO)နှင့် ‌ဒေသခံလူထုများက အလိုမရှိကြောင်း ယနေ့နိုဝင်ဘာလ (၁)ရက်နေ့တွင်သိရသည်။ ယခုချိန်တွင် သံရည်ကြိုသည့်အလုပ်ရုံ(၂၂)ရုံရှိသည့်အနက် (၁၉)ရုံသည် စမ်းသပ်လည်ပတ်နေပြီဖြစ်ပြီး…

စစ်ကောင်စီ‌ကြောင့် နိုင်ငံတစ်ဝန်းတွင် သတ်ဖြတ်ခံရသည့်အမျိုသမီး (၆၃၀) ဦး ရှိလာ

ခမ်းသားငေါဝ်း ‌နိုဝင်ဘာ ၁၊၂၀၂၃ စစ်ကောင်စီ‌ကြောင့် နိုင်ငံတစ်ဝန်းတွင် သတ်ဖြတ်ခံရသည့်အမျိုသမီး (၆၃၀) ဦး နှင့် ကလေးသူငယ် (၄၇၆) ဦးရှိကြောင်း AAPP ထုတ်ပြန်ချက်အရ သိရသည်။ စစ်တပ်အာဏာသိမ်းရန် ကြိုးစားသည့်နေ့မှစပြီး အောက်တိုဘာလ ၃၁ ရက်နေ့အထိ စစ်ကောင်စီကြောင့် မြန်မာနိုင်ငံတစ်ဝန်းတွင် အမျိုးသမီးများ နှင့် ကလေးများ သေဆုံးမှုစာရင်း ဖမ်းဆီးခံရစာရင်းများကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ယနေ့ နိုဝင်ဘာလ…

You missed