ပင်လောင်းဒေသထွက် နနွင်းအဟောင်းများဈေးကောင်းရရှိ
ခမ်းသားငေါဝ်း အောက်တိုဘာ ၂၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းဒေသထွက် နနွင်း အဟောင်းများကို တစ်ပိဿာ ခြောက်ထောင်ကျပ်အထိရရှိနေပြီးစျေးကောင်းရရှိနေကြောင်း တောင်သူများထံသိရသည်။ ထို့အပြင် နနွင်းအခြောက် တစ်ပိဿာကို (၅)ထောင်ဝန်းကျင် အထိ ပေါက်ဈေးရှိပြီး လှောင်ထားသူများသာ စျေးကောင်းရရှိကြသည်။ “ကျွန်မတို့အိမ်ကအစောရောင်းလိုက်လို့ ဈေးကောင်း မရလိုက်ဘူး။ မွေးထားနိုင်တဲ့သူကဈေးကောင်းရတယ်”ဟုနနွင်းစိုက်ပျိုးသူတစ်ဦးကပြောပါတယ်။ ပြီးခဲ့သည့်မေလတွင် နနွင်းမှုန့် တစ်ပိဿာ (၅)ထောင်ဝန်းကျင်နှင့် အခြောက်တစ်ပိဿာကို ၃၅၀၀ ကျပ်အောက်သာရ…