Author: khamsarngor

ပဆျားကြို လုံးဒါလမ်း တောင်ကျရေကြောင့် မြေပြိုပျက်စီး ခုထိရွာသားများအပြင်ထွက်လာ၍မရသေး

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၅၊ ၂၀၂၄ ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံး-ဆီဆိုင်နယ်စပ် ပဆျားကြို လုံးဒါ ဘက်တွင် စက်တင်ဘာ ၁၁ ရက်က မိုးကြီး ရေကြီးမှုကြောင့်မြေပြိုမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ လမ်းပေါ်မြေပြိုခြင်း၊ တောင်ကျရေတိုက်စားခြင်းကြောင့် စက်ယန္တရားဖြင့်မလုပ်ဆောင်ပါက ဒေသခံသွားလာမုခက်ခဲ့နေကြောင်းဒေသခံကပြောသည်။ “အဓိကကတော့ လုံးတာဖက်ကတက်လာရတဲ့ လမ်းက မြေပိတာမျိုး လမ်းကိုရေတိုက်စားကုန်တာမျိုးဖြစ်တာဗျာ ၊နောင်စုံဖက်ကိုသွားတဲ့လမ်းလည်းပျက်တယ် အခုက စားနပ်ရိက္ခာသယ်ယူဖို့ခက်ပြီးဒေသခံတွေငတ်ကုန်ကြမယ်” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်း ကိုပြောသည်။…

သူခိုးဟုစွပ်စွဲခံရသည့်အမျိုးသားတစ်ဦး ဒေါက်လုံရွာလူငယ်အဖွဲ့က ဝိုင်းရိုက်၍သေဆုံး

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၄၊ ၂၀၂၄ ကွတ်ခိုင်မြို့နယ် ကာလိုင်အုပ်စု ဒေါက်လုံကျေးရွာတွင်နေထိုင်သည့်လူငယ်လေးဦးက အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဝိုင်းဝန်းချုပ်နှောင်ရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း စက်တင် ဘာလ (၁၄)ရက်က PSLF/TNLAထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ကာလိုင်အုပ်စု ဒေါက်လုံကျေးရွာတွင်ပြီးခဲ့သည့် စက်တင်ဘာလ (၁၀) ရက်နေ့ညက ကိစ္စတစ်ခုနှင့်သွားရောက်ခဲ့သော အမျိုးသားတစ်ဦးကို သူခိုးဟုစွပ်စွဲခံရပြီး ရိုက်နက်ခံရခြင်းကြောင့်နေရာတွင်ပင်သေဆုံးသွားသည်။ သေဆုံးသွားသည့် ထိုအမျိုးသားသည်…

ရေဂနိုင်တောရဘုန်းကြီးကျောင်း၌ မြေကွဲအပ်နေပြီး ကျောင်းပြိုမည်ကိုစိုးရိမ်နေရ

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၄၊ ၂၀၂၄ ပင်းတယမြို့နယ်၊ ပွေးလှမြို့ ရှောက်ပင်ကျေးရွာ၊ ရေဂနိုင်တောရဘုန်းကြီးကျောင်း၌ မြေကွဲအပ်နေပြီး ကျောင်းပြိုမည်ကိုစိုးရိမ်နေရကြောင်း ဒေသခံထံကသိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် ပွေးလှမြို့ ရှောက်ပင်ကျေးရွာ၊ ရေဂနိုင်တောရဘုန်းကြီးကျောင်းတွင် စက်တင်ဘာ ၁၁ ရက်စတင်ပြီး မြေကြီးစတင်အွဲအက်လာပြီး စက်တင်ဘာ ၁၃ ရက်တွင် ပင်မကျောင်းကြီးခြေရင်းထိ ကွဲအက်လာသည်၊၊ “မနေ့ကနေ့က ပင်မကျောင်းကြီး လှေကာခြေထိအပြင် ခဏ္ဍသိမ် အုတ်တံတိုင်းခြေရင်းထိ…

နောင်ချိုတွင် စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံး ၁၃ လုံးကြဲချတိုက်ခိုက်

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၄၊ ၂၀၂၄ နောင်ချိုမြို့တွင် စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၃ ရက် နေ့လယ် ၁၂ နာရီခွဲမှ ၁ နာရီခွဲအထိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော်(PSFL/TNLA)က သတင်းထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့တွင် စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံး ၁၃ လုံး ကြဲချတိုက်ခိုက်သဖြင့် နောင်ချိုရဲစခန်းဝန်းနှင့် လူနေရပ်ကွက်များအတွင်း ဗုံးများကျရောက်ပေါက်ကွဲပြီး အဆောက်အဦးများ ထိခိုက်ခဲ့ကြောင်း…

ပင်လောင်းတွင် ဒုတိယအကြိမ် ရေကြီးသဖြင့် ဒေသခံများ ရေဘေးထပ်ရှောင်ရ

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၄၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် မြေနိမ့်ပိုင်းရှိ ကျေးရွာများသည် ယခု ဒုတိယအကြိမ်ရေကြီးပြီး ဒေသခံများ ရေဘေးထပ်ရှောင်နေရကြောင်းသိရသည်။ သြဂုတ်လပထမပတ်တွင် ပထမအကြိမ် ရေကြီးပြီး ရေဘေးရှောင်ရကာ ယခုစက်တင်ဘာလတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဒုတိယအကြိမ်ရေကြီးခြင်းကြောင်း ဒေသခံများ ပြန်လည် ရေဘေးရှောင်နေရကြောင်းသိရသည်။ “တောင်ကျရေ ဝင်လာတာများတယ်။ မြို့ပေါ်ဆိုမြေနိမ့်ပိုင်းဖြစ်တဲ့ အနောက်ရပ်၊ ဘုရားကြီးအနီးမြေနိမ့်ပိုင်းတစ်ဝိုက်အကုန်မြုပ်တယ်။ အများစု တောင်ပေါ်ဘုန်းကြီးကျောင်း…

ရေကြီးရေလျှံပြီးနောက် ကျန်းမာရေးဆိုင်ရာနှင့်ပတ်သက်ပြီး လိုက်နာရမည့်အချက်များ NUG ထုတ်ပြန်

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၄၊၂၀၂၄ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးမှုကြောင့် ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများနှင့် ကျန်းမာရေးဆိုင်ရာနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင်သတိပေးထုတ်ပြန်ထားသည်၊၊ ဖြစ်ပွါးနိုင်သည့်ရောဂါများမှာ (ဥပမာ – တိုက်ဖွိုက်ရောဂါ၊ လက်ပတိုစပိုင်ရိုးစစ်ရောဂါ) နှင့် ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ (ဥပမာ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေး ရောဂါ) တို့ ဖြစ်ပွားနိုင်ခြေများနိုင်ပါသည်။ ရေနှင့်ပတ်သက်ပြီး – သောက်သုံးရေကို…

လွိုင်လင်မြို့နယ် အင်ခေတ်ရွာတွင် တောင်ပြိုပြီး လူ ၁၃ ဦးသေဆုံး

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၄၊ ၂၀၂၃ ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်မြို့နယ် ခေါက်နွဲ့ရွာမြောက်ဘက် အင်ခေတ်ရွာတွင် မိုးကြီးရေကြီးခြင်းကြောင့်တောင်ပြိုပြီး လူ ၁၃ ဦးတောင်ကျရေထဲ ပါသွားကြောင်းဒေသခံတစ်ဦးထံသိရသည်။ စက်တင်ဘာ ၁၁ ရက်ကဖြစ်ပွားခဲခြင်းဖြစ်ပြီး နေအိမ် ၂၃ လုံးမျောပါပျက်စီးသွားကြောင်းသိရသည်။ “ကျွန်တော်ရဲ့အဒေါ်ဆိုရင်ပျောက်ဆုံးသွားတာ ၂ ရက်ရှိနေပြီ ရှာလို့မတွေ့သေးဘူး၊ အင်တာနက်လည်းပိတ်ထား”ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်း ကိုပြောသည်။ သေဆုံးသွားသည့်သူအလောင်းကို ၅ လောင်းသာရှာတွေ့ပြီး…

ရှမ်း-ကရင်နီ နယ်စပ်ရှိ စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဘက်က ၃၀ သေ ဆုံးပြီး ၃ ဦး အရှင်ဖမ်းမိ

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၃၊ ၂၀၂၄ ရှမ်း-ကရင်နီနယ်စပ်ရှိ စစ်တပ်စခန်းကို ကရင်နီ တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀ သေဆုံးပြီး ၃ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း လွိုင်ကော် Local PDF ဗဟို သတင်းပြန်ကြား ရေး သတင်းထုတ်ပြန်လာသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်ကနေ စက်တင်ဘာ ၇ ရက်အထိ ရှမ်းတောင်-ကရင်နီ…

ကလောတွင် မြေပြို၊ ရေကြီးမှုကြောင့် သေဆုံးသူ ၆၀ ဦးကျော်ရှိနေပြီးပျောက်ဆုံးသူ ၈၀ ဦးခန့်ရှိ

ခမ်းသားငေါဝ်း စက်တင်ဘာ ၁၃၊ ၂၀၂၄ ကလောမြို့နယ်တွင် မြေပြိုခြင်း၊ ရေကြီးခြင်းကြောင့် သေဆုံးသူ ၆၀ ဦးကျော်ရှိနေပြီး ပျောက်ဆုံးသူ ၈၀ ဦးကျော်ရှိနေကြောင်း ဒေသခံထံကသိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့တွင် ယခုရက်ပိုင်း ရေကြီးခြင်း မြေပြိုခြင်းကြောင့် သေဆုံးသူ ၆၀ ဦးကျော်ရှိနေပြီး ပျောက်ဆုံးသူများ ၈၀ ဦးကျော်ရှိနေသည်၊၊ “ဖုန်းလိုင်းအင်တာနက်လိုင်းကမရနေဘူး ခု Wifi ယူထားတဲ့အိမ်မှာ ခနလာသုံးနေရတာ…