Author: khamsarngor

မူဆယ်မြို့နယ်ရှိ စစ်ကောင်စီ၏ နမ့်ပေါ်တပ်စခန်း TNLA ထပ်မံသိမ်းပိုက်

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၊၂၀၂၃ မူဆယ်မြို့နယ်ရှိ စစ်ကောင်စီ၏နမ့်ပေါ်တပ်စခန်းကို PSLF/TNLAက ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ကြောင်း ယနေ့ဒီဇင်ဘာလ(၁)ရက်နေ့တွင် TNLAက ထုတ်ပြန်ထားပါသည်။ ရှမ်းမြောက် တအာင်းပြည်နယ် တပ်မဟာ(၁)စစ်ဒေသတွင် PSLF/TNLAဖော်ဆောင်သည့် “၁၀၂၇စစ်ဆင်ရေး”အတွင်း မူဆယ်မြို့နယ်ရှိစစ်ကောင်စီ၏ နမ့်ပေါ်တပ်စခန်းကို ယနေ့တွင် TNLA က သိမ်းပိုက်နိုင်ခဲ့သည် ဟု သိရသည်။ စစ်ကောင်စီ၏ နမ့်ပေါ်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLAက နိုဝင်ဘာလ(၂၇)ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ(၅)ရက်တာကြာမြင့်ပြီး…

ဆောင်းပြောင်း‌ဒေသတွင် ဖုန်လိုင်းများ ဖြတ်တောက်ထားခံရပြီး ဒေသခံများ အခက်ခဲကြုံတွေ့ရ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းဒေသတွင် စစ်ကောင်စီက MPT၊တယ်လီနော နှင့် အူရီဒူး ဖုန်းလိုင်းများ ဖြတ်တောက်ထားပြီး ဒေသခံများအခက်အခဲကြုံတွေ့နေရ ကြောင်း သိရသည်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းဖြတ်တောက်ထားသည်မှာ ၅ ရက်ခန့်ရှိနေပြီး အွန်လိုင်းဖြင့် အလုပ်လုပ်သူများ၊ ပညာသင်ယူသူများအတွက် အခက်ခဲ ဖြစ်နေရသည့်အပြင် စီးပွာရေးလုပ်ငန်းရှင်များ၊ ဒေသခံများလည်း ထိခိုက်မှုကြုံတွေ့နေရကြောင်း ဆိုသည်။ “ဖုန်းလိုင်းက မိုင်တဲတစ်ခုဘဲရတယ်။မိုင်တဲလ်း…

ပင်လောင်း-ဖယ်ခုံနယ်စပ်ရှိ ဗန်းမောက်၊မိုင်းဖြတ်ကျေးရွာအနီးတွင် လက်နက်ကြီးကျ‌ရောက်သဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့်

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၊၂၀၂၃ ဗန်းမောက်၊မိုင်းဖြတ်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်လာသဖြင့် ဒေသခံများထိတ်လန့်နေကြကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ပင်လောင်း-ဖယ်ခုံနယ်စပ်ရှိ ဗန်းမောက်၊မိုင်းဖြတ်ကျေးရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်လာခြင်း လေးညဆက်တိုက်ရှိပြီဖြစ်သဖြင့် ဒေသခံများက လုံခြုံရေးစိုးရိမ်ရပြီး ထိတ်လန့်နေကြကြောင်း သိရသည်။ စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးများ ကျေးရွာအနီးတဝိုက်တွင် မကြာခန ကျရောက်ပေါက်ကွဲခြင်းကြောင့် ခြံ၊တောင်ယာာသွားလုပ်ကိုင်ရာတွင်လည်း မသွားရဲဘဲ ကြောက်နေကြရကြောင်း ဆိုသည်။ “တိုက်ပွဲက ရွှေပြည်အေးနားတစ်ဝိုက်ဘဲ…

ကိုးကန့်ခရိုင် ရှင်းဝမ်ဒေသကို MNDAA ကသိမ်းပိုက်ပြီး တပ်ရင်း(၁၂၅)လက်နက်ချအလင်းဝင်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၃၀၊၂၀၂၃ ကိုးကန့်ခရိုင် ရှင်းဝမ်ဒေသကို MNDAA က နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။ MNDAA သည် စစ်ကောင်စီ၏ တာရှမ်၊ တာတွေတွေ၊ စံခေါ်ကျွမ် စခန်းငယ် များကို စတင်သိမ်းပိုက်ပြီး ကျင်ထ၊ ချင်ချိုင့်ထန် တပ်စခန်းများအားလုံးကိုလည အဆက်မပြက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၂၈ ရက်နေ့တွင်…

ကိုးကန့်တုန်ရှမ်းဒေသ နောက်ဆုံး ဆိုင်တာအိုင်တောင်ကုန်းကို MNDAA သိမ်းပိုက်နိုင်ခဲ့ပြီး လောက်ကိုင်မြို့သို့ စစ်ဆင်ရေးဦးတည်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၅၊၂၀၂၃ ကိုးကန့်တုန်ရှမ်းဒေသ၏ နောက်ဆုံးတောင်ကုန်း (High Point)ဖြစ်သည့် ဆိုင်တာအိုင်တောင်ကုန်းကို MNDAA ကသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ဆင်ရေးကို လောက်ကိုင်မြို့သို့ ဦးတည်လာပြီဖြစ်ကြောင်း MNDAA က ယမန်နေ့ နိုဝင်ဘာလ(၂၄)ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။ ရှမ်းမြောက်တွင် ညီနောင်မဟာမိတ်(၃)ဖွဲ့မှ စတင်ခဲ့သည့် “၁၀၂၇စစ်ဆင်ရေး”သည် ယမန်နေ့နိုင်ဝင်ဘာလ (၂၄)ရက်နေ့တွင် (၂၉)ရက်နေ့မြောက်သို့ရောက်ရှိလာခဲ့ပြီး ကိုးကန့်တုန်ရှမ်းဒေသ၏ နောက်ဆုံးတောင်ကုန်း(High Point)ဖြစ်သည့် ဆိုင်တာအိုင်တောင်ကုန်းကို MNDAA…

လွိုင်ကော်ကနေမှ ရတဲ့နည်းနဲ့ ရုန်းထွက်လာနိုင်ခဲ့သော်လည်း တောထဲရှောင်ရင်း ဒုက္ခပိုရောက်၊အခက်ပိုတွေ့နေရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၅၊၂၀၂၃ “ကျွန်တော်တောင်ဖျားနေတာဗျ။ အဘိုးက ၈၀ ကျော်ပြီ၊ လူကြီးရောဂါလို့ ပြောရမလားပေါ့ နာမကျန်းဖြစ်နေပြီ၊ ကျွန်တော့်အဖေအမေ အသက် ၆၀ ကျော်နှစ်ယောက်ပါကြည့်နေရတော့ အဆင်မပြေဘူး” လို့ လွိုင်ကော်မြို့ကနေ တောလမ်းဘက်ထွက်ပြေးလာတဲ့ အမည်မဖော်လိုသူ CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ ကရင်နီ(ကယား)ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ တစ်လေးလုံးစစ်ဆင်ရေး စတင်ပြီးနောက် ယနေ့အထိ တိုက်ပွဲအရှိန်အဟုန်က တစ်နေ့ထက်တစ်နေ့ ပိုလို့ပြင်းထန်လာနေပါတယ်။…

မှော်ဘီအနီးစစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုကြမ်းသဖြင့် ဒေသခံပြည်သူများ ဖြတ်သန်းရမည်ကို ကြောက်နေရ ဟုဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၄၊၂၀၂၃ မှော်ဘီအဝိုင်းပတ်အနီး စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုကြမ်းသဖြင့် ဒေသခံပြည်သူများ ဖြတ်သန်းသွားလာရမည်ကို ကြောက်နေကြကြောင်း ဒေသခံများက ပြောဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားအင်းဒေသရှိ မှော်ဘီလမ်းဆုံအဝိုင်းပတ်အနီးရှိသည့် စစ်ကောင်စီစစ်ဆေးရေးဂိတ်သည် အစစ်အဆေးကြမ်းသဖြင့် ဒေသခံပြည်သူများသည်လည်း ဖြတ်သွားဖြတ်လာရမည်ကိုပင် ကြောက်နေကြကြောင်း ယနေ့နိုဝင်ဘာလ(၂၄)ရက်နေ့တွင် ဒေသခံများထံမှသိရသည်။ မှော်ဘီလမ်းဆုံအဝိုင်းပတ်၏ တောင်ဘက်ရှိစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သား အယောက်(၂၀)ခန့်ရှိပြီး ဖြတ်သွားဖြတ်လာသော မည်သည့်ယာဥ်ကိုမဆို စစ်ဆေးရန် နေရာယူထားကြောင်း…

စစ်ကောင်စီက ဓာတုလက်နက်များဆိုင်ရာသဘောတူညီချက်ကို ချိုးဖောက်ပြီး တော်လှန်ရေးအဖွဲ့များကို ဓာတုဗုံးများဖြင့် တိုက်ခိုက်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၄၊၂၀၂၃ စစ်ကောင်စီသည် ဓာတုလက်နက်များဆိုင်ရာသဘောတူညီချက်ကို ချိုးဖောက်ပြီး တော်လှန်ရေးအဖွဲ့များကို ဓာတုဗုံးများဖြင့် တိုက်ခိုက်မှုပြုလုပ်နေကြောင်း MMDAA က ထုတ်ပြန်ထားပါသည်။ ရှမ်းပြည်မြောက်ပိုင်း၊ နမ့်စလပ်တောင်ကုန်းစခန်းထဲတွင် စစ်ကောင်စီက ဓာတုလက်နက်များဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်ပြီး ဓာတုဗုံးများဖြင့် လက်နက်ကိုင်တော်လှန်‌ရေးအဖွဲ့များကို တိုက်ခိုက် နေသည် ဟု The Koekan မှ နိုဝင်ဘာ၂၃ ရက် နေ့တွင် ဖော်ပြထားပါသည်။…

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အား ဒေသခံပြည်သူများ သွားရောက်လည်ပတ်မှုနည်းပါး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၃၊၂၀၂၃ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ရက်အတွင်း ဒေသခံပြည်များ သွားရောက်လည်ပတ်မှုနည်းပါးကြောင်း တောင်ကြီး‌ဒေသခံတစ်ဦးက ယနေ့နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ပြောဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ရိုးရာပွဲတော်ဖြစ်သည့် တန်ဆောင်တိုင်ပွဲကို ကိုဗစ်ကာလမှစပြီး မကျင်းပဖြစ်သည်မှာ ၃ နှစ်ရှိပြီးနောက် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီမှ ဦးဆောင်ကျင်းပသော်လည်း ပွဲတော်အား ဒေသခံပြည်သူများ ပါဝင်မှုအလွန်နည်းပါးကြောင်း ဒေသခံတစ်ဦးမှ သိရသည်။ “ ကျွန်တော်အနေနဲ့…

ပြောင်းဈေးမရှိသဖြင့် စိုက်ပျိုးထားသည့်ပြောင်းများ အရင်းပြန်မရမည်ကို တောင်သူများ စိုးရိမ်ရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၃၊၂၀၂၃ ယခုနှစ် ပြောင်းဈေးမရှိသဖြင့် စိုက်ပျိုးထားသည့်‌ပြောင်းများ အရင်းတွက်‌ချေမကိုက်ဖြစ်မည်ကို စိုးရိမ်နေရကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်‌ရွှေမြို့နယ်၊ စံကားအင်းဒေသတွင် ပြောင်းဈေးနှုန်းမရှိသောကြောင့် ပြောင်းစိုက်တောင်သူများ အရင်းပြန်မရမည်ကိုစိုးရိမ်နေကြကြောင်း ပြောင်းစိုက်တောင်သူ ဒေသခံတစ်ဦးက ယနေ့နိုဝင်ဘာလ (၂၃)ရက်‌နေ့တွင် ပြောဆိုသည်။ ယခင်နှစ် ပြောင်းဖူးချိုးချိန်တွင် ပြောင်းဈေးများသည် တစ်ပိဿာ ၁၀၀၀ ကျပ်အထက်ရှိနေပြီး ယခုနှစ်တွင် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပြောင်းဈေးနှုန်းသည်…

You missed