Author: khamsarngor

ကွတ်ခိုင်တွင် အင်တာနက်လိုင်းဖြတ်တောက်ခံရ၍ MPT ရုံးရှေ့တစ်နေရာသာ လာရောက်လိုင်းသုံးနေရ

ခမ်းသားငေါဝ်း၊ ဒီဇင်ဘာလ ၁၁၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် အင်တာနက်လိုင်းဖြတ်တောက်ခံထားရ၍ အရပ်သားပြည်သူများက ကွတ်ခိုင်ရှိ MPTဆက်သွယ်ရေးရုံးရှေ့ထိလာရောက် အင်တာနက်လိုင်းအသုံးပြုနေရကြောင်း ကွတ်ခိုင်မြို့ခံအမျိုးသားတစ်ဦးထံမှသိရသည်။ နေ့တိုင်း လူဦးရေ အနည်းဆုံး ၅၀မှ ၆၀ ဝန်းကျင်ထိလိုင်းသွားရောက်အသုံးပြုကြပြီး ထိုနေရာတွင် MPTလိုင်းတစ်ခုသာရကြောင်းသိရသည်။ “သွားသွားပြန်ပြန်ပေါ့အဲ့လို၊ လိုင်းသုံးဖို့လိုပြီဆို ဒီနားပြေးလာလိုက်၊ စောင့်လိုက်၊ ခနနေကြလိုင်းလည်း Connectionပြတ် ကျသွားလိုက် အဲ့လိုဖြစ်တာလေ။ သူက MPT ဆက်သွယ်ရေးရုံးကို…

စစ်ကောင်စီ တပ်စခန်း ကို TNLAထပ်မံသိမ်းဆည်းဟုဆို

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၁၊ ၂၀၂၃ တအာင်းဒေသရှိ PSLF/TNLA ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးတွင် စစ်ကောင်စီ၏ တပ်စခန်းများနှင့် လက်နက်ခဲယမ်းများ ထပ်မံ သိမ်းဆည်း ရမိကြောင်း ဒီဇင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ထားသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် TNLA မှ သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီ တပ်စခန်းများသည် နမ့်ဆန်မြို့နယ် နမ့်ခေးကျေးရွာရှိ အတွင်းရှိ…

၇၄ နှစ်မြောက် ပအိုဝ်းတော်လှန်ရေးနေ့မှာ ပအိုဝ်းများ ယနေ့အချိန်ထိ စစ်အာဏာရှင်ကျဆုံးရေးကို တိုက်ပွဲဝင်တော်လှန်နေဆဲဟုဆို

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၁၊ ၂၀၂၃ ပအိုဝ်းတို့၏ တော်လှန်ရေးရည်မှန်းချက်သည်အုပ်ချုပ်သူအပြောင်းအလဲ/အုပ်ချုပ်မှုအပြောင်း အလဲကို အခြေမခံဘဲ ခေတ်ပြောင်း စနစ်ပြောင်းတော်လှန်းရေးကိုအခြေခံ​တာကြောင့်ယနေ့အချိန်ထိ စစ်အာဏာရှင်ကျဆုံးရေးကို တိုက်ပွဲဝင်တော်လှန်နေလျက်ရှိကြောင်းPNFCကပြောဆိုလိုက်သည်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရန် စစ်ကောင်စီ၏ လက်ကိုင်တုတ်အဖြစ် ကျရောက်နေသူများ ရုန်းထွက်ပြီး ပြည်သူလူထုများနှင့်အတူလာရောက်ပူးပေါင်းရန် PNFC မှ အလေးအနက်ပန်ကြားလိုက်ကြောင်းသိရသည်။ ပြည်နယ်သစ်များပေါ်ထွန်းခွင့်ရှိသည့် ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ပအိုဝ်းပြည်သူတစ်ရပ်လုံးနှင့် စစ်ကောင်စီ၏ လက် အောက်ခံ လက်ကိုင်တုတ်ဖြစ်နေတဲ့သူများလည်း…

လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေး(တောင်စျေး) မီးလောင်ပျက်စီး ………………….

ခမ်းသားငေါဝ်း၊ ဒီဇင်ဘာ ၁၀၊၂၀၂၃ ကရင်နီပြည်နယ် လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေး (တောင်ဈေး) မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးထံမှ သိရသည်။ ဒီဇင်ဘာ ၉ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်မှ လောကဓမ္မဈေးအနီး၌ လက်နက်ကြီးပစ်ခတ်နေပြီး ယနေ့ဒီဇင်ဘာ ၁၀ ရက် နံနက်အစော(၁)နာရီဝန်း ကျင်အချိန်က သီရိမင်္ဂလာဈေးတန်း မီးလောင်မှုစတင်ဖြစ်ပွားကာ နံနက် ၆ နာရီထိ မီးလောင်မှုငြိမ်းသွားကြောင်းသိရသည်။ “မီးက…

၁၀၂၇ စစ်ဆင်ရေးမှဖမ်းဆီးရမိသည့် ပြည်သူ့စစ် အဖွဲ့ဝင် ၄၉ ဦး MNDAA ပြန်လွတ်ပေး

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၀၊ ၂၀၂၃ ၁၀၂၇ စစ်ဆင်ရေး စစ်ကြောင်းမှ ဖမ်းဆီးမိသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် စစ်သုံ့ပန့် ၄၉ ဦးအား MNDAAမှ စစ်သုံ့ပန့်ဥပဒေနှင့်အညီ စစ်ဆေးပြီး ဒီဇင်ဘာလ ၉ ရက်နေ့မှာ ပြန်လည်လွတ်ပေးခဲ့ကြောင်းသိရသည်။ ၎င်းပြည်သူ့စစ်တို့သည် ကိုးကန့်ဒေသ၏ အမည်ဖြင့်ဖွဲ့စည်းထားသော်လည်း အဖွဲ့ဝင်များသည် ဗမာလူမျိုးများဖြစ်ကြပြီး အခြားပြင်ပလူမျိုးများကိုလည်း ပါဝင်ဖွဲ့စည်းခြင်းဖြစ်ကြောင်းသိရသည်။ ၂၀၀၉ ခုနှစ်ကတည်းက ကိုးကန့်၊…

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ပြည်သူတစ်ဦးချင်းပါဝင်ရန်အရေးကြီးဟု ညီနောင်မဟာမိတ် ဆို

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၀၊၂၀၂၃ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် ပြည်သူတစ်ဦးချင်းစီပူးပေါင်းပါဝင်ရန် အရေးကြီးကြောင်း ၁၀၂၇ စစ်ဆင်ရေး ၄၄ ရက်နေ့ပြည့်မှာ ပြောကြား လိုက်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေး ၄၄ ရက်မြောက်နေ့မှာ စစ်အာဏာရှင်အား မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူတစ်ဦးချင်းစီ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းလိုက်ကြောင်း ဒီဇင်ဘာလ ၉ ရက်နေ့မှ ညီနောင်မဟာမိတ် ၃ ဖွဲ့ကထုတ်ပြန်ထားသည်။ လက်ရှိ ၁၀၂၇…

စစ်ကောင်စီ၏ လယ်ကြီးတပ်စခန်း နှင့် ခိုမုန်း(မန်နား)တပ်စခန်းကို TNLA ထပ်မံသိမ်းပိုက်

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၉၊၂၀၂၃ ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီ လယ်ကြီးတပ်စခန်းနှင့် မန်တုံမြို့နယ်ရှိ စစ်ကောင်စီခိုမုန်း(မန်နား) တပ်စခန်းကို ဒီဇင်ဘာ(၇)ရက်နေ့တွင် ထပ်မံသိမ်းပိုက်ရရှိကြောင်း TNLA ကဒီဇင်ဘာလ(၈)ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။ တအာင်းစစ်ဒေသ ကျောက်မဲမြို့နယ် စစ်ကောင်စီ၏ လယ်ကြီးတပ်စခန်းကို တအာင်းတပ်မတော် TNLA နှင့် မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့က ဒီဇင်ဘာလ(၇)ရက်နေ့ နေ့လယ် (၁၁း၃၅)နာရီအချိန်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည် ဟု သိရသည်။…

အမျိုးသမီးများ အပေါ်အကြမ်းဖက်မှု လျှော့ကျ စေရေး ပြည်သူများပါဝင်ပေးရန် လိုအပ် ဟုဆို

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၉၊၂၀၂၃ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုလျှော့ကျစေ ရေး ပြည်သူများအားလုံးပါဝင်ကြရန် လိုအပ်ကြောင်း ရှမ်းတောင်အမျိုးသမီးအခွင့်အရေးလှုပ်ရှာသည့်အဖွဲ့က ၁၆ ရက်တာလှုပ်ရှားမှုတွင် ပြောဆိုသည်။ နိုဝင်ဘာ၂၅ မှ ဒီဇင်ဘာ ၁၀ ရက်ထိ ၁၆ ရက်တာ လှုပ်ရှားမှုကာလအတွင်း ဒီဇင်ဘာလ ၇ ရက်နေ့တွင် အွန်လိုင်းဖြင့် ပြုလုပ်ကျင်းပခဲ့ပြီး ဒေသခံလူထု ၅၀ ကျော် တက်ရောက်ကာ အမျိုးသမီးများအပေါ်…

နမ့်ခမ်းတွင် စစ်ကောင်စီတပ် ပေါင်(၅၀၀) ဗုံးကြဲတိုက်ခိုက်သဖြင့် ဒေသခံ(၅)ဦးသေဆုံး (၄)ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၈၊၂၀၂၃ နမ့်ခမ်းမြို့နယ် ပန်လော် နှင့် ဟိုနားရွာကို စစ်ကောင်စီတပ်က ပေါင်(၅၀၀)ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ကလေးငယ်တစ်ဦးအပါဒေသခံ(၅)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။ တအာင်းပြည်နယ်စစ်ဒေသ နမ့်ခမ်းမြို့နယ် ပန်လော်ကျေးရွာနှင် ဟိုနား(ကောင်းကပ်)ကျေးရွာသို့ စစ်ကောင်စီတပ်မှ ယမန်နေ့ဒီဇင်ဘာလ (၇)ရက်နေ့နံနက်ပိုင်းတွင် ပေါင်(၅၀၀)ရှိသောဗုံးဖြင့် အသုံးပြုတိုက်ခိုက်သောကြောင့် ကလေးငယ်တစ်ဦးအပါအဝင် (၅)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLAက ဒီဇင်ဘာလ (၇)ရက်နေ့တွင်…

စက်သုံးဆီများ နှင့် မီးဖိုဆောင်သုံး ဂက်စ်(Gass)များပြတ်လပ်သဖြင့် ဒေသခံများ သွားလာရေးနှင့် စားဝတ်နေရေး အခက်အခဲဖြစ်ရ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၈၊၂၀၂၃ အင်းလေးဒေသတွင် စက်သုံးဆီများ နှင့် မီးဖိုသုံးဂက်စ်(Gass)များ ပြတ်လပ်နေသဖြင့် ဒေသခံများ သွားလာရေးနှင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်ရကြောင်း ဒေသခံတစ်ဦ်းက ပြောဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် စက်သုံးဆီများ နှင့် မီးဖိုဆောင်သုံး ဂက်စ်(Gass)များပြတ်လပ်ပြီး ဝယ်ယူရန်အခက်အခဲရှိနေသောကြောင့် ဒေသခံများ သွားလာရေးနှင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်ရကြောင်း အင်းလေးဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။ “ဟုတ်တယ်၊ ဆီ(စက်သုံးဆီ)တွေပြတ်နေတာ။…

You missed