တပ်မတော်သားများအနေဖြင့် စစ်ကောင်စီဘက်ရပ်တည်မည့်အစား ပြည်သူဘက်ရပ်တည်ရန် IEC ဥက္ကဌပြော
ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၃၊၂၀၂၃ ကယား(ကရင်နီ)ပြည်အတွင်းရှိ တပ်မတော်သားများနှင့် ဝန်ထမ်းများအားလုံး ယနေ့တိုင်းပြည် အခက်ခဲဆုံးအခြေနေ ရောက်ရှိသည့်အချိန်တွင် စစ်ကောင်စီဘက် ရပ်တည်မည့်အစား ပြည်သူဘက်ကို ရပ်တည်ကြရန် ထပ်လောင်းတိုက်တွန်းကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)၏ ဒု-ဥက္ကဌခွန်း ဘီထူးက ပြောသည်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)မှတစ်ဆင့် “ဘက်ပြောင်းရေး အစီအမံ”စီမံကြီးကြပ်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းထားကြောင်းလည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်အသိပေးထားသည်။ “တပ်မတော်သားတွေဖက်ကတော့…