Author: khamsarngor

စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်မှုကြောင့် သီလရှင်တစ်ပါး ပျံလွန်တော်မူပြီး ဒေသခံ (၂)ဦး ထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၀၊ ၂၀၂၄ သီပေါမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများကို စစ်ကောင်စီမှ Y-12 လေယာဥ်ဖြင့် ဗုံးအလုံးရေ (၆၀) ကျော် ကျဲချတိုက်ခိုက်ခဲ့‌သောကြောင့် သီလရှင်တစ်ပါး ပျံလွန်တော်မူပြီး ဒေသခံပြည်သူ (၂)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အောက်တိုဘာ(၉)ရက်နေ့က…

မောက်မယ်ရှောက်ချိုစိုက်ခင်းများ ရေနစ်မြှုပ် သဖြင့် ရှောက်ချိုသီး စျေးနှုန်း မြင့်တက်လာ

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၀၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်တွင် နာမည်ကြီး ရှောက်ချိုစိုက်ခင်းများ ရေနစ်မြှုပ် သဖြင့် ရှောက်ချိုသီး စျေးနှုန်း မြင့်တက်လာကြောင်းကြား သိရသည်။ တောင်ကြီးမြို့ နှင့် မောက်မယ်မြို့တို့တွင် မောက်မယ် ရှောက်ချိုသီး တစ်လုံးကို…

ဆီဆိုင်မြို့ကိုပြန်ရန် စစ်ကောင်စီဂိတ် ၉ ခု၏အစစ်ဆေးကို ဖြတ်ကျော်ရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၉၊ ၂၀၂၄ တောင်ကြီးမြို့မှ ဆီဆိုင်မြို့ကိုပြန်ရန် စစ်ကောင်စီဂိတ် ၉ ခု၏ စစ်ဆေးမေးမြန်းခြင်းခံရပြီး ဖြတ်သန်းခဲ့ရကြောင်း ​သေခံများထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ဒေသခံများ သည် သီတင်းကျွတ်ကာလ နေရပ်ပြန်သည့်ပြည်သူများနှင့်ခရီးသွားများသည် စစ်ကောင်စီဂိတ်တွင် စစ်ဆေးမေးမြန်းခြင်းနှင့်အချိန်ကုန်ပြီး လိုရာခရီး…

အင်ဒိုနီးရှားတွင် ပြုလုပ်သည့် မြန်မာ့အရေးဆွေးနွေးသည့် အစည်းအဝေးသို့ RCSS/SSA တက်ရောက်ခဲ့

ခမ်းသားငေါဝ်း အောက်တိုဘာ ၉၊ ၂၀၂၄ အင်ဒိုနီးရှာနိုင်ငံတွင် ပြုလုပ်သည့် နိုင်ငံတကာထိပ်တန်းသံတမန်‌များရဲ့ မြန်မာ့အရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း (RCSS/SSA) က အောက်တိုဘာ(၈)ရက်တွင် ထုတ်ပြန်ထားသည်။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပသည့် မြန်မာ့အရေးဆွေးနွေးပွဲ အစည်းအဝေးအားအောက်တိုဘာ(၃)ရက် မှ(၅)ရက်အထိ ကျင်းပြခဲ့ပြီး…

လူပျောက်ရှာဖွေသည့် DLEPS တပ်ဖွဲ့ဝင် ၃ ဦးအား ARSA တပ်ဖွဲ့ မှ ခြုံခိုတိုက်ခိုက်ခဲ့၍ ၁ ဦး သေဆုံး၊၂ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၉၊ ၂၀၂၄ လူပျောက်ရှာဖွေရန်ထွက်လာသည့် DLEPS ၏ အာရက္ခ ပြည်သူ့လုံခြုံရေးအထောက်အကူပြုအဖွဲ့ တပ်ဖွဲ့ဝင် ၃ ဦးကို ARSA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ မှ ခြုံခိုတိုက်ခိုက်ခဲ့ခြင်းကြောင့် ၁ ဦးသေဆုံးပြီး၊ ၂ ဦးဒဏ်ရာရသွားကြောင်း…

သကြားစက်ရုံကို စစ်ကောင်စီမှ ဗုံကျဲတိုက်ခိုက်သဖြင့် ဝန်ထမ်း (၂)ဦးထိခိုက်ပြီး အဆောက်အဦးပျက်စီး

ခမ်းသားငေါဝ်း အောက်တိုဘာ ၉၊ ၂၀၂၄ မိုင်းရယ်မြို့ သံတောင်ဦးသကြားစက်ရုံကို စစ်ကောင်စီမှ အောက်တိုဘာ(၉)ရက်၊နံနက် (၂)နာရီခွဲဝန်းကျင်တွင် လေယာဉ် ဗုံးကျဲ တိုက်ခိုက်သဖြင့် ဝန်ထမ်းနှစ်ဦးထိခိုက်ပြီး အဆောက်အဦးပျက်စီးခဲ့ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့နှင့် (၁၄)မိုင်အကွာမှာ တည်ရှိသော…

တစ်ဘက်ချောင်းအနီးကုန်းဆွတ်ရွာတွင် တိုက်ပွဲ ဒဏ်အပြင်ရေကြီးရေလျှံမှုဒဏ်ပါခံရပြီး စိုက်ခင်းများအကုန်ပျက်စီး

ခမ်းသားငေါဝ်း အောက်တိုဘာ ၉၊၂၀၂၄ ဆီဆိုင်မြို့အနောက်ဘက် နမ့်တဘက်ချောင်းအနီး ကုန်းဆွတ်ရွာတဝိုက်တွင် ရေကြီးရေလျှံမှုဖြစ်ပြီး စိုက်ခင်းများအကုန်နှစ်မြုပ်ဆုံးရှုံး ခဲ့ရကြောင်းသိရသည်။ ရှမ်းပြည်တောင်ပိုင်းဆီဆိုင်မြို့နယ် ကုန်းဆွတ်ရွာအနီးတစ်ဝိုက်ရှိစိုက်ခင်းများသည်တစ်လနီးပါးရေမြှုပ်နေပြီးပျက်စီးကာ ဒေသခံများစားဝတ်နေရေး အခက်ခဲဖြစ်စေမည်ကိုစိုးရိမ်ကြသည်။ “ကျမတို့ဆို စစ်ကြောင့်အိမ်ဆုံးရူံးရတယ်၊ရေဘေးကြောင့်ရင်းနှီးပြီးစိုက်ပျိူးရတဲ့ စပါးပင်တွေပြောင်း ပင်တွေ ဆုံးရူံးကုန်တယ်၊အခုစိုက်ထည့်လို့လဲအဆင်မပြေသေးဘူး၊မျိူး‌စေ့ အကြွေးယူထားတာတွေလဲမဆပ်နိုင်သေးဘူး၊လက်ရှိစား၀တ်နေရေးကိုတော့ဖြစ်သလိုအဆင်ပြေအောင်ဖြေရှင်းနေရတယ်”ဟုဒေသခံ အမျိူးသမီးတစ်ဦးကပြောသည်။…

ရွှေဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို မိသားစုဝင်များနှင့် ထောင်ဝင်စာ ဧည့်တွေ့ခွင့် ပိတ်ပင်ထား

ခမ်းသားငေါဝ်း အောက်တိုဘာ ၉၊ ၂၀၂၄ စစ်ကိုင်းတိုင်း၊ ရွေဘိုအကျဥ်းထောင်တွင် မတရားဖမ်းဆီးထားခံရသည့် နိုင်ငံရေးအကျဥ်းသားများကို ဇွန်လ ၁ ရက်နေ့ကတည်းကစပြီး မိသားစုဝင်များ နှင့် ထောင်ဝင်စာ ဧည့်တွေ့ခွင့် မပေးတော့ကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက် PPNM ကထုတ်ပြန်ထားသည်။ အကျဉ်းထောင်များအတွင်း…

အင်းလေးကန်ရှိနေအိမ်များ အချိန်ကြာမြင့်စွာ ရေနစ်မြုပ်ခြင်းကြောင့် အိမ်ကြမ်းခင်းများ ဆွေးမြည့် ပျက်စီးလာ

ခမ်းသားငေါဝ်း အောက်တိုဘာ ၉၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ရှိ နေအိမ်များ အချိန်ကြာမြင့်စွာ ရေနစ်မြုပ်ခြင်းကြောင့် နေအိမ်ကြမ်းခင်းများ ဆွေးမြည့် ပျက်စီးလာကြောင်း ဒေသခံများ ထံမှ သိရသည်။ အင်းလေးကန် ရေပေါ်တွင် ဆောက်ထားသည့်…

တောင်ကြီးမြို့တွင် အိမ်ငှားခများလစဥ် စျေးတက်နေသောကြောင့် အိမ်ငှားနေသူများအခက်တွေ့

ခမ်းသားငေါဝ်း အောက်တိုဘာ ၈၊ ၂၀၂၄ တောင်ကြီးမြို့တွင် အိမ်ငှားခများ လစဥ်စျေးတက်နေသောကြောင့် အိမ်ငှားသူများ အခက်အခဲဖြစ်နေကြောင်း စစ်ရှောင်ရင်းအိမ်ငှားနေသူတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့တွင် လာရောက်ခိုလှုံနေထိုင်သူ များလာခြင်းနှင့်အတူ အိမ်ငှားစရိတ်များ လစဥ်မြှင့်တက်နေသောကြောင့် အိမ်ငှားနေထိုင်သူများ အခက်အခဲကြုံနေရသည်။ ” ဒီမှာက အရင်သုံးလကစပြီး…