စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် စစ်ရှောင် ပြည်သူ ၂ ဦးထိခိုက်သေဆုံး
ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၅၊ ၂၀၂၃ ဖယ်ခုံသို့ ပြောင်းဖူးပြန်သယ်သည့် စစ်ရှောင်ပြည်သူများ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ယာဉ်မောင်းတစ်ဦးနှင့် လိုက်ပါလာသူ တစ်ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဗန်းမောက်ဒေသခံ တစ်ဦးပြောပြချက်အရသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် – ဖယ်ခုံနယ်စပ်ရှိ ဗန်းမောက်ကျေးရွာဆိုင်းဘုတ်အနီးတွင်ဒီဇင်ဘာ ၂၀ ရက်က စစ်ရှောင်များ မိမိနေရပ်၌ စိုက်ပျိုးထားသည့် ပြောင်းကိုပြန်သယ်ယူရာ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးဖြင့် ပစ်လိုက်သည့်အတွက်…