Author: khamsarngor

စစ်ကောာင်စီတပ်က ပြည်ထောင်စုလမ်းမကြီးကို ပိတ်ထားသဖြင့် ဖယ်ခုံမြို့ထဲ ဒေသခံများ ပိတ်မိနေ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၃၊၂၀၂၄ စစ်ကောာင်စီတပ်က ပြည်ထောင်စု လမ်းမကြီးကို ပိတ်ထားသဖြင့် ဖယ်ခုံမြို့ထဲ ဒေသခံများ ပိတ်မိနေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် တိုက်ပွဲပြင်းထန်‌ပြီး စစ်ကောင်စီ ပစ်ခတ်သည့်လက်နက်ကြီးထိမှန်မှုကြောင့် ကုန်ဆုံကျေးရွာ ဘုန်းကြီးကျောင်း ပျက်စီးကာ၊ မထွက်နိုင်သည့် ဒေသခံများစွာလည်း ပိတ်မိနေသေးကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ လက်ရှိတွင် စစ်ကောာင်စီတပ်သည် ဖယ်ခုံမြို့နယ် ကုန်ဆုံကျေးရွာ မှ…

ပင်လုံဓားပြတိုက်မှုတွင် တရားခံကို ဖမ်းမိခြင်းမရှိသေးသောကြောင့် ဒေသခံများစိုးရိမ်နေရ ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၃၊၂၀၂၄ ပင်လုံမြို့ ဖြစ်ပွားခဲ့သည့် ဖုန်းဆိုင်ဓားပြတိုက်လူသတ်မှုတွင် ယနေ့အထိ တရားခံကို ဖမ်းမိခြင်း မရှိသေးသောကြောင့် မြို့ခံပြည်သူများက လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်နေ့၌ ဖုန်းဆိုင်တစ်ဆိုင်ဓားပြတိုက်ခံရပြီး ပိုင်ရှင်ဦးတင်ထွန်း နှင့် ဆိုင်ဝန်ထမ်းအပါအဝင် လူ ၄ ဦးကို ဓားပြအဖွဲ့က ပစ္စတိုသေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွားပြီးနောက် လက်ရှိတွင်…

လိမ္မော်သီး အဆမတန်ဈေးကျသဖြင့် လိမ္မော်သီးစိုက်တောင်သူများ အခက်ခဲကြုံတွေ့နေရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၃၊၂၀၂၄ ယခုနှစ်တွင် လိမ္မော်သီး အဆမတန်ဈေးကျသဖြင့် လိမ္မော်သီးစိုက်ပျိုး‌တောင်သူများအတွက် အခက်ခဲကြုံတွေ့နေရကြောင်း လိမ္မော်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်ရှိ လိမ္မော်သီးစိုက်ပျိုး‌တောင်သူများသည် ယခုနှစ်တွင် လိမ္မော်သီး အဆမတန်ဈေးကျသဖြင့် အခက်ခဲကြုံတွေ့နေရကြောင်း လိမ္မော်စိုက် တောင်သူတစ်ဦးက ဇန်နဝါရီ ၃ ရက်နေ့တွင် ပြောဆိုသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းတွင် စားသုံးကုန်အမျိုးမျိုး ကုန်ဈေးနှုန်းအဆမတန်မြင့်တက်လာပြီး စိုက်ပျိုးသီးနှံ့ထွက်ကုန်များက ဈေးကောင်းမရသဖြင့် လိမ္မော်စိုက်တောင်သူများစားဝတ်နေရေးအခက်ခဲကြုံတွေ့နေရကြောင်း…

ပင်လုံမြို့တွင်း အမြန်မောင်းနှင်သည့်တွဲကားများကိုထိရောက်သည့်အရေးယူမှု ပြုလုပ်ပေးစေလို ဟု ဒေသခံများ ပြောဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၊၂၀၂၄ ပင်လုံမြို့တွင်း မြို့ကိုဖြတ်မောင်းနှင်သည့်တွဲကားများသည် အရှိန်မလျော့ပဲ အမြန်မောင်းနှင်နေကြပြီး အန္တရာယ်ရှိနိုင်သဖြင့် အဆိုပါတွဲကားများကို ထိရောက်သည့်အရေးယူမှု ပြုလုပ်‌ပေးစေလိုကြောင်း ပင်လုံမြို့ခံများက ပြောဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့အတွင်း ယနေ့ ဇန်နဝါရီ ၂ ရက်နေ့ နံက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် ပင်လုံမြို့ရှိ မဟာရဋ္ဌာဘိသာမဂ္ဂီဘုရားရှေ့နှင့် ရေကန်ရှေ့တွင် တွဲကား ၆ စီးက…

ဒီဇင်ဘာလအတွင်း ခိုးဆိုးလုယက်မှု ဓားပြတိုက်သတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်ပွားပြီး အရေးယူဆောင်ရွက်မှုမရှိ ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၊၂၀၂၄ ရှမ်းတောင်ရှိ မြို့နယ်များတွင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ခိုးဆိုးလုယက်မှု ဓားပြတိုက်သတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ပင်လုံမြို့နယ် နှင့် ဟိုပုံးမြို့နယ်များတွင် ခိုးဆိုးလုယက်မှုများ၊ ဓားပြတိုက်ပြီး သတ်ဖြတ်မှုများဆက်တိုက်ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာများမှလည်း အရေးယူ ဖမ်းဆီးမှုများ အားနည်းနေခဲ့ကြောင်း သိရသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းတွင် တရားဥပဒေစိုးမိုးမှု…

ပင်လောင်းမြို့နယ်ရှိ စစ်ရှောင်များအတွက် စားနပ်ရိက္ခာ နှင့် အသုံးအဆောင်များ အရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၊၂၀၂၄ ပင်လောင်းမြို့နယ်ရှိ စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ၊ စောင်၊ အနွေးထည်နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်တစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တောင်ဖက်ခြမ်းရှိ စစ်ရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ၊ စောင်၊ အနွေးထည်နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်တစ်ဦးက ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြောဆိုသည်။ အဆိုပါစစ်ရှောင်များသည် ၎င်းတို့မှ ပါ‌‌လာသော ဆန်များမှာ…

ဘော်ဆိုင်းတွင် ရဲနှင့်အုပ်ချုပ်ရေးမှူးများလိုင်းကြေးယူပြီး လောင်းကစားဝိုင်းဖွင့်ပြီးပြုလုပ်နေ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ဘော်ဆိုင်းဒေသတွင် နယ်မြေရဲနှင့် အုပ်ချုပ်ရေးမူး ကလိုင်းကြေးရရယူပြီး လောင်းကစားဝိုင်းများတရားဝင် ဖွင့်ခွင့်ပေးထားကြောင်း သိရသည်။ အထက ၆ ကျောင်းရံပုံငွေနှင့် ပြည်တော်သာရပ်ကွက် ဓမ္မာရုံ တည်ဆောက်ရန် အကြောင်းပြပြီးတရားဝင်ပုံစံနှင့် လွတ်လွတ်လပ်လပ် လောင်းကစားဝိုင်းဖွင့်လှစ်နေကြသည်ဟု သတင်းရင်းမြစ် ကခမ်းသားငေါဝ်းကိုပြောသည်။ “ပြုလုပ်နေတာကြာပါပြီ အရင်ကလည်း ၆ လလောက်လုပ်တယ် ခုအထက(၆)ရံပုံငွေ တစ်ရက်တစ်သိန်းပေးတယ်…

ဒီမောဆို အနောက်ခြမ်းရှိ စစ်ရှောင်စခန်းများတွင် ဆန်ပြတ်လပ်နေပြီး စစ်ရှောင်များ အခက်အခဲ ကြုံတွေ့နေရ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၆၊၂၀၂၃ ကယား(ကရင်နီ)ပြည် ဒီမောဆို အနောက်ခြမ်းရှိ စစ်ရှောင်စခန်းများတွင် ဆန်နှင့် စားနပ်ရိက္ခာများပြတ်လပ်နေပြီး ဒေသခံနှင့် စစ်ရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စစ်ရှောင်ကူညီသူတစ်ဦးထံမှ သိရသည်။ စစ်ကောင်စီက အဆိုပါဒေသသို့ စားနပ်ရိက္ခာများ သယ်ယူရေး လမ်းကြောင်းများကို ပိတ်ဆို့ထားသလို အခြား‌တောလမ်းတွင်လည်း တိုက်ပွဲပြင်းထန်နေပြီး နယ်မြေကူးသန်းသွားလာရန်အခက်အခဲများရှိနေသောကြောင့် ဒေသခံနှင့်စစ်ရှောင်များအတွက် အခက်အခဲ ပိုမိုဖြစ်ရကြောင်း ဆိုသည်။ “သူတို့က တောင်ယာစပါး…

ဆီဆိုင်မြို့နယ်ရှိကျေးရွာများတွင် PNLO/PNLA အဖွဲ့မှ ကားရှိသည့်အိမ်များကို အခွန်ဆောင်ခိုင်းခြင်းရှိနေ ဟုဆို

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၆၊၂၀၂၃ ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)မှ ကားရှိသည့်အိမ်များကို အခွန်ဆောင်ခိုင်းခြင်း ရှိနေသောကြောင့် ဒေသခံလူထုများက အခက်အခဲဖြစ်ရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ယခုရက်ပိုင်းအတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)မှ ကားရှိသည့်မည်သူမဆို မဖြစ်မနေ သတ်မှတ်ထားသည့်နှုန်းအတိုင်း အခွန်များဆောင်ခိုင်းသဖြင့် ဒေသခံလူထုများအခက်အခဲဖြစ်ရကြောင်း ဒေသခံတစ်ဦးက ယနေ့ဒီဇင်ဘာ(၂၆)ရက်နေ့တွင် ပြောဆိုသည်။ “သူတို့ဒီလိုလုပ်တော့ အခက်အခဲတော့ ဖြစ်တာပေါ့၊…

အစုလိုက်အပြုံလိုက်​ပြည်သူသတ်ဖြတ်ခံရမှု တဖြည်းဖြည်း မေ့ပျောက်သွားခြင်းမျိုး အဖြစ်မခံဘူးဟု IEC ပြော

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၅၊၂၀၂၃ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသည့်အပြစ်မဲ့ပြည်သူနှင့် ကျန်ရစ်မိသားစုများအတွက်တရားမျှတမှုမရပဲ တဖြည်းဖြည်း မေ့ပျောက်သွားခြင်းမျိုး အဖြစ်မခံနိုင်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)မှ ဒီဇင်ဘာ ၂၅ ရက်နေ့ ခမ်းသားငေါဝ်းကိုပြောသည်။ ကရင်နီပြည် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး၌ ၂၀၂၁ ခု ဒီဇင်ဘာ၂၄ ရက်နေ့တွင် အသက် ၁၈ မပြည့်သေးသောလူငယ် ၃ဦးနှင့် လူမှုရေးအဖွဲ့အစည်းဝန်ထမ်း ၂ဦး၊ အရပ်သား (၄၅)ဦးနှင့် နယ်ခြား စောင့်တပ်ဖွဲ့ဝင်…

You missed