Author: khamsarngor

ပင်လောင်းတောင်ဘက် မိုင်းဖြတ် လွယ်ဖွီးရွာဘက်တွင် တိုက်ပွဲပြင်းထန်နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၂၊ ၂၀၂၄ ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးဖြင့် အပြင်းအထန်တိုက်ခိုက်နေကြောင်း အောက်တို ဘာလ (၂၂)ရက်‌နေ့တွင် ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ဘက် ရှမ်း-ကယားနယ်စပ်တွင် စက်တင်ဘာလဒုတိပတ်မှစတင်ကာ ယနေ့ထိတိုင်စစ်ကောင်စီ၊…

အများသုံးကား ဝယ်ရန်ဟုဆိုကာ တစ်အိမ်အနည်းဆုံး ၇ သောင်းကျပ် ကောက်ခံမည်ဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၂၊ ၂၀၂၄ ဆီဆိုင်မြို့ ဟိုခဲရပ်ကွက်တွင် အများသုံးကား၀ယ်ရန် တစ်အိမ်လျှင် အနည်းဆုံးခုနှစ်သောင်းကျပ်ကောက်ခံသွားမည်ဖြစ်ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ ဟိုခဲရပ်ကွက်တွင် အများသုံးကားမရှိသေးသည့်အတွက် ရပ်ရွာအတွင်းအဆင်ပြေစေရန်၊ ကားတစ်စီး၀ယ်ရန်အတွက် ရပ်ကွက်အတွင်း တစ်အိမ် အနည်းဆုံးခုနှစ်သောင်းကျပ်…

အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် ရေလွမ်းမိုးခြင်း၊မိုးကြိုးပစ်ခြင်းနှင့်၊ လေပြင်းတိုက်ခိုက်ခြင်းများဖြစ်ပေါ်လာနိုင်ကြောင်း NUG အသိပေး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၂၊ ၂၀၂၄ အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် မြို့ပြဒေသများတွင် ရေလွှမ်းမိုးခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်သည့်အတွက် လုံခြုံသည့်နေရာများတွင် သတိပြု နေထိုင်နိုင်ကြပါရန် NUG ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၂ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။ ထို့အပြင်…

နောင်ချိုနှင့် နမ့်ဆန်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲရာ ပြည်သူ ၁ ဦးထိခိုက်ပြီး အဆောက်အဦးများပျက်စီး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၂၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နှင့် နမ့်ဆန်မြို့တို့ကို စစ်ကောင်စီတပ်က အောက်တိုဘာလ (၂၁)ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြ အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း (TNLA)…

လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကျဲမှု၊ လူ(၂)ဦး ထိခိုက်၊ အဆောက်အဦးပျက်စီး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၂၊ ၂၀၂၄ လားရှိုးမြို့ကို စစ်ကောင်စီမှ ထပ်မံဗုံးကျဲတိုက်ခိုက်သဖြင့် ဒေသခံပြည်သူ (၂)ဦးထိခိုက်ဒဏ်ရာရပြီး အဆောက်အဦးများ ပျက်စီးသွားကြောင်း သိရသည်။ ရှမ်းပြည်နယ် မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့၊ ရပ်ကွက် (၁၂)တွင် အောက်တိုဘာ(၂၂)ရက်၊…

တောင်ကြီးမြို့နယ်တွင် ရေကြီးရေလျှံဖြစ်ပြီး ခရမ်းချဥ်သီးတစ်ပိဿာ ၆၀၀၀ ကျပ်ထိစျေးနူန်းမြှင့်တက်နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၁၊ ၂၀၂၄ တောင်ကြီးမြို့တွင်အောက်တိုဘာလအတွင်းခရမ်းချဥ်သီးတစ်ပိဿာ ၆၀၀၀ ကျပ်ထိစျေးနူန်းမြှင့်တက်လာကြောင်းဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့တွင်အောက်တိုဘာလ ၁၈ ရက်နေ့ကခရမ်းချဥ်သီးတစ်ပိဿာကို ၄၀၀၀ ကျပ်ရှိရာကနေရက်ပိုင်းအတွင်းမှာပဲ ၆၀၀၀ ကျပ်ထိစျေးမြှင့်တက်လာကြောင်းသိရသည်။ “အရင်ထက်တော့စျေးတက်လာတယ်၊စက်တင်ဘာလတုန်းဆိုတစ်ပိဿာမှ၂၀၀-၃၀၀ထိဘဲ၊ ရေကြီးရေလျှံဖြစ်ပြီးနောက်ခရမ်းချဥ်သီးဈေးတစ်ဖြည်းဖြည်းချင်းတက်လာတယ်၊သူချည်းဘဲတက်တာမဟုတ်ဘူးလေ၊တစ်ခြားသီးနှံတွေရောဘဲတက်တယ်”ဟုကုန်စိမ်းသည်အမျိူးသမီးတစ်ဦးကပြောသည်။ စက်တင်ဘာလတွင်ခရမ်းချဥ်သီးတစ်ပိဿာဈေးအများဆုံး၅၀၀ကျပ်သာရရှိသောကြောင့်လမ်းဘေးတွင်သွန်ပစ်ခဲ့ရပြီးရေကြီးရေလျှံဖြစ်ပြီးနောက်ခရမ်းချဥ်သီးစျေးပြန်တက်လာရခြင်းဖြစ်သည်။ ခရမ်းချဥ်သီးစိုက်တောင်သူတစ်ဦးကလည်း”ခရမ်းချဥ်သီးကမိုးများရင်မိုးဒဏ်မခံနိုင်ဘူးလေ၊အပင်တွေအနာဖြစ်လာတယ်၊အပင်တွေအနာဖြစ်တော့ဆေးဖိုးတွေထပ်ကုန်ပြန်ရော၊နောက်ပြီးအမြန်ခူးရတယ်၊စျေးကွက်ထဲမှာသာစျေးကောင်းရနေတာ”ဟု၎င်းကပြောသည်။ ရှမ်းတောင်တွင်ခရမ်းချဥ်သီးအဓိကစိုက်ပျိူးသည့်ဒေသများမှာအင်းလေး၊ကလော၊အောင်ပန်း၊ပင်လောင်း၊နောင်တရား၊ ညောင်ရွှေစသည့်ဒေသများဖြစ်ကြောင်းသိရသည်။…

ရွှေညောင်နှင့် ကလောတို့တွင်တစ်ရက်အတွင်း မော်ဆိုင်ကယ် ၆ စီးထက် မနည်း ပျောက်ဆုံး

ခမ်းသားငေါဝ်း အောက်တိုဘာ၂၁၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ နှင့် ကလောမြို့ တို့တွင် တစ်ရက်အတွင်း မော်တော်ဆိုင်ကယ် ၆ စီး ထက် မနည်း ပျောက်ဆုံးမှု ရှိခဲ့ကြောင်းသိရသည်။ အောက်တိုဘာလ (၁၉) ရက်တွင်…

ရွာငံတွင် စစ်ဆေးရေးတင်းကြပ်မှုကြောင့် ခရီးသွားဧည်သည်လာရောက်လည်ပတ်သူနည်းပါး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၁၊ ၂၀၂၄ ရွာငံမြို့နယ်ရှိဂိတ်များတွင် အစစ်ဆေး တင်းကြပ်မှုကြောင့် သီတင်းကျွတ်အချိန်ကာလတွင် ခရီးသွားဧည်သည်များ လာရောက်လည်ပတ်သူ နည််းပါးကြောင်းဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်းပိုင်း ၊ ရွာငံမြို့ရှိ ရွာငံ-အောင်ပန်းလမ်း ကျုံးဂိတ် ၊ ရွာငံမြို့အဝင်ဂိတ်နှင့် မန္တလေးသွားလမ်း…

ရေဘေးသင့်အင်း​လေး ရွာသာကျေးရွာအုပ်စု ရှိ ကျေးရွာများတွင် စားနပ်ရိက္ခာ နှင့် သောက်ရေသန့်များ လိုအပ်နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၁၊ ၂၀၂၄ ရေဘေးသင့် အင်းလေးကန် မြောက်ဘက် ရွာသာကျေးရွာအုပ်စုရှိ ကျေးရွာများတွင် စားနပ်ရိက္ခာ နှင့် သောက်ရေသန့်များ လိုအပ်နေကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်းညောင်ရွှေမြို့နယ် အင်းလေးဒေသရွာသာကျေးရွာအုပ်စုရှိ ရွာသာ…

ဆီဆိုင်မြို့တွင် ရေကြီးရေလျှံမူဖြစ်ပွားပြီး စပါး၊ ပြောင်းခင်းများပျက်စီးပြီး စပါးအသစ်ဈေးထပ်ကျမည်ကို စိုက်ပျိုးသူများစိုးရိမ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၁၊ ၂၀၂၄ ဆီဆိုင်မြို့တွင် ရေကြီးရေလျှံမူဖြစ်ပွားပြီးတဲ့‌နောက်စပါး‌များ၊ ပြောင်းခင်းများပျက်စီးပြီး စပါးအသစ်ထွက်ပေါ်သည့်အခါ ဈေးများကျဆင်းနေသည့်အတွက်ဈေးထပ်ကျမည်ကို စိုက်ပျိုးတောင်သူများက ကစိုးရိမ်‌နေကြောင်းသိရသည်။ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် ရေကြီးရေလျှံဖြစ်ပြီ‌တဲ့နောက်စပါးအသစ်ဈေးများ အဆက်မပြတ်ကျနေ သောကြောင့် စပါးစိုက်သောတောင်သူများအတွက်အခက်အခဲရှိနေကြောင်းသိရသည်။ “စပါးဈေးကအခုကျတစ်ထပ်ကျနေတော့ အဒေါ်တို့အတွက်အဆင်မပြေဘူး၊ ရေကြီးပြီးစပါးပျက်တာလဲများ…