Author: khamsarngor

စစ်ကောင်စီကိုရရာနည်းလမ်းဖြင့် အတူတကွတော်လှန်ကြရန် ဟု TNLA တိုက်တွန်း

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၂၊၂၀၂၄ တိုင်းရင်းသားပြည်သူများကို ဦးတည်ပြီး စစ်ရာဇဝတ်မှုအမျိုးမျိုးကျူးလွန်နေသည့် စစ်ကောင်စီကို ရရာနည်းလမ်းဖြင့် အတူတကွ တော်လှန်ကြရန် ယနေ့တွင် TNLA က တိုက်တွန်းထားပါသည်။ တိုင်းရင်းသားပြည်သူများကို ဦးတည်ပြီးလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ပစ်ခတ် ချေမှုန်းခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ အပြစ်မဲပြည်သူများအား သတ်ဖြတ်ခြင်း၊ဖမ်းဆီးခြင်း ထောင်ချခြင်း စစ်ရာဇဝတ်မှုအမျိုးမျိုးကျူးလွန်နေသည့် စစ်ကောင်စီကို ရရာနည်းလမ်းဖြင့် အတူတကွ တော်လှန်ကြရန် ၆၁…

၁၀၂၇ စစ်ဆင်ရေးအပါအဝင် နွေဦးတော်လှန်ရေး အောင်မြင်မှုနှင့်အတူ တော်လှန်ရေးအင်အားစုများကြား ဘုံသဘောတူညီချက်ရရှိရန် လိုအပ် ဟု PNFCဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၂၊၂၀၂၄ ၁၀၂၇ စစ်ဆင်ရေးအပါအဝင် နွေဦးတော်လှန်ရေး အောင်မြင်မှုနှင့်အတူ တော်လှန်ရေးအင်အားစုများအကြား ဘုံသဘောတူညီချက်တစ်ခုရရှိရန် လိုအပ် ကြောင်း ၆၁ နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့အား ပေးပို့သည့် ပအိုဝ်းအမျိုးသားဖတ်ဒရယ်ကောင်စီ PNFC ၏ သ၀ဏ်လွှာတွင် ဆိုထားသည်။ တအာင်းအမျိုးသားလွှတ်မြှောက်ရေး တော်လှန် ရေးအလံကို ၆၁ နှစ်ပြည့်မြှောက်သည့်တိုင်အောင်ဆက်လက်လွင့်ထူချီတက်၍ အသက်၊သွေး၊ချွေး၊ဘဝပေါင်းများစွာ ရင်းနှီးစွန့်လွှတ်ပြီး ရေးထိုးစိုက်ထူနေကြသည့် တအာင်းအမျိုးသားလွှတ်မြှောက်မှု…

ပျူစေားထီးသင်တန်းလိုက်ပေးသူ ဦးကျော်မဲကို ရွာငံ PDF နှင့် မဟာမိတ်အဖွဲ့က ရှင်းလင်း

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၁၊၂၀၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွာငံနှင့် ပင်းတယမြို့နယ်တွင် ပျူးစေားထီး သင်တန်းလိုက်ပေးနေသည့် ဦးကျော်မဲကို ရွာငံ PDF နှင့် မဟာမိတ်အဖွဲ့က သုတ်သင်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ဇန်နဝါရီ ၁၀ ရက်ည ၇ နာရီအချိန်တွင် ရွာငံမြို့နယ်၊ တောင်းကြားရွာရှိ နေအိမ်၌ စစ်ကြောင်းမှ ပြန်လာပြီး အနားယူနေစဉ် ဦးကျော်မဲကို ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။…

ဖယ်ခုံတွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် နှင့် ဘာသာရေးအဆောက်အဦးများ ထိခိုက်ပျက်စီး

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၁၊၂၀၂၄ ရှမ်း-ကယား နယ်စပ်ဖယ်ခုံမြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်းရေးအင်အားစုအကြား တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် နှင့် ဘာသာရေးအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့ညမှစပြီး နှစ်ဘက်တိုက်ပွဲပြင်းထန်ဖြစ်ပွားကာ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်များမီးလောင်ပြာကျခဲ့ရသည်။ “တိုက်ပွဲစဖြစ်ကတည်းက လေယာဥ်နဲ့ဗုံးကြဲတာတွေရှိတယ်။ အိမ်တွေကျောင်းတွေအခြားအဆောက် အအုံတွေ ထိခိုက်တာအများကြီးပဲ။ ဘယ်လောက်များလည်းတော့မသိရဘူး၊…

အာဆီယံအထူးကိုယ်စားလှယ်များ နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၇)ဖွဲ့ တွေ့ဆုံ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၁၊၂၀၂၄ အာဆီယံအထူးကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဝင်များသည် ယမန်နေ့ ဇန်နဝါရီလ(၁၀)ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။ နေပြည်တော်တွင် လာအိုနိုင်ငံမှ အာဆီယံအထူးကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၇)ဖွဲ့သည် လူသားချင်းစာနာထောက်ထားမှုအတွက်နှင့် အားလုံးပါဝင်သည့် ဒိုင်ယာလော့တစ်ခုဖြစ်လာစေရန် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ “အခုလောလောဆယ် EOဘက်ကလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ပတ်သက်တဲ့ အကြောင်းတွေလည်းဆွေးနွေးပေးတယ်၊ ဘာလို့ဆို အခုအခြေနေက လူသားချင်းစာနာထောက်ထားမှုက အများကြီးလိုအပ်နေတယ် ပြီးတော့အားလုံးပါဝင်တဲ့ဒိုင်ယာလော့တစ်ခု…

မှော်ဘီတံတားဂိတ်တွင် ဖြတ်သန်းသွာလာသူများကို ငွေတောင်း၊စစ်ဆေးနေ၍ ဒေသခံများအခက်ခဲဖြစ်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၁၊၂၀၂၄ မှော်ဘီတံတားဂိတ် ဖြတ်သန်းသွားလာသည့် ဒေသခံများကို ငွေတောင်းငွေညစ်ခြင်း နှင့် တင်းကြပ်စစ်ဆးနေသဖြင့် ဒေသခံနှင့်ခရီးသွား ပြည်သူများ အခက်ခဲဖြစ်ရကြောင်း ခရီးသွားတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် မှော်ဘီတံတားပေါ်ရှိဂိတ်တွင် ဖြတ်သန်းသွားလာသည့် ဒေသခံများကို ငွေတောင်းငွေညစ်မှုမကြာခနရှိနေပြီး တင်းကြပ်စွာစစ်ဆးသဖြင့် ဒေသခံနှင့်ခရီးသွား ပြည်သူများ အခက်ခဲကြုံတွေ့ နေရကြောင်း ‌ခရီးသွားတစ်ဦးက ယနေ့တွင် ပြောဆိုသည်။ ဂိတ်စောင့် စစ်သားများသည်…

ဖယ်ခုံမြို့မ ရဲစခန်း နှင့် စစ်ကောင်စီလက်အောက်ခံ အစိုးရဌာနရုံးများကို ကရင်နီတော်လှန်းရေးတပ်ပေါင်းစုများ တိုက်ခိုက်သိမ်းပိုက်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၁၊၂၀၂၄ ဖယ်ခုံမြို့မ ရဲစခန်း နှင့် စစ်ကောင်စီလက်အောက်ခံ အစိုးရဌာနရုံးများကို ကရင်နီတော်လှန်းရေးတပ်ပေါင်းစုများက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ ဖယ်ခုံမြို့မရဲစခန်းနှင့် စစ်ကောင်စီလက်အောက်ခံ အစိုးရဌာနရုံးများကို တော်လှန်ရေးတပ်ပေါင်းစုက ၁၁၁၁ စစ်ဆင်ရေးအဖြစ် ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဝင်ရောက်စီးနင်းပြီး တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ကြောင်း ကရင်နီတော်လှန်ရေးတပ်တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ “ဖက်ခုံမှာ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်လာတာက…

တောင်ကြီးမြို့အနီးရှိ ကျေးရွာများတွင် ပတ်စပို့အကြောင်းပြုပြီး ဒေသခံများထံ ငွေကြေးလိမ်လည်မှုဖြစ်ပွား

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၀၊၂၀၂၄ တောင်ကြီးမြို့အနီးရှိ ကျေးရွာများတွင် နိုင်ငံခြားသွားရန် နိုင်ငံကူးလက်မှတ်ပတ်စပိုစ့်၊ ပီဇာ လုပ်​ပေးမည်ဟုဆိုကာ ဒေသခံလူငယ်များထံ ငွေလိမ်လည်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရပါသည်။ တောင်ကြီးမြို့အနီးရှိ ထီသိမ်၊ ထီခုံး၊ ဖက်ကွန်၊ ရေတံခွန်၊ နတ်ကန်၊ ပလီလင်းနှင့် ပေါမူကျေးရွာများတွင် နေထိုင်သည့် လူ(၁၀၀)ကျော်ထံမှ တစ်ဦးလျှင် ငွေ ၈ သိန်းကျပ် ငွေကြေးလိမ်လည်ခံရကြောင်း လိမ်လည်ခံရသူနှင့် နီးစပ်သူတစ်ဦးက ယနေ့…

တီကျစ်ဒေသရောက် ကရင်နီပြည်စစ်ရှောင်များအတွက် PNFC မှတဆင့် ကိုရီးယားရောက် ဂီတအဖွဲ့ကကူညီထောက်ပံ့

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၀၊ ၂၀၂၄ လိုအပ်ချက်များစွာရှိနေသည့် တီကျစ်ဒေသရောက် ကရင်နီပြည်နယ်မှ စစ်ရှောင်များကို ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC မှတဆင့်ချိတ်ဆက်ပြီး ကိုးရီးယားရောက် နွေဦးဂီတအဖွဲ့က ကူညီပေးခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တီကျစ်ဒေသရောက် စစ်ရှောင်များအတွက် ဆန်၊ဆီ၊ဆား အမျိုးသမီးအသုံး အဆောင်များကို ကိုးရီးယားနိုင်ငံရောက် နွေဦးဂီတအဖွဲ့က ဂီတရန်ပုံငွေရှာပြီး ဇန်နဝါရီ ၉ ရက်နေ့က ထောက်ပံလှူဒါန်းပေးခဲ့ကြောင်းသိရသည်။ ‘’ ကျွန်တော်တို့တွေဟာ တော်လှန်ရေးတစ်ခုထဲပဲ…

စစ်ကောင်စီကြောင့် ၉ ရက်အတွင်း နိုင်ငံတဝန်းရှိပြည်သူအယောက် ၄၀ သေဆုံး

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၀၊၂၀၂၄ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၄ ခုနှစ် ၉ ရက်တာအတောအတွင်း စစ်အုပ်စု နှင့် ၄င်းတို့လက်ပါးစေကြောင့် နိုင်ငံတဝန်းရှိ ပြည်သူ (၄၀) ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ စစ်ကောင်စီအုပ်စုကြောင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၉ရက်နေ့အထိ နိုင်ငံတဝန်းရှိပြည်သူအယောက် ၄၀ သေဆုံးမှုတွင် စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုလည်းပါဝင်ကြောင်း နိုင်ငံရေးအကျည်းသားများ…

You missed