လက်ဖက် နှင့် ငရုတ်သီး ဈေးကောင်းရရှိသော်လည်း ကုန်ဈေးနှုန်းမြှင့်တက်မှုကြောင့်တောင်သူများ စားဝတ်နေရေး ခက်ခဲနေရဆဲ
ခမ်းသားငါဝ်း ဇန်နဝါရီ ၁၈၊၂၀၂၄ စစ်တပ်အာဏာသိမ်းပြီးနောက် ကုန်စျေးနှုန်း အမျိုးမျိုးမြင့်တက်လာမှုကြောင့် စိုက်ပျိုးရေးလုပ်ကိုင်သည့်တောင်သူများသည် စားဝတ်နေရေးအတွက် အခက်အခဲ အကြပ်အတည်း ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းဒေသရှိ လက်ဖက်နှင့် ငရုတ်သီး စိုက်ပျိုးရေးကို မှီခိုပြီး စားဝတ်နေရေး ရပ်တည်လာရသည့်တောင်သူများသည် ကုန်စျေးနှုန်းများ တနေ့ထက်တနေ့အဆမတန်မြင့်တက်လာခြင်းကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရကြောင်း သိရသည်။ “ငရုတ်ကတော့ အရင်နှစ်တွေထက် စျေးပိုရတယ်ပြောလို့ရတယ်…