မဲနယ်တောင်ဒေသ တိုက်ပွဲပြင်းထန်ဖြစ်ပွားမှုကြောင့် ဒေသခံ နှင့်ခရီးသွားများပိတ်မိနေ
ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၁၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသတွင် လက်ရှိတိုက်ပွဲများပြင်းထန်နေပြီး ဒေသခံများနှင့် ခရီးသွားပြည်သူများ ရွာအတွင်းပိတ်မိနေကြောင်း ဒေသခံထံမှသိရသည်။ ယင်းတိုက်ပွဲသည် PNOပြည်သူ့စစ်၊ စစ်ကောင်စီပူးပေါင်းတပ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO/PNLA)တို့အကြားဖြစ်ပွားသည့် တိုက်ပွဲဖြစ်ကြောင်း PNLO/PNLA နီးစပ်သူကအတည်ပြုပြောဆိုသည်။ “အခုထိ အိမ်ထဲမှာပဲနေနေရတယ်။ ထွက်လို့မရဘူး။ အိမ်ဘေးမှာလည်း စစ်သားခြေသံတွေကြားနေရတယ်။ “ဟု ဒေသခံတစ်ဦးမှခမ်းသားငေါဝ်းသို့ ပြောသည်။…