Author: khamsarngor

တိုက်ပွဲဖြစ်လာနိုင်သည့်အတွက် ဆီဆိုင်မြို့ရှိ စစ်ကောင်စီတပ်မိသားစုဝင်များ တောင်ကြီးသို့ပြောင်းရွေ့နေကြ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၃၊ ၂၀၂၄ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားလာနိုင်သည့်အတွက် ဆီဆိုင်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ ၄၂၄ နှင့် ခမရ ၄၂၃ တပ်မှ မိသားစုဝင်များ တောင်ကြီးသို့ ပြောင်းရွေ့နေကြကြောင်း သိရသည်။ စစ်ကောင်စီဘက်မှ ခမရ ၄၂၄ တပ်ကို စစ်ကူအယောက် ၂၀၀ ပို့ပေးမည့်ဖြစ်ကြောင်း နှင့် အသေခံတိုက်ရန်အမိန့်‌ပေးထားကြောင်း၊ သို့သော်လက်ရှိအချိန်ထိ စစ်ကူရောက်လာခြင်းမရှိသေးကြောင်း…

ဆီဆိုင်မြို့နယ် နောင်ထောဝ်ကျေးရွာတွင် စစ်ကောင်စီ လေယာဉ်ဖြင့်လာရောက် ဗုံးကြဲ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၂၊ ၂၀၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ဆီဆိုင်မြို့နယ် နောင်ထောဝ် ကျေးရွာတွင် ယနေ့ညစစ်ကောင်စီက လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးလာကြဲခဲ့ကြောင်းသိရသည်။ ယနေ့ည ၈ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီကလာကြဲခဲ့ပြီး ယခုတွင် ရွာသူရွာသားနှင့် စစ်ရှောင်များစွာ ဘေးကင်းရာထွက်ပြေး တိမ်ရှောင် နေရကြောင်းသိရသည်။ ” လေယာဉ်နဲ့ အခုကြုံဖူးပြီ။လူတစ်ယောက် ထိတယ်ကြားတယ်။ သေချာ တိကျတော့ မသိရသေးဘူး…

မီးလောင်ပျက်စီးသွားသည့်(လုံးဟီး) စံဖူးရွာနေအိမ်များအတွက် PNO ပါတီနှင့်အဖွဲ့သားများသွားရောက်ကူညီ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၂၊၂၀၂၄ နေအိမ် မီးလောင်ပျက်စီးသွားသည့် ဟိုပုံးမြို့နယ် စံဖူးရွာပြည်သူများအတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO အတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေ ဦးဆောင်ပြီး သွားရောက်ကူညီပေးခဲ့ကြောင်းသိရသည်။ ဟိုပုံးမြို့နယ်မဲနယ်တောင်ဒေသ စံဖူးကျေးရွာအတွင်းတိုက်ပွဲကြောင့် မီးလောင်သွားသည့် လူနေအိမ်၂၇ လုံးအတွက် ဇန်နဝါရီ ၂၂ ရက်က ကွင်းဆင်းကြည့်ရှုပြီး အလှူငွေများထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။ “ဟုတ်တယ်၊ ဒီနေ့ ဗိုလ်မှူးသိန်းဖေဦးဆောင်ပြီးအဖွဲ့သားတွေနဲ့တက်သွားတာ ကျွန်တော်တော့လိုက်မပါလိုက်ရဘူး”ဟု PNOမှ တာဝန်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။…

မလေးရှားနိုင်ငံရောက် မြန်မာရွေ့ပြောင်းလုပ်သားများယခင်ထက်အခွန်နှစ်ဆပေးဆောင်နေရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၂၊ ၂၀၂၄ မလေးရှားနိုင်ငံရောက် မြန်မာရွေ့ပြောင်းလုပ်သားများသည် ယခင်ကထက် အခွန်နှစ်ဆပေးဆောင်နေရပြီး အခက်အခဲများဖြစ်နေကြာင်း မြန်မာလုပ်သားတစ်ဦးထံမှ သိရှိရပါသည်။ မြန်မာပြည်သို့ ငွေလွဲခြင်းပြုလုပ်သည့်အခါ မိမိလွဲသည့်နှုန်းအတိုင်းအခွန်နှစ်ဆပေးဆောင်နေရသည့်အပြင် မိမိတို့ကိုင်ဆောင်ထားသည့် နိုင်ငံကူးလက်မှတ်များကိုလည်း အခွန်များပေးဆောင်နေရကြောင်းသိရသည်။ “အမိမြေသို့ပိုက်ဆံပို့ရင်တော့ လွဲတဲ့နှုန်းပေါ်မူတည်ပြီး ၂ ရာခိုင်နှုန်း ဖြတ်တယ် နောက်တစ်ခုက ကျွန်တော်တို့ ကိုင်ဆောင်ထားတဲ့ နိုင်ငံကူးလက်မှတ်က အခွန်မဆောင်ရခင်က Rm.200 ပဲပေါ့နော် ရက်ကုန်တော့မယ်…

လူထုတစ်ရပ်လုံး စစ်အာဏာရှင်ကို ပြန်မချရင်မရဘူး ပြန်ချမှရမယ်ဆိုသည့်ဆုံးဖြတ်ချက်ချနိုင်ခြင်းသည် CDM နိုင်ငံ့ဝန်ထမ်း၏တောင့်ခံထားမှုကြောင့်ဟု PNFC ဥက္ကဌ ပြောဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၂၊ ၂၀၂၄ လူထုကြီးတစ်ရပ်လုံး စစ်အာဏာရှင်ကို ပြန်မချရင်မရဘူး ပြန်ချမှရမယ်ဆိုသည့်ဆုံးဖြတ်ချက်ချနိုင်ခြင်းသည် CDM နိုင်ငံ့ဝန်ထမ်း၏တောင့်ခံထားမှုကြောင့်ဟု PNFC ဥက္ကဌ ပြောဆိုလိုက်သည်။ ထို့အ​ပြင် CDM နိုင်ငံဝန်ထမ်းထုကြီးညီလာခံ ကျင်းပနိုင်ခြင်းသည် ကျွန်တော်တို့ တိုင်းပြည်မှာလိုအပ်နေသည့် နိုင်ငံရေး ဦးဆောင်မှုတစ်ရပ် ထူထောင်နေခြင်း ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ- PNFC ဥက္ကဌ ခွန်မြင့်ထွန်းက ညီလာခံတွင် ပြောကြားလိုက်ကြောင်းသိရသည်။ CDM…

အချစ်ရေးပိုင်ဆိုင်ရာစုစည်းမှာ Facebook page မှ တင်သည့် တိုက်ပွဲဗီဒီယိုသည်သတင်းမှားဖြစ်ကြောင်း ဒေသခံအတည်ပြု

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၂၊ ၂၀၂၄ အချစ်ရေးပိုင်ဆိုင်ရာစုစည်းမှာ Facebook page မှ ဖြန့်လာသည့် တိုက်ပွဲဗီဒီယိုသည် မဲနယ်တောင်ဒေသ ဒုံလုံးဟီး (စံဖူး) ကျေးရွာက မဟုတ်ကြောင်း စံဖူးဒေသခံတစ်ဦးမှ အတည်ပြုပြောကြားလာသည်။ ထိုဗီဒီယိုဖိုင်သည် ဇန်နဝါရီ ၂၂ ရက်မနက်ပိုင်းက ဖြန့်ဝေလာခြင်းဖြစ်ပြီး ဗီဒီယို ဖိုင်ပေါ်တွင် ဇန်နဝါရီ ၂၁ရက်က ဟိုပုံးမြို့နယ် လုံးဟီးရွာတွင်း PNLA နှင့်…

ပဲခူးတိုင်း အနောက်ပိုင်းတွင် ပြည်သူ့စစ်ဝင်ရန် မဲနှိုက်ရွေးချယ်နေမှုများကြောင့် ဒေသခံများ ထိတ်လန့်ရှောင်တိမ်းနေရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၂၊ ၂၀၂၄ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပေါင်းတည်မြို့နယ်ရှိ ပြည်သူများကို စစ်သင်တန်း တက်ရောက်ပြီး ပြည်သူ့စစ်ဝင်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ မဲနှိုက်ရွေးချယ်နေသဖြင့် ဒေသခံများ ထိတ်လန့်ကာ တိမ်းရှောင်နေရကြောင်း သိရှိရသည်။ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် စစ်ပွဲများဖြစ်လာပါက မိမိနေထိုင်ရာ မြို့ရွာကို ကာကွယ်ရန် အကြောင်း ပြချက်ဖြင့် စစ်ကောင်စီဘက်မှ စာပို့ကာပေါင်းတည်မြို့နယ်အတွင်း လူအခြေအနေပေါ် မူတည်၍ တစ်ရွာလျှင်…

ဖမ်းဆီးခံရသည့် PNLO တောင်ကြီးဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးခွန်မင်းသိမ်းအပါ(၃)ဦးပြန်လွတ်လာ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၂၊ ၂၀၂၄ ဖမ်းဆီး​ခေါ်ဆောင်သွားသည့် PNLO ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးခွန်မင်းသိမ်းအပါ (၃)ဦးကို ဒီကနေ့ ပြန်လွတ်လာပြီဖြစ်ကြောင်းသိရသည်။ ခေါ်ယူဆွေးနွေးညှိနိုင်းရန်လိုအပ်ခြင်းကြောင့် ဇန်နဝါရီ ၂၁ ရက်က စရဖမှ ခေါ်ဆောင်သွားသည့် PNLO ဆက်ဆံရေးရုံးတာဝန်ခံအပါ ၃ ဦးကို ဆွေးနွေးညှိနိုင်းပြီး၍ ပြန်လည်လွှတ်မြှောက်လာပြီဖြစ်ကြောင်း သိရသည်။ “မနေ့က ခေါ်ယူညှိနိုင်းဆွေးနွေးပြီး ဒီနေ့မနက်ပြီးဆုံးလို့ ပြန်ရောက်ပြီ”ဟု ပအိုဝ်းအမျိုးသား…

မဲနယ်တောင်ဒေသတိုက်ပွဲ ဆက်လက်ဖြစ်ပွားမည်စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်သွားသည့်ပြည်သူများ အကူညီလိုအပ်နေ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၂၊၂၀၂၄ မဲနယ်တောင်ဒေသမှ ဟိုပုံးမြို့ရှိ ဖါလွိုင် ဘုန်းကြီး​ကျောင်းသို့ စစ်ရှောင်လာသည့်ပြည်သူအတွက် ဆန်၊ ဆီ၊ ဆား တကိုယ်ရေသုံးပစ္စည်း အနွေထည်နှင့် စောင်များအရေးပေါ် လိုအပ်နေကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ လုံးဟီး(စံဖူး)ကျေးရွာတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားမည်ကိုစိုးရိမ်ပြီး ပြည်သူများ ယနေ့မနက်ထိ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရကြောင်းသိရသည်။ “အချို့က ဆွေမျိုးရှိတော့ ဆွေးမျိုးတွေနားနေကြတယ်။ အချို့က တောထဲပဲပြေးရတယ်။ အခြားနေရာလည်းမရှိတော့” ဟု…

PNLO တောင်ကြီးဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးခွန်မင်းသိမ်းအပါ (၃)ဦးကို စစ်ကောင်စီဖမ်းဆီးထား

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၁၊ ၂၀၂၄ တောင်ကြီးမြို့ရှိ PNLO၏ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးခွန်မင်းသိမ်းအပါ (၃)ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ် ဆောင်ခဲ့ကြောင်း PNLO တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ ယနေ့ ဇန်နဝါရီ ၂၁ ရက်နေ့ နေ့လည်အချိန်က တောင်ကြီးမြို့ ကန်ကြီးရပ်ကွက်ရှိ PNLO ဆက်ဆံ ရေးရုံးတွင် စရဖ က လာရောက်ဖမ်းဆီးခဲ့ပြီး…

You missed