ပင်လောင်းတွင် PNA စစ်သင်တန်းတက်ထားသူများအား ပြန်ခေါ် ပြီး ရှေ့တန်းတက်ခိုင်းမည် ဟုဆို
ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၆၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ပအိုဝ်း ဒေသခံများအား PNA ပြည်သူ့စစ်သင်တန်းတက်ထားသူများကို ပြန်ခေါ်ပြီး ယခုဖြစ်ပွားသည့်တိုက်ပွဲအတွင်း ရှေ့တန်းတက်ခိုင်းမည်ဟု ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။ ၂၀၂၂-၂၃ ခုနှစ်တွင် PNA ပြည်သူ့စစ်သည် ပအိုဝ်းဒေသရှိ ကျေးရွာများထံမှ တစ်ရွာကို လူ ၃ဦး ၅ဦးစသဖြင့် သတ်မှတ်ပြီး ရွာလုံခြုံရေးအတွက် ဟုဆိုကာ ရက်တိုစစ်သင်တန်း ပေးခဲ့သည်။ ယခု…