Author: khamsarngor

စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၆ ဦး သေဆုံး

ခမ်းသားငေါဝ်း ဇန်နဝါရီ ၇၊ ၂၀၂၄ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေးကြောင်းဖြင့်အရပ်သား များအပေါ် စစ်ကောင်စီကဗုံးကြဲချခြင်းကြောင့် နမ့်ဆန်မြို့နယ်ရှိ ပြည်သူ ၆ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်စီက ပြည်သူလူထုနေထိုင်ရာအရပ်သို့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း ဇန်နဝါရီလ ၇ ရက်နေ့ (TWO…

တောင်ကြီးမြို့တွင် အိမ်ငှားခဈေးမြင့်တက်နေခြင်းကြောင့် အိမ်ငှားနေသူများအခက်ခဲဖြစ်နေဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၇၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ပေါ်နှင့်မြို့အနီးအနားပတ်ဝန်းကျင်တို့တွင် အိမ်ငှားရမ်းခဈေးမြင့်တက်လာခြင်းကြောင့် လာရောက်ငှားရမ်းနေထိုင်သူများအခက်ခဲဖြစ်နေကြောင်းသိရသည်။ မြို့ပေါ်ရပ်ကွက်များနှင့် အနီးနားပတ်ဝန်းကျင်ရွာတို့တွင် ပြီးခဲ့သည့် ၂၀၂၃ နှစ်ကုန်ပိုင်းမှစတင်၍ အိမ်ငှားခဈေးတက်နေပြီး ငှားနေရန်အခက်ခဲရှိလည်းရှိနေကြောင်းလာရောက်နေထိုင်သူအချို့ပြောဆိုသည်။ “မြို့ထဲနဲ့ မြို့စွန်နေရာတွေတော့ကွာတာပေါ့၊ မြို့အစွန်တွေမှာဆို အိမ်လုံးခြင်းက ဈေးကြီးတယ် ၃ သိန်းခွဲ ၄ သိန်းအထက်တွေပဲလေ၊ နောက်ပြီးတော့ အိမ်လုံးချင်းငှားရင် နှစ်ဝက် ၆ လစာတို့ ချုပ်ပြီးငှားနေရတာမျိုးဆိုတော့ပိုခက်တာပေါ့၊ တစ်ကိုယ်ရေသမားတွေတော့…

လွိုင်ကော်မြို့တွင် စစ်ရှောင်များနေအိမ် ပစ္စည်း ဖောက်ထွင်းအခိုးခံရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၇၊ ၂၀၂၄ လွိုင်ကော်မြို့အတွင်းစစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်​​ပြီးပြည်သူလူထုနေအိမ်ဖောက်ထွင်းခိုးယူမှုများ ရှိနေကြောင်းသိရသည်။ ကရင်နီပြည် လွိုင်ကော်မြို့သည် တိုက်ပွဲပြင်းထန်သည့်အတွက် ပြည်သူလူထုများသည် မိမိတို့အိုးအိမ်ပစ်ထားပြီး စစ်ဘေးရှောင်နေရသည်။ “ သူခိုးတွေအရမ်းသောင်းကျန်းတယ်။ အိမ်ဆို အဖောက်ခံရတာ ဘာမှကိုမရှိတော့ဘူး။ အဲလိုသူခိုးတွေကိုလည်း တာဝန်ယူဖြေရှင်းပေးတဲ့သူလည်းမရှိဘူး။” ဟု လွိုင်ကော်စစ်ရှောင်တစ်ဦးကပြောသည်။ ထိုအပြင် အိမ်တိုင်းလိုလိုတန်ဖိုးရှိ ပစ္စည်းများနေ့စဉ်ပျောက်ရှနေလျက်ရှိကြောင်းနှင့် စစ်ရှောင်များအနေဖြင့် နေရပ်ပြန်နေထိုင်ပါကလည်း အခက်အခဲရှိကြောင်း၄င်းမှဆက်ပြောသည်။ “…

ကိုးကန့်ဒေသတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်လုံးဝမရှိတော့ကြောင်း MNDAAပြော

ခမ်းသားငေါဝ်း ဇန်နဝါရီ ၇၊၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များလုံးဝမရှိတော့ကြောင်း MNDAA ကိုးကန့်တပ်မတော် သတင်းပြန်ကြားရေးဌာန၏ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။ ကိုးကန့်ဒေသလောက်ကိုင်မြို့ကို ဇန်နဝါရီ ၅ ရက်နေ့၌ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ဟုလည်းသိရသည်။ “ကိုးကန့်ဒေသတစ်ခုလုံးတော့ အခုစစ်ကောင်စီတပ်ဖွဲ့ဝင် လုံးဝမရှိတော့တဲ့ အနေအထားမှာ ရှိပါတယ်” ဟု MNDAA ကိုးကန့်တပ်မတော် သတင်းပြန်ကြားရေးတာဝန်ခံ လီကျာဝင်းကခမ်းသားငေါဝ်းကိုပြောသည်။ လောက်ကိုင်မြို့ရှိ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ)မှ ဗိုလ်မှူးချုပ်အဆင့်…

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် အရပ်သားမျာထိခိုက်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၇၊ ၂၀၂၄ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နမ္မတူမြို့ရှိလူထုနေထိုင်ရာအရပ်ကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက် ခြင်းကြောင့် အရပ်သားနှင့် လူနေအိမ် ထိခိုက် ပျက်စီးခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ကုန်းဆာကျေးရွာသစ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အကြိမ်ကြိမ်တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်ဒဏ်ရာရပြီး လူနေအိမ်များ ပျက်စီးခဲ့ကြောင်း ဇန်နဝါရီလ ၆ ရက်နေ့ TNLA ထုတ်ပြန်ချက်အရသိရသည်။ ဇန်နဝါရီလ…

ပင်လောင်းတွင် ထပ်မံရောက်လာသည့် ဖယ်ခုံစစ် ရှောင်များအတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၆၊၂၀၂၄ ပင်လောင်းတောင်ဖက်တွင် ထပ်မံရောက်လာသည့် ဖယ်ခုံစစ်ရှောင်များအတွက် စားနပ်ရိက္ခာများနှင့် မိုးကာ၊ အနွေးထည်၊စောင်များ အရေးပေါ်လိုအပ်‌ နေကြောင်း ဇန်နဝါရီ ၆ ရက် နေ့တွင် သိရသည်။ ဖယ်ခုံမြို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ၂၅ ရက်ကစပြီး တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီဖက်မှ ရပ်ကွက်နှင့် ကျေးရွာများထဲတွင် ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးများ ပစ်ခတ်လာခြင်းကြောင်း ဒေသခံများ ဘေးကင်းရာ ပင်လောင်းမြို့နယ်သို့…

နောင်ကားရွာ အနောက်တောင်ဘက်တွင် ဒရုန်းပျံသန်းနေပြီး PNO/PNA တာဝန်ရှိသူများက ရွာသားများအား တောနင်းရှာဖွေခိုင်း

ခမ်းသားငေါဝ်း ဇန်နဝါရီ ၆၊ ၂၀၂၄ နောင်ကားရွာ အနောက်တောင်ဘက်တွင် ဒရုန်းပျံသန်းခြင်းရှိ‌နေပြီး PNO/PNA တာဝန်ရှိသူများက ရွာသားများအား တောနင်းရှာဖွေခိုင်းခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စု တဲခဲ(ဒုံတန် တယ်းခုဲင်း)ကျေးရွာနှင့် လွယ်စင်းရွာကြား ရှိ မျင်ပဆီတောင်ပေါ်တွင် ဒရုန်းပျံသန်းမောင်းနှင်ခြင်း ရှိခဲ့ပြီး အဆိုပါဒရုန်းပျံသန်းခြင်းကို PNO/PNA တာဝန်ရှိသူများက သွားရောက်စစ်ဆေးခြင်းမလုပ်ပဲ ရွာသားများ မုဆိုးများအား သွားရောက်ရှာ‌ ဖွေစစ်ဆေး စေခဲ့ကြောင်း…

သံဘိုကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီး စစ်ကြောင်းမှူးဒုဗိုလ်ကြီး ၁ ဦးအရှင်ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၄၊၂၀၂၄ နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာရှိ စစ်ကောင်စီအခြေစိုက်တပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)နှင့် ပြည်သူ့ကာကွယ်‌ရေးတပ်မတော်(မန္တလေး)တို့ကဇန်နဝါရီလ (၃)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန(NUG)၏ ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းမြောက် နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာရှိ စစ်ကောင်စီအခြေစိုက်တပ်စခန်းကို တအာင်းအမျိုး သားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)နှင့် ပြည်သူ့ကာကွယ်‌ရေးတပ်မတော်(မန္တလေး)တို့က ဇန်နဝါရီလ(၂)ရက်နေ့တွင် ပူးပေါင်းတိုက်ခိုက်ကာ ယမန်နေ့ မနက်(၇း၃၀)နာရီခန့်အချိန်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဆိုထားပါသည်။ သိမ်းပိုက်ရရှိသည့် စစ်ကောင်စီတပ်စခန်းအတွင်း…

ယခုနှစ် ငရုတ်သီးဈေးမရှိသဖြင့် တောင်သူများစားဝတ်နေရေးအတွက် ခက်ခဲရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၄၊၂၀၂၄ ငရုတ်သီးစိုက်တောင်သူများသည် ယခုနှစ်တွင် ငရုတ်သီးဈေးမရှိသဖြင့် စားဝတ်နေရေးအတွက် အခက်ခဲများရင်ဆိုင်နေရကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။ ဆီဆိုင်မြို့နယ်အတွင်းရှိ ငရုတ်သီးစိုက်တောင်သူများသည် ယခုနှစ်တွင် ငရုတ်သီးဈေးမရှိသဖြင့် စားဝတ်နေရေးအတွက် အခက်ခဲများရင်ဆိုင်နေရကြောင်း တောင်သူတစ်ဦးက ဇန်နဝါရီ ၄ ရက်နေ့တွင် ပြောဆိုသည်။ ယခင် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ငရုတ်သီး အခြောက်တစ်ပိဿာကို ၁၅၀၀၀ ကျပ်အထိရရှိပြီး ယခုနှစ်သတွင် ငရုတ်သီး…

စစ်ကောင်စီကြောင့်သေဆုံးရသည့် အမျိုးသမီး ၃၃ ဦးအနက် ရှမ်းပြည်နယ်မှ ၄ ဦးပါဝင်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၄၊၂၀၂၄ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေကြောင်းဖြင့်တိုက်ခိုက်ခြင်းကြောင်း ဒီဇင်ဘာ တစ်လအတွင်း နိုင်ငံတဝန်း အမျိုးသမီးသေဆုံးမှု ၃၀ ကျော်ရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ ထုတ်ပြန်ချက်အရ သိရသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကြောင်း ၂၀၂၃ ဒီဇင်ဘာလ တစ်လအတွင်းတွင် နိုင်ငံတဝန်းအမျိုးသမီး ၃၃ ဦး သေဆုံးခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားပါသည်။ စစ်ကောင်စီကြောင့် သေဆုံးရသည့်…

You missed