Author: khamsarngor

ဖယ်ခုံတွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် နှင့် ဘာသာရေးအဆောက်အဦးများ ထိခိုက်ပျက်စီး

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၁၊၂၀၂၄ ရှမ်း-ကယား နယ်စပ်ဖယ်ခုံမြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်းရေးအင်အားစုအကြား တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် နှင့် ဘာသာရေးအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့ညမှစပြီး နှစ်ဘက်တိုက်ပွဲပြင်းထန်ဖြစ်ပွားကာ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်များမီးလောင်ပြာကျခဲ့ရသည်။ “တိုက်ပွဲစဖြစ်ကတည်းက လေယာဥ်နဲ့ဗုံးကြဲတာတွေရှိတယ်။ အိမ်တွေကျောင်းတွေအခြားအဆောက် အအုံတွေ ထိခိုက်တာအများကြီးပဲ။ ဘယ်လောက်များလည်းတော့မသိရဘူး၊…

အာဆီယံအထူးကိုယ်စားလှယ်များ နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၇)ဖွဲ့ တွေ့ဆုံ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၁၊၂၀၂၄ အာဆီယံအထူးကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဝင်များသည် ယမန်နေ့ ဇန်နဝါရီလ(၁၀)ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။ နေပြည်တော်တွင် လာအိုနိုင်ငံမှ အာဆီယံအထူးကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၇)ဖွဲ့သည် လူသားချင်းစာနာထောက်ထားမှုအတွက်နှင့် အားလုံးပါဝင်သည့် ဒိုင်ယာလော့တစ်ခုဖြစ်လာစေရန် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ “အခုလောလောဆယ် EOဘက်ကလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ပတ်သက်တဲ့ အကြောင်းတွေလည်းဆွေးနွေးပေးတယ်၊ ဘာလို့ဆို အခုအခြေနေက လူသားချင်းစာနာထောက်ထားမှုက အများကြီးလိုအပ်နေတယ် ပြီးတော့အားလုံးပါဝင်တဲ့ဒိုင်ယာလော့တစ်ခု…

မှော်ဘီတံတားဂိတ်တွင် ဖြတ်သန်းသွာလာသူများကို ငွေတောင်း၊စစ်ဆေးနေ၍ ဒေသခံများအခက်ခဲဖြစ်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၁၊၂၀၂၄ မှော်ဘီတံတားဂိတ် ဖြတ်သန်းသွားလာသည့် ဒေသခံများကို ငွေတောင်းငွေညစ်ခြင်း နှင့် တင်းကြပ်စစ်ဆးနေသဖြင့် ဒေသခံနှင့်ခရီးသွား ပြည်သူများ အခက်ခဲဖြစ်ရကြောင်း ခရီးသွားတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် မှော်ဘီတံတားပေါ်ရှိဂိတ်တွင် ဖြတ်သန်းသွားလာသည့် ဒေသခံများကို ငွေတောင်းငွေညစ်မှုမကြာခနရှိနေပြီး တင်းကြပ်စွာစစ်ဆးသဖြင့် ဒေသခံနှင့်ခရီးသွား ပြည်သူများ အခက်ခဲကြုံတွေ့ နေရကြောင်း ‌ခရီးသွားတစ်ဦးက ယနေ့တွင် ပြောဆိုသည်။ ဂိတ်စောင့် စစ်သားများသည်…

ဖယ်ခုံမြို့မ ရဲစခန်း နှင့် စစ်ကောင်စီလက်အောက်ခံ အစိုးရဌာနရုံးများကို ကရင်နီတော်လှန်းရေးတပ်ပေါင်းစုများ တိုက်ခိုက်သိမ်းပိုက်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၁၊၂၀၂၄ ဖယ်ခုံမြို့မ ရဲစခန်း နှင့် စစ်ကောင်စီလက်အောက်ခံ အစိုးရဌာနရုံးများကို ကရင်နီတော်လှန်းရေးတပ်ပေါင်းစုများက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ ဖယ်ခုံမြို့မရဲစခန်းနှင့် စစ်ကောင်စီလက်အောက်ခံ အစိုးရဌာနရုံးများကို တော်လှန်ရေးတပ်ပေါင်းစုက ၁၁၁၁ စစ်ဆင်ရေးအဖြစ် ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဝင်ရောက်စီးနင်းပြီး တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ကြောင်း ကရင်နီတော်လှန်ရေးတပ်တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ “ဖက်ခုံမှာ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်လာတာက…

တောင်ကြီးမြို့အနီးရှိ ကျေးရွာများတွင် ပတ်စပို့အကြောင်းပြုပြီး ဒေသခံများထံ ငွေကြေးလိမ်လည်မှုဖြစ်ပွား

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၀၊၂၀၂၄ တောင်ကြီးမြို့အနီးရှိ ကျေးရွာများတွင် နိုင်ငံခြားသွားရန် နိုင်ငံကူးလက်မှတ်ပတ်စပိုစ့်၊ ပီဇာ လုပ်​ပေးမည်ဟုဆိုကာ ဒေသခံလူငယ်များထံ ငွေလိမ်လည်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရပါသည်။ တောင်ကြီးမြို့အနီးရှိ ထီသိမ်၊ ထီခုံး၊ ဖက်ကွန်၊ ရေတံခွန်၊ နတ်ကန်၊ ပလီလင်းနှင့် ပေါမူကျေးရွာများတွင် နေထိုင်သည့် လူ(၁၀၀)ကျော်ထံမှ တစ်ဦးလျှင် ငွေ ၈ သိန်းကျပ် ငွေကြေးလိမ်လည်ခံရကြောင်း လိမ်လည်ခံရသူနှင့် နီးစပ်သူတစ်ဦးက ယနေ့…

တီကျစ်ဒေသရောက် ကရင်နီပြည်စစ်ရှောင်များအတွက် PNFC မှတဆင့် ကိုရီးယားရောက် ဂီတအဖွဲ့ကကူညီထောက်ပံ့

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၀၊ ၂၀၂၄ လိုအပ်ချက်များစွာရှိနေသည့် တီကျစ်ဒေသရောက် ကရင်နီပြည်နယ်မှ စစ်ရှောင်များကို ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC မှတဆင့်ချိတ်ဆက်ပြီး ကိုးရီးယားရောက် နွေဦးဂီတအဖွဲ့က ကူညီပေးခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တီကျစ်ဒေသရောက် စစ်ရှောင်များအတွက် ဆန်၊ဆီ၊ဆား အမျိုးသမီးအသုံး အဆောင်များကို ကိုးရီးယားနိုင်ငံရောက် နွေဦးဂီတအဖွဲ့က ဂီတရန်ပုံငွေရှာပြီး ဇန်နဝါရီ ၉ ရက်နေ့က ထောက်ပံလှူဒါန်းပေးခဲ့ကြောင်းသိရသည်။ ‘’ ကျွန်တော်တို့တွေဟာ တော်လှန်ရေးတစ်ခုထဲပဲ…

စစ်ကောင်စီကြောင့် ၉ ရက်အတွင်း နိုင်ငံတဝန်းရှိပြည်သူအယောက် ၄၀ သေဆုံး

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၀၊၂၀၂၄ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၄ ခုနှစ် ၉ ရက်တာအတောအတွင်း စစ်အုပ်စု နှင့် ၄င်းတို့လက်ပါးစေကြောင့် နိုင်ငံတဝန်းရှိ ပြည်သူ (၄၀) ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ စစ်ကောင်စီအုပ်စုကြောင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၉ရက်နေ့အထိ နိုင်ငံတဝန်းရှိပြည်သူအယောက် ၄၀ သေဆုံးမှုတွင် စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုလည်းပါဝင်ကြောင်း နိုင်ငံရေးအကျည်းသားများ…

ရွာငံတွင် ရွာမှနှင်ထုတ်ခံရသည့် CDMကျောင်းဆရာမတစ်ဦး အခက်ခဲရင်ဆိုင်နေရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၀၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် အနောက်ပိုင်း ကျေးရွာတစ်ရွာတွင် ရွာမှနှင်ထုတ်ခံရသည့် CDM ကျောင်းဆရာမတစ်ဦး အခက်ခဲများ ရင်ဆိုင်နေရကြောင်း နီးစပ်သူတစ်ဦးထံမှ သိရသည်။ ပျူစေားထီးအဖွဲ့များက အဆိုပါဆရာမသည် PDF များကို ထောက်ပံ့သည်ဟု စွပ်စွဲပြီး ပျူစောထီးက ရွာခံများအား စစ်ဆေးမေးမြန်းမှုပြုပြီးနောက် ရွာခံများက CDM ဆရာမကို ရွာမှနှင်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ကျောင်းဆရာမနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။ “ပျူစေားထီးက…

ဖယ်ခုံမြို့တွင်း ပိတ်မိနေသူများကို လာကူညီသည့် စက်လှေများအား စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၉၊၂၀၂၄ ဖယ်ခုံမြို့တွင်း ပိတ်မိနေသူများကို လာကူညီသည့် စက်လှေများအား စစ်ကောင်စီက လေကြောင်းဖြင့် ပသ်ခတ်ခဲ့ကြောင်း သတင်းရင်းမြစ်ထံမှသိရသည်။ ပိတ်မိနေသူများကို ယနေ့တွင်ဖယ်ခုံမြို့အရှေ့ဖက်ကမ်းရှိ လွယ်ပေါ ကျေးရွာနှင့် ဆင်ဖြူကျေးရွာများမှ စက်လှေများက သွားရောက်ကူညီခဲ့ရာ ဖယ်ခုံမြို့ လှေဆိပ် မရောက်မီ စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ လှေဆိပ်တွင် တစ်ဖက်ကမ်းကူးနိုင်ရန် လှေစောင့်နေသည့် အရပ်သားများကိုလည်း စစ်ကောင်စီတပ်က…

ပင်လောင်းတွင် သူခိုးလုယက်မှု၊ ဓါးပြတိုက်မှုများ တစ်နေ့ထက်တစ်‌နေ့ ပိုများလာ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၉၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် သူခိုး၊ဓားပြ၊လုယက်မှုများ ပိုမိုများပြားလာကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ သူခိုးများသည် လက်ဖက်၊ ငရုတ်သီး၊ အာလူး၊ဆိုင်ကယ်များ ခိုးယူမှု ဆိုးဆိုးရွားရွား အခြေအနေရှိလာနေပြီး ဒေသခံများ အခက်ခံကြုံတွေ့ စေရကြောင်းဆိုသည်။ “လက်ဖက်၊ငရုတ်သီးတို့ဆို အိမ်မှာလူမရှိရင် မလှန်းရဲတာ့ဘူး။ ခိုးပြီဆိုလည်းကိုယ်လှန်းထဲ့ထားတဲ့ ဖျာကိုတောင် မပြီး ခိုသွားတယ်။ အရမ်းဆိုးတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။…