Author: khamsarngor

စက်သုံးဆီ မြင့်တက်မှုကြောင့် အာလူးရေသွင်းစိုက်တောင်သူ များအတွက် အခက်ခဲ့ရှိနေ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၄၊ ၂၀၂၄ ယခုနှစ်အတွင်း အားလူးဈေးကောင်းရသော်လည်း ကုန်ဈေးနှုန်းနှင့် စက်သုံးဆီဈေးများမြှင့်နေခြင်း ကြောင့် ရေသွင်းပြီး အာလူးစိုက်တောင်သူများ အခက်အခဲရှိနေကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ် ၊နောင်တရားဒေသတွင် ယခင်နှစ်ထက် ယခုနှစ် အာလူးဈေးရသော်လည်း ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် စက်သုံးဆီဈေး မြင့်တက်နေခြင်းတို့ကြောင်း အာလူးစိုက်တောင်သူများ အခက်ကြုံတွေ့နေရသည်ဟု ဇန်နဝါရီလ ၁၄ ရက်ကသိရသည်။ “အရင်နှစ်ထက်စာရင် ဒီနှစ်က ဈေးရှိပေမယ့် အရမ်းတော့မကျန်ဘူး…

နမ့်စန် မြို့အဝင် ဘီးခွန်ဂိတ်က ရွာခံများကိုငွေကြေးမတရားတောင်းယူမှုရှိနေဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၄၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့အဝင် ဘီးခွန်းဂိတ်သည် မြို့သို့ဖြတ်သန်းသွားလာသည့် ရွာခံများအပေါ် မတရားပိုက်ဆံတောင်းယူမှုရှိနေကြောင်း ဒေသခံများထံမှသိရသည်။ မြို့ဝင်ဘီးခွန်ဂိတ်မှ ဘီးခွန်ကောက်သူများသည် ဒေသခံဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာခြင်းကို ဆိုင်ကယ်တစ်စီးလျှင် ၅ ထောင်ကျပ်ဖြင့်တောင်းယူနေပြီး ခြိမ်းခြောက်မှုလည်းရှိနေကြောင်း ဆိုသည်။ “ခုကပြောင်းချိုးချိန်လေ၊ ၁၁ ရက်နေ့က ရွာခံတွေပြောင်းရောင်းဖို့တက်ကျတာ၊ အဲ့မှာမိုးနဲလမ်းကနေ ဝင်လာတာ ဘီးခွန်သမားတွေက တစ်စီးကို ၅၀၀၀ တောင်းတာ၊ အချို့က…

တီကျစ်ဘိလပ်မြေစက်ရုံအနီးရှိ စစ်ကောင်စီဂိတ်တွင် ဒေသခံများထံ ငွေကြေးကောက်ခံသဖြင့် တောင်သူများအခက်ခဲကြုံရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၃၊၂၀၂၄ တီကျစ်နဂါးဘီးလပ်မြေစက်ရုံအနီးရှိ စစ်ကောင်စီ ဂိတ်တွင် ဒေသခံတောင်သူများထံ ငွေကြေးကောက်ခံမှုများရှိနေပြီး တောင်သူများအခက်ခဲကြုံ တွေ့နေရကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တီကျစ်နဂါးဘီလပ်မြေစက်ရုံဂိတ်တွင် ကျေးရွာဖက်မှဒေသခံတောင်သူများ အောင်ပန်းသို့ ကြက်သွန်ဖြူ၊လက်ဖက်၊ ပဲသီး၊ အာလူးနှင့် ကုန်စိမ်းများသယ်ယူရာတွင် ငွေ‌ကြေးများ အတင်းတောင်းခံနေသဖြင့် ဒေသခံများအတွက် အခက်ခဲဖြစ်ရကြောင်း သိရသည်။ ” ဂိတ်ကနေဖြတ်ရင် အာလူးတစ်အိတ်က ငါးရာ တောင်းတယ်။ပြီးရင်…

စစ်ကောင်စီတပ်က သဘောတူထားသည့်အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ပြီး TNLA တပ်ကိုထိုးစစ်ဆင်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၃၊၂၀၂၄ စစ်ကောင်စီတပ်သည် ဇန်နဝါရီလ(၁၁)ရက်နေ့မှ ပူပူနွေးနွေးထိုးထားခဲ့သည့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ကို ပေါ်ပေါ်တင်တင်ချိုးဖောက်လိုက်ပြီဖြစ်ကြောင်း တအာင်းတပ်မတော်(PSLF/TNLA)၏ ယနေ့ထုတ်ပြန်ချက်အရသိရသည်။ ရှမ်းမြောက်၊ ကျောက်မဲမြို့ရှိ စစ်ကောင်စီ ၅၀၁-၅၀၂တပ်စခန်းမှ အင်အားအလုံးအရင်းဖြင့် ယနေ့နံနက်(၉း၁၈) နာရီအချိန်တွင် တအာင်းတပ်မတော်(PSLF/TNLA)တည်ရှိရာ ငြိမ်းချမ်းရေးကုန်းသို့ လာရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းဆိုထားသည်။ တအာင်းတပ်မတော်(PSLF/TNLA)နှင့် စစ်ကောင်စီတပ်တို့ (၂)နာရီကြာထိတွေ့တိုက်ပွဲဖြစ်ပွားပြီး မိဘပြည်သူများစစ်ဘေးသင့်မည်ကိုစိုးရိမ်ပြီး ဆုံးရှုံးမှုများမည်ကိုစိုးသောကြောင့် တအာင်းတပ်မတော်(PSLF/TNLA) အခြေချတပ်စွဲထားသည့် ငြိမ်းချမ်းရေးကုန်းမှ ယာယီနောက်ဆုတ်ပေးလိုက်ရကြောင်း သိရသည်။…

ပင်လောင်းတွင် အသစ်ရောက်လာသည့် ဖယ်ခုံစစ် ရှောင်များအတွက် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာလိုအပ်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၃၊၂၀၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တောင်ဘက်တွင် ရောက်ရှိလာသည့် ဖယ်ခုံစစ် ရှောင်များအတွက် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ စစ်ရှောင်များသည် ယခုလဇန်နဝါရီ ၈၊ ၉၊၁၀ ရက်အတွင်းရောက်လာကြပြီး နေထိုင်ဖို့အတွက် မိုးကား၊စောင်၊အနွေးထည်နှင့် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း သိရသည်။ “သူတို့ ဖြစ်သလို နေနေရတယ်။အပင်အောက် နေရတာ။ အမိုး၊အကာမရှိတဲ့…

ပင်လုံတွင် ဓားပြတိုက်မှုဆက်တိုက်ဖြစ်ပွားပြီးနောက် စာစောင်အတုဖြန့်ကာ ပြည်သူကိုခြိမ်းခြောက်ဟောက်စားမှုရှိ‌နေ ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၃၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် ဓားပြတိုက်မှု ဆက်တိုက်ဖြစ်ပွားပြီးနောက် စာစောင်အတုများဖြန့်ပြီး မြို့ခံပြည်သူများကို ခြိမ်းခြောက်ဟောက်စာမှုရှိနေကြောင်း မြို့ခံများထံမှ သိရသည်။ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် “ကြေးစားလူသတ်ပစ်ခတ်အဖွဲ့” အမည်ဖြင့် စာအတုများရေးပြီး ပင်လုံမြို့ရှိ နမ့်စန် ပရိဘောဂဆိုင် ၂ဆိုင်၊ဆိုင်ကယ် Showroomဆိုင်နှင့် ဖုန်းဆိုင်များကို စာစောင်လာပစ်ပြီး ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။ စာတွင်”ခင်များတို့ နမ့်စန် ပရိဘောဂဆိုင်…

တောင်ကြီးတွင် ဒေသခံပြည်သူများအား အတင်းအဓမ္မတက်‌ရောက်ခိုင်းသည့် ဆန္ဒပြပွဲပြုလုပ်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၂၊၂၀၂၄ တောင်ကြီးမြို့တွင် စစ်ကောင်စီလက်‌ အောက်ခံများမှ ဒေသခံတိုင်းရင်းသားပြည်သူများအား အတင်းအဓမ္မတက်‌‌ရောက်ခိုင်းပြီး ဆန္ဒပြပွဲပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရှိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် MNDAA စစ်သားတစ်ဦး စေတီကို တူနှင့်ဖျက်ဆီးသည့် ရုပ်သံဗီဒီယိုနှင့်ပတ်သက်ပြီး စစ်ကောင်စီလက်‌ အောက်ခံအုပ်စုများက ဒေသခံတိုင်းရင်းသားပြည်သူများအား အတင်းအဓမ္မ အမိန့်ပေးပြီး တက်ရောက်ခိုင်းကာ ယနေ့ ဇန်နဝါရီ ၁၂ ရက်နေ့တွင် ကန့်ကွက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။…

စစ်ကောင်စီကိုရရာနည်းလမ်းဖြင့် အတူတကွတော်လှန်ကြရန် ဟု TNLA တိုက်တွန်း

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၂၊၂၀၂၄ တိုင်းရင်းသားပြည်သူများကို ဦးတည်ပြီး စစ်ရာဇဝတ်မှုအမျိုးမျိုးကျူးလွန်နေသည့် စစ်ကောင်စီကို ရရာနည်းလမ်းဖြင့် အတူတကွ တော်လှန်ကြရန် ယနေ့တွင် TNLA က တိုက်တွန်းထားပါသည်။ တိုင်းရင်းသားပြည်သူများကို ဦးတည်ပြီးလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် ပစ်ခတ် ချေမှုန်းခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ အပြစ်မဲပြည်သူများအား သတ်ဖြတ်ခြင်း၊ဖမ်းဆီးခြင်း ထောင်ချခြင်း စစ်ရာဇဝတ်မှုအမျိုးမျိုးကျူးလွန်နေသည့် စစ်ကောင်စီကို ရရာနည်းလမ်းဖြင့် အတူတကွ တော်လှန်ကြရန် ၆၁…

၁၀၂၇ စစ်ဆင်ရေးအပါအဝင် နွေဦးတော်လှန်ရေး အောင်မြင်မှုနှင့်အတူ တော်လှန်ရေးအင်အားစုများကြား ဘုံသဘောတူညီချက်ရရှိရန် လိုအပ် ဟု PNFCဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၂၊၂၀၂၄ ၁၀၂၇ စစ်ဆင်ရေးအပါအဝင် နွေဦးတော်လှန်ရေး အောင်မြင်မှုနှင့်အတူ တော်လှန်ရေးအင်အားစုများအကြား ဘုံသဘောတူညီချက်တစ်ခုရရှိရန် လိုအပ် ကြောင်း ၆၁ နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့အား ပေးပို့သည့် ပအိုဝ်းအမျိုးသားဖတ်ဒရယ်ကောင်စီ PNFC ၏ သ၀ဏ်လွှာတွင် ဆိုထားသည်။ တအာင်းအမျိုးသားလွှတ်မြှောက်ရေး တော်လှန် ရေးအလံကို ၆၁ နှစ်ပြည့်မြှောက်သည့်တိုင်အောင်ဆက်လက်လွင့်ထူချီတက်၍ အသက်၊သွေး၊ချွေး၊ဘဝပေါင်းများစွာ ရင်းနှီးစွန့်လွှတ်ပြီး ရေးထိုးစိုက်ထူနေကြသည့် တအာင်းအမျိုးသားလွှတ်မြှောက်မှု…

ပျူစေားထီးသင်တန်းလိုက်ပေးသူ ဦးကျော်မဲကို ရွာငံ PDF နှင့် မဟာမိတ်အဖွဲ့က ရှင်းလင်း

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၁၊၂၀၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွာငံနှင့် ပင်းတယမြို့နယ်တွင် ပျူးစေားထီး သင်တန်းလိုက်ပေးနေသည့် ဦးကျော်မဲကို ရွာငံ PDF နှင့် မဟာမိတ်အဖွဲ့က သုတ်သင်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ဇန်နဝါရီ ၁၀ ရက်ည ၇ နာရီအချိန်တွင် ရွာငံမြို့နယ်၊ တောင်းကြားရွာရှိ နေအိမ်၌ စစ်ကြောင်းမှ ပြန်လာပြီး အနားယူနေစဉ် ဦးကျော်မဲကို ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။…