ခမ်းသားငေါဝ်း
ဇွန် ၂၂၊ ၂၀၂၅
https://www.facebook.com/share/p/1MhG7DaAWh/
ပညာရေး Non-cdm ဝန်းထမ်း များ၏ လိုင်စင်မဲ့ယာဥ်များကိုပါ ဖမ်းဆီးနေသဖြင့် ကျောင်းသွားကျောင်းပြန်အခက်ခဲဖြစ်နေကြောင်း ပညာရေးဝန်ထမ်းထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့တွင် ပညာရေး Non-cdm ကျောင်းဆရာ၊ဆရာမတက္ကသိုလ် ဆရာ၊ ဆရာမ ဝန်ထမ်းများ၏ ကား၊ ဆိုင်ကယ်များပါ ဖမ်းဆီးခံနေသည်။
“ကျွန်မတို့ကျောင်းမှာ ဆရာမသုံးယောက်လောက်က ကားဖမ်းခံရတယ်။အရမ်းကြောက်တော့ ကျောင်းသွားရင်တောင် ကား၊ဆိုင်ကယ်မမောင်းသွားရဲဘူး။ တစ်ခါတစ်လေ မြို့ပတ်ကားနဲ့သွားရတယ်။မြို့ပတ်ကားကလည်းကြာတော့ ကျောင်းနောက်ကျတာတွေရှိတယ်။ကား၊ဆိုင်ကယ် ဖမ်းတာ အရမ်းဆိုးနေတယ်။သွားသွားပြန်ပြန် အဆင်မပြေဘူး ခြေထောက်ကိုရိုက်ချိုးခံရသလိုဘဲ”ဟု တောင်ကြီးမြို့ပေါ်ရှိ ကျောင်းဆရာမတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ဆရာ၊ဆရာမ ဆိုင်ကယ်ကယ်များသာမက တောင်ကြီးတက္ကသိုလ်တွင် တက်ရောက်နေသောကျောင်းသားတချို့ဆိုင်ကယ်ပါဖမ်းခံရသဖြင့် သွားလာရေးခက်ခဲပြီး ကျောင်းပျက်နေရကြောင်း သိရသည်။
စစ်ကောင်စီ သည် မေလ (၂)ရက်တွင် လိုင်စင်မဲ့မော်တော်ယာဉ် နှင့် ဆိုင်ကယ်များကို ထိထိရောက်ရောက် ဖမ်းဆီး အရေးယူရန် နေပြည်တော်အစည်းအဝေးတွင် မှတ်ချက်ပေး ပြောဆိုပြီးနောက် တောင်ကြီးမြို့တွင် စီမံချက်ဖြင့် မေလ (၃၀)ရက်မှ စတင်ဖမ်းဆီးကြောင်းသိရသည်။
#PPV005
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#တောင်ကြီးမြို့
#ပညာရေး
#Non-cdm
#ကျောင်းဆရာ
#ဆရာမ
#တက္ကသိုလ်ဆရာဆရာမ
#ဝန်ထမ်းများရဲ့ကား
#ဆိုင်ကယ်များ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7