ခမ်းသားငေါဝ်း
ဇွန် ၂၂၊ ၂၀၂၅
https://www.facebook.com/share/p/1V1khKjxSo/
(၁၅၀) နှစ်မြောက် ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းသား (၁၇၆) ဦးကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီမှ ပြစ်ဒဏ်လျှော့ပေါ့ခွင့် ၊ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်းထုတ်ပြန်ထားသည်၊၊
အကျဉ်းထောင်/စခန်း အသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသူ အကျဉ်းသား (၁၄၈) ဦးအား ပြစ်ဒဏ်လျှော့ပေါ့ခွင့်ပေးခဲ့ပြီး (၂၈) ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်၊၊
ကရင်နီပြည်၏ ကြားကာလအစီအမံ အပိုဒ် (၇၅)၊ အပိုဒ်ခွဲ (ခ) အရ ၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် (၁၁) ရက် (ခရစ်နှစ် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်) မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီးပါက ယင်းတို့ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို ပြစ်ဒဏ်လျှော့ပေါ့ခွင့်နှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်၊၊
PPV001
#ကရင်နီအမျိုးသားနေ့
#အထိမ်းအမှတ်
#လူသားချင်းစာနာထောက်ထားမှု
#ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ
#ပြစ်ဒဏ်လျှော့ပေါ့ခွင့်
#ပြစ်ဒဏ်လွတ်ငြိမ်းခွင့်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7