ခမ်းသားငေါဝ်း
ဇွန်လ ၂၁၊ ၂၀၂၅

ပင်လုံမြို့တွင် မွိုးဦးစျေးဆိုင်မီးလောင်မှုဖြစ်ပွားပြီး ကျပ်သိန်း ၁၀၀ ကျော်ဆုံးရှုံးမှုရှိကြောင်းမြို့ခံများထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့၊ ရွှေပြည်သာအမှတ်၂ ရပ်ကွက်၊ သာယာအေးလမ်းရှိ မွိုးဦးစျေးဆိုင်သည် ဇွန်လ၂၁ ရက် မနက် ၁ နာရီ လူအိပ်ချိန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

“မီးလျှော့ဖြစ်လို့ လောင်တာ ။ လူအိပ်ချိန်ဆိုတော့ အသံကအရမ်းကျယ်တယ်။ လူထိခိုက်မှုတော့မရှိဘူး။ ဆိုင်ထဲက ပစ္စည်းအကုန်တော့ မီးလောင်သွားတယ်။ ကံကောင်းလို့ လူကဘာမှမဖြစ်ဘူး”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ယခုမီးလောင်ခြင်းကို ပင်လုံမြို့နှင့် လွိုင်လင်မြို့ရှိ မီးသတ်တပ်ဖွဲ့များလာရောက်ငြိမ်းသတ်ကာ တစ်နာရီကျော် အကြာတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ၄င်းကဆက်ပြောသည်။

ပင်လုံမြို့ စျေးအနီးတွင် ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့တွင်လည်း နေအိမ်တစ်လုံးမီးလောင်းခဲ့ပြီး အမျိုးသားတစ်ဦး အမျိုးသမီးသုံးဦး မီးထဲပါသေဆုံးခဲ့ကြောင်းသိရသည်။

#PPV005
#မှုခင်း
#ပင်လုံ
#ဆိုင်ခန်းမီးလောင်

Photo -Credit