ခမ်းသားငေါဝ်း
ဇွန်လ ၂၁၊ ၂၀၂၅
https://www.facebook.com/share/p/16Nwy3sKzr/
ဘုံရည်မှန်းချက်များအောင်မြင်သည်အထိ သွေးချင်းကရင်နီပြည်သူလူထု နှင့်အတူ ဆက်လက်ရပ်တည်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း (၁၅၀) နှစ်ပြည့် ကရင်နီအမျိုးသားနေ့တွင် PNFCနှင့်PNLO ပူးတွဲသဝဏ်လွှာပေးပို့ရာတွင်ပြောဆိုလိုက်သည်။
ဇွန်လ ၂၁ ရက်နေ့တွင်ကျရောက်သော (၁၅၀) နှစ် ပြည့် ကရင်နီအမျိုးသားနေ့ကို ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO) တို့ပူးတွဲပြီး သဝဏ်လွှာပေးပို့လိုက်သည်။
ကရင်နီ စောဖျာများဦးဆောင်ပြီး ကရင်နီပြည်သူတို့ရေးထိုးစိုက်ထူခဲ့သော ကရင်နီအမျိုးသားနေ့မော်ကွန်းဖြင့် ” ကရင်နီပြည်ကို မည်သူတစ်ဦးတစ်ယောက်ကမျှစီမံခန့်ခွဲစိုးမိုး အုပ်ချုပ်ခြင်းမပြုလုပ်ရဘဲ သီးခြားလွတ်လပ်သောအခွင့်အရေးပေးရန် မြန်မာဘုရင်အစိုးရနှင့် ဗြိတိသျှအစိုးရတို့ နှစ်ဦးနှစ်ဖက်သဘောတူ ပဋိညာဥ် ဝန်ခံချက်” ကို ပေါ်လွင်ထင်ရှားစေခဲ့သည်မှာ နှစ်ပေါင်း ၁၅၀ ပြည့်မြောက်ပြီဖြစ်ကြောင်း ဆိုသည်။
ကရင်နီပြည်သူလူထုသည် ခေတ်အဆက်ဆက်ကျူးကျော်မှုများကို ခုခံတော်လှန်ခဲ့ကြပြီး ပါလီမန်ခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ မဆလ ခေတ်၊ ရှစ်လေးလုံး အလွန်ခေတ်၊ မျက်မှောက်ခေတ်တို့တိုင်အောင် မဟာလူမျိုးကြီးဝါဒ နှင့် အာဏာရှင် စနစ်အမျိုးမျိူးတို့ ၏ ဖိနှိပ်အုပ်ချုပ်ကျူးကျော်မှုများကို ဆက်လက်ဦးဆောင်ခုခံတော်လှန်နေသည်ကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ဆိုသည်။
အချုပ်ခြာအာဏာပိုင်ဆိုင်မှုနှင့် လွတ်လပ်မှုတို့၏ပြယုဂ်ဖြစ်သော (၁၅၀) နှစ်ပြည့်ကရင်နီအမျိုးသားနေ့အခမ်းအနားများတွင် ပြည်တွင်းပြည်ပ ကမ္ဘာတစ်ဝှမ်းရှိ ကရင်နီပြည်သူများ နှင့်အတူ တော်လှန်သောပအိုဝ်းပြည်သူများက ပါဝင်ဆင်နွဲနေကြပါကြောင်း နှင့် ဘုံရည်မှန်းချက်များအောင်မြင်သည်အထိ အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ဂုဏ်ပြုသဝဏ်လွာတွင် ထည့်သွင်းပြောဆိုထားသည်။
#PPV 003
#နိုင်ငံရေး
#ကရင်နီအမျိုးသားနေ့
#PNFC
#PNLO
#သဝဏ်လွာ
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295