ခမ်းသားငေါဝ်း
ဇွန်လ ၂၀၊ ၂၀၂၅

https://www.facebook.com/share/p/1AmfUBEsdK/

ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရကြောင်း ဇွန်လ(၂၀)ရက်မှာ အလုပ်သမားဟစ်တိုင်မှ ဖော်ပြထားသည်။

ကန်ချဘူရီခရိုင် ထောဖာဖူမြို့ ချလူကျေးရွာအုပ်စု၂ အနီးမှာ တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား (၂၀)ဦးကို ယမာန်နေ့ နံနက်ပိုင်း (၈)နာရီအချိန်မှာ ဒေသခံအာဏာပိုင် အဖွဲ့များမှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၂၀)ဦးတွင် အမျိုးသား(၁၇)ဦး အမျိုးသမီး(၃)ဦးတို့ ပါဝင်ကြောင်း သိရသည်။

၎င်းတို့သည် ထိုင်းနိုင်ငံမှတဆင့် မလေးရှားသို့ သွားရောက်အလုပ်လုပ်ကိုင်မည် ဖြစ်ပြီး တစ်ဦးလျှင် ပွဲစားခ ဘတ် (၅၅၀၀၀)အထိ နေ‌ရာရောက်ပေးရမည်ဖြစ်ကာ ဖမ်းဆီးခံရသူအားလုံးကို ထောဖာဖူရဲစခန်းမှာ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြချက်အရ သိရသည်။

ထို့အပြင် ဇွန်လ(၁၈)ရက်မှာလည်း ထိုင်းနိုင်ငံ ကန်ကျနဘူရီခရိုင်ရှိ ဘုန်းကြီးကျောင်း တစ်ခုမှာ ပုန်းအောင်းနေသည့် မြန်မာအလုပ်သမားများ အမျိုးသား (၂၀)၊ အမျိုးသမီး(၉)ဦးနှင့် ကလေးငယ် (၅)ဦး စုစုပေါင်း (၃၄)ဦး ဖမ်းဆီးခံရပြီး ကျောင်းထိုင်ဆရာတော်ကိုပါ အမှုဖွင့်အရေးယူခံရကြောင်း သိရသည်။

#PPV0011
#ပြောင်းရွေ့လုပ်သား
#အဖမ်းခံရ
#ထိုင်း
#မလေး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295