ခမ်းသားငေါဝ်း
ဇွန်လ ၂၀၊ ၂၀၂၅
https://www.facebook.com/share/p/1F5FAFnoNY/
PNO ပြည်သူ့စစ်က မြေမြှုပ်မိုင်းထောင်ရန်အတွက် ပုံလောင်းရွာသားများကို မိမိခြံယာအတွင်း စိုက်ပျိုးရေးလုပ်ခွင့်မပေးကြောင်း ဒေသခံများထံသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊ပုံးလောင်းကျေးရွာဒေသခံတောင်ယာမြေများတွင် PNO ပြည်သူ့စစ်က မြေမြှုပ်မိုင်းထောင်ရန်ဟုဆိုပြီး ရွာသားများကို တောင်ယာလုပ်ကိုင်ခွင့်မပေးကြောင်းဒေသခံများမှသိရသည်။
“ရွာသားတွေက အခြားဘာအလုပ်မှမရှိဘူး တောင်ယာတမျိုးဘဲလုပ်တာ ခုသူတို့မြေမြုပ်မိုင်းမြုပ်မယ် လုပ်လို့မရဘူးပြောတော့ ရွာသားတွေလည်း မလုပ်ရဲကြတော့ဘူး။ ခုကစိုက်ပျိုးနေတဲ့အချိန်လေ သူတို့ကမြေမြုပ်မိုင်းမြုပ်မယ်ဆိုတော့ တောင်သူတွေက တစ်နှစ်စာနာရတယ်။”ဟု ဒေသခံ တစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ထို့အပြင် တစ်ချို့ရွာသားများသည် ဝမ်းရေအတွက် အန္တရာယ်ရှိသည့်ကြား ခြံ၊တောင်ယာ ခိုးလုပ်ကြသောကြောင့် PNOပြည်သူ့စစ်နှင့်စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် ပစ်ခတ် ခြိမ်းခြောက်ခဲ့ကြောင်းသိရသည်။
ဆီဆိုင်မြို့နယ် တိုက်ပွဲငြိမ်ပြီးနောက် ဒေသခံများကပြန်လည် နေထိုင်ကြသော ကျေးရွာများသည် တိုက်ပွဲ ဖြစ်ပွားချိန် ကျန်ခဲ့သည့် မြေမြုပ်မိုင်း၊ စစ်ကျန်ပစ္စည်းများအား ယခုအချိန်ထိမည်သည့်အဖွဲ့မှ လာရောက်ရှင်းလင်းပေးခြင်းမရှိသေးကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့ကလည်း ဆီဆိုင်မြို့ နယ် နောင်ကျောကျေးရွာအုပ်စု နှင့်တောင်ရှေ့ကျေးရွာအုပ်စုနှစ်ခုရှိ ပြည်သူများကိုလည် PNO ပြည်သူ့စစ်က နေရာပြောင်းရွေ့ခိုင်းခဲ့ကြောင်းသိရသည်။
#PPV005
#Humanright
#ပုံလောင်း
#ဆီဆိုင်
#မြေမြုပ်မှိုင်း
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295