ခမ်းသားငေါဝ်း
ဇွန်လ ၂၀၊ ၂၀၂၅
https://www.facebook.com/share/p/1QeEwBg3rp/
လားရှိုးမြို့တွင်ကုန်စျေးနှုန်းအဆမတန်စျေးကြီးနေမှုကြောင့်မြို့နေပြည်သူများအခက်အခဲဖြစ်နေကြောင်း မြို့ခံများထံမှသိရသည်။
ရှမ်းပြည်နယ်မြှောက်ပိုင်း၊လားရှိုးမြို့သို့လာသောကုန်တင်ကားများနှင့်ဓာတ်ဆီကားများသည် လမ်းတစ်လျှောက်တွင် စစ်ကောင်စီဂိတ်များနှင့်လက်နက်ကိုင်အဖွဲ့အစည်းများ ငွေကြေးအမြောက်အများကောက်ယူနေမှုကြောင့် လားရှိုးမြို့အရောက်တွင် ကုန်စျေးနှုန်းများမြင့်တက်နေရကြောင်းမြို့ခံများထံမှသိရသည်
“အစစအရာရာစျေးကြီးတယ်အလုပ်လဲမဖြစ်ဘူးအလုပ်အကိုင်လဲရှားတော့ချွေတာပြီးစားနေရတာဗျ။ကြက်သားတွေဆို ၅၀၀၀ ဖိုးအနည်းဆုံးပဲရောင်းတာတစ်ထောင်နှစ်ထောင်ဖိုးဆိုဘယ်သူမှမရောင်းပေးဘူး။ ဓာတ်ဆီကလည်းတလီတာကို ၆၀၀၀ အနည်းဆုံးပဲစျေးမကျဘူး။အလုပ်မရှိတဲ့လူတွေဆိုအဆင်မပြေဘူး။အရမ်းခက်ခဲတယ်။”ဟုအသက် ၃၀ အရွယ်အမျိုးသားတဦးမှခမ်းသားငေါဝ်းကို ပြောသည်။
လားရှိုးမြို့ကို တရုတ်၏အကူအညီဖြင့်စစ်ကောင်စီကပြန်လည်အုပ်ချုပ်ခွင့်ရခဲ့သည်မှာ ၂ လနီးပါးကြာပြီဖြစ်သော်လည်း ကုန်စျေးနှုန်းများ၊မြို့နေပြည်သူများလုံခြုံရေးနှင့်ပြန်လည်ထူထောင်ရေးကိစ္စရပ်များ လုပ်ဆောင်ပေးခြင်းမရှိသေး ကြောင်းသိရသည်။
ယခုတွင် လားရှိုးမြို့ ပြန်လည်စည်ကားနေပြီဖြစ်သော်လည်း မြို့ခံများစီးပွားရေးလုပ်ငန်း ပြန်စရန်နှင့် ကုန်စုံဆိုင်များ ဆိုင်းအတွင်း ပစ္စည်း ဝယ်ထည့်ရန် ရင်းနှီးရမည်ကို မလုပ်ရဲကြကြောင်းသိရသည်။
photo online
#PPV005
#ကုန်စျေးနှုန်း
#လားရှိုး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295