ခမ်းသားငေါဝ်း
ဇွန် ၁၉၊ ၂၀၂၅
https://www.facebook.com/share/p/1Ng5EqJXJ5/
အောင်ပန်းတွင် လမ်းပေါ်၌လှဲနေသော အမည်မသိအမျိုးသားတစ်ဦး သေဆုံးသွားကြောင်း နာရေးကူညီမှုအသင်းအောင်ပန်းထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ အောင်ပန်း-ပင်းတယ သွားလမ်း အမှိုက်ပုံဟောင်းအနီး၌ ဇွန်လ ၁၈ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန်ခန့်တွင် လမ်းပေါ် မူးလှဲနေသော အမျိုးသားတစ်ဦး ဆေးရုံတွင် ဆေးကုသမှုခံရင်း သေဆုံးသွားခဲ့သည်။
” ကျွန်တော်တို့ ကားပေါ်တင်လာတဲ့အချိန်မှာတော့ အသက်ရှိသေးတယ်၊ ကိုယ်ပေါ်မှာလည်း ကျိုးပဲ့၊ သွေးထွက်ဒဏ်ရာတွေမရှိဘူး ၊အဲ့ဒါနဲ့ ဆေးရုံကို ပို့ပေးတယ်၊ ဆေးရုံရောက်ပြီး ၄ နာရီလောက်အကြာ ဒီနေ့ မနက် ၂ နာရီ ဝန်းကျင်လောက်အချိန်မှာ ဆုံးသွားတယ်” ဟု နာရေးကူညီမှုအသင်း အောင်ပန်းတာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
အဆိုပါ သေဆုံးသူသည် ခန့်မှန်းခြေ အသက် ၅၀ ခန့်ရှိပြီဖြစ်ပြီး ယခုချိန်ထိ မိသားစုဝင်များဆက်သွယ်လာခြင်းမရှိသေးကြောင်း ၎င်း ကဆက်ပြောသည်။
ပြီးခဲ့သော ဇွန်လ ၁၅ ရက်နေ့ တွင်လည်း အောင်ပန်းမြို့၊ ပြည်သာယာစျေး ( အောက်စျေး) လမ်းဆုံတွင် အသက် ၅၀ ခန့် အမည်မသိအမျိုးသားတစ်ဦး သေဆုံးလျက် တွေ့ရှိခဲ့ကြောင်းသိရသည်။
ပုံ-နာရေးကူညီမှုအသင်းအောင်ပန်း
မှတ်ချက်ပုံတင်ခြင်းသည် ကာယကံရှင်မိသားစုဆက်သွယ်လာရန်ဖြစ်ပြီး အဆက်သွယ်ရပါကပြန်လှည်ဖျက်ပေးမည်ဖြစ်သည်၊၊
PPV 003
#မှုခင်း
#အောင်ပန်းမြို့
#အောင်ပန်းပင်းတယသွားလမ်း
#အမှိုက်ပုံဟောင်းအနီး
#အမျိုးသားတစ်ဦးဆေးရုံတွင်ဆေးကုသမှုခံရင်း သေဆုံး
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7