ခမ်းသားငေါဝ်း
ဇွန်လ ၁၈၊ ၂၀၂၅

https://www.facebook.com/share/p/15gMEZiM4t/

တောင်ကြီးမြို့တွင်ယခုတလော အင်တာနက်လိုင်းများ သုံးမရအောင် လိုင်းကျနေကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် VPN burn ခြင်း၊ အင်တာနက်လိုက်ကျခြက်သကြောင့်လူမှုကွန်ရက်စာမျက်နှာ များ သုံးစွဲ မရအောင်ဖြစ်နေ ကြောင်းသိရသည်။

“ လိုင်းကျနေတာ ရက် ၂၀ ပြည့်တော့မယ်။ ဝိုင်ဖိုင် လိုင်းတွေလည်း မကောင်းဘူး။ ဆင်းကတ်နဲ့ သုံးလည်း မရဘူး။ ဝိုင်ဖိုင်တောင် VPN နဲ့ ချိတ်မရတော့ လိုင်းမတက်ဘူး။ VPN ကဝယ်သုံးတာလည်း မရသလို တခြားဟာတွေလည်း တစ်ခုမှ ချိတ်မရဘူးဖြစ်နေတယ်။ အင်တာနက်လိုင်းတွေလည်း သုံးမရအောင် နှေးတယ်”ဟု သုံးစွဲသူ တစ်ဦးက ဆိုသည်။

တောင်ကြီးမြို့တွင် အခြား မိုဘိုင်း သုံးစွဲသူများလည်း အင်တာနက်လိုင်းများ သိသိသာသာ နှေးကွေးလာနေကြောင်း ဆိုထားကြသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလရေကြီးစဉ် ကာလတုန်းကလည်း တစ်လကျော်ကြာသည် အထိ ဖုန်းနှင့် ဝိုင်ဖိုင် အင်တာနက်လိုင်းများ ပြတ်တောက်ခြင်း ရှိခဲ့ကာ ၊ အချိန်ကြာပြီးမှ ပြန်လည် အသုံးပြုခဲ့ရခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ဇွန်လ အစောပိုင်းမှ စ၍ အင်တာနက် VPN ဆာဘာများကို မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖျက်ချခြင်း ဖြစ်ကာ၊ အကြိမ်ကြိမ် ဖြုတ်ချမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

#PPV-006
#social
#internet
#VPN
#တောင်ကြီး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295