ခမ်းသားငေါဝ်း
ဇွန် ၁၇၊ ၂၀၂၅
https://www.facebook.com/share/p/16NkSrN451/
စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့ ဖယ်ခုံမြို့ အရှေ့ဘက်ခြမ်းတွင် စစ်ကြောင်းထိုးလာမှုကြောင့်ဒေသခံပြည်သူများဘေးကင်းရာသို့ အရေးပေါ် ရွှေ့ပြောင်းရန် ဓာတ်ဆီဝယ်ယူသည့်အခါ အခက်ခဲကြုံနေရ ကြောင်း စစ်ရှောင်ကူညီသူထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ အရှေ့ဘက်ခြမ်းရှိ လွယ်ပေါ၊ ဆောင်နန်းခဲ၊ နမ့်ပေါ်လုံနှင့် ပိန္နဲကုန်းရွာရှိ ဒေသခံ ၁,၀၀၀ ကျော်သည် ဘေးကင်းရာ နေရာသို့ ရွှေ့ပြောင်းရာတွင် ဓာတ်ဆီ တစ်ပီပါကို ၁၅ သိန်း ဝန်းကျင်အထိ ရှိသဖြင့် ဝယ်ယူရန်ခက်ခဲ ကြုံနေရသည်။
“ဆီပြတ်သွားတယ်ဆိုတာက တောင်ငူဘက်ခြမ်းကလမ်းပိတ်ထားတဲ့အတွက်၊ ကျွန်တော်တို့ဆီတွေဝယ်မရဘူးဆီတွေအရမ်းဈေးကြီးနေတယ်၊ တစ်ပိီပါ ၁၄ သိန်းလောက် ၁၅ သိန်းလောက်ပေါက်နေတယ်ပေါ့နော်၊ဆိုတော့ ကျွန်တော်တို့ဒီဘက်က ကယ်ဆယ်ရေးအဖွဲ့တွေလည်းဒုက္ခရောက်နေတယ်ပေါ့နော်၊ ဆီက ပြောမယ်ဆို ပိုက်ဆံရှိရင်တောင်ဝယ်မရဘူး ရှိတော့လည်းဈေးကမတန်တဆ ကြီးဆိုတော့ ကျွန်တော်တို့ဝယ်ဖို့ တော်တော်လေ ခက်ခဲနေရပါတယ်”ဟု စစ်ဘေးရှာင် ကူညီနေသူ တစ်ဦးမှခမ်းသားငေါဝ်းကို ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံအင်းအရှေ့ဖက်ကမ်းတွင် စစ်ကောင်စီ နှင့် PNO ပြည်သူ့စစ်တို့က ဇွန်လ (၉) ရက်နေ့တွင်အင်အား အလုံးအရင်းဖြင့် ထပ်မံစစ်ကြောင်းထိုးခဲ့သဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားရာ စစ်ကြောင်းထိုးလာစဥ် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေသောကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေကြရပြီး အကူညီများလိုအပ်နေဆဲဖြစ် ကြောင်းသိရသည်။
PPV0013
ပုံ-Crd
#လူ့အခွင့်အရေး
#ဖယ်ခုံမြို့အရှေ့ဘက်ခြမ်း
#လွယ်ပေါ
#ဆောင်နန်းခဲ
#နမ့်ပေါ်လုံ
#ပိန္နဲကုန်း
#ဘေးကင်းရာနေရာ
#ဓာတ်ဆီဝယ်ယူရာ
#ဝယ်ယူရန်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7