ခမ်းသားငေါဝ်း
ဇွန် ၁၇၊ ၂၀၂၅
https://www.facebook.com/share/p/1KXKJ4Ui4r/
ကလောမြို့နယ်၊ တောင်ပို့လှ ကျေးရွာရှိ အမျိုးသမီး တစ်ဦး တောင်ယာစိုက်ခင်းတွင် မြွေပွေးကိုက်ခံရကြောင်း နာရေးကူညီအသင်း အောင်ပန်းထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ငုတ်ကျေးရွာအုပ်စု တောင်ပို့လှရွာတွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးဇွန်လ (၁၆)ရက်နေ့ ညနေ (၅)နာရီ ဝန်းကျင်တွင်စိုက်ခင်းသွားရာ၌ မြွေပွေးကိုက်ခံရခဲ့သည်၊၊
“အဲတောင်ပို့လှရွာကပိုးထိတာ မြွေတွေကများတယ်ဗျာ၊ သူက နေပူလိုက်မိုးရွာလိုက်ဆိုတော့ သူက အဲ့မှာထွက်လာတာများတယ်ဗျ အဲနားရွာက ခပ်များများထိတာများတယ် တခြားရွာတွေကတော့ ရှိတော့ရှိတာပေါ့ ဒါပင်မဲ့အဲ့ရွာက်ိုကပိုးထိလွယ်တယ်မြွေပွေးတွေများတယ် အခုထိတာက မြွေပွေး၊ သူကခြေထောက်မှာ သွားထိတာဗျာ”ဟု နာရေးကူညီမှု အသင်းအောင်ပန်းမှ ခမ်းသားငေါဝ်ကိုပြောသည်။
စိုက်ခင်းတွင် ပိုးထိပြီးကလောဆေးရုံးသို့ ပို့လိုက်ခြင်းဖြစ်ပြီး ကလောဆေးရုံမှ နာရေးကူညီမှုအသင်းအောင်ပန်းသို့ ဖုန်းလှမ်းဆက်သည့်အတွက် တောင်ကြီး စဝ်းစံထွန်းဆေးရုံးက်ို ထပ်ပို့ပေးလိုက်ကြောင်း သိရသည်၊၊
တောင်ပို့လှ ကျေးရွာ၌ နေထိုင်ကြသည့် ဒေသခံများသည် တောင်ယာနှင့် ခြံစိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိက လုပ်ကိုင်ကြပြီး ယခုလို့ စိုက်ပျိုးရာသီတွင် မြွေ အန္တရယ်ကို သတိပြုနေနေရကြောင်းသိရပါသည်။
PPV0013
ပုံ-နာရေးကူညီမှုအသင်းအောင်ပန်း
#သဘာဝပတ်ဝန်းကျင်ဆိုင်ရာ
#ကလောမြို့နယ်
#ငုတ်ကျေးရွာအုပ်စု
#တောင်ပို့လှရွာ
#မြွေပွေးကိုက်ခံရ
#နာရေးကူညီအသင်းအောင်ပန်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7