ခမ်းသားငေါဝ်း
ဇွန် ၁၇၊ ၂၀၂၅
https://www.facebook.com/share/p/1BpNGwdr1h/
ဖယ်ခုံမြို့အနောက်ဖက်ခြမ်းရှိ လအိကျေးရွာ ဘုန်းတော်ကြီး စာသင်ကျောင်းကို စစ်ကောင်စီက အသေခံဒရုန်းဖြင့်တိုက်ခိုက်ခဲ့သောကြောင့် ကျောင်းသား ၃ ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဖယ်ခုံ မြို့နယ်ပြည်သူ့ လုံခြုံရေးတပ်ဖွဲ့ PK Police ထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ အနောက်ဖက်ခြမ်းရှိ လအိကျေးရွာ ကို ဇွန်လ ၁၆ ရက်နေ့ နေ့လည် ၁၁ နာရီဝန်းကျင်အချိန်ခန့်တွင် ဖယ်ခုံမြို့အခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ပစ်ခတ်ပြီးနောက် လအိကျေးရွာ ဘုန်းတော်ကြီးစာသင်ကျောင်း ကို အသေခံဒရုန်း ၂ စင်းဖြင့်တိုက်ခိုက်ခဲ့သည်။
” မနက်တစ်ပိုင်းလုံးမှာလက်နက်ကြီးတွေပစ်တယ်၊ ရွာအပြင်ဖက်ကျတာပေါ့နော်၊ ပြီးသွားမှ အသေခံဒရုန်း နှစ်စင်းနဲ့ တိုက်ခိုက်တာဖြစ်တယ်”ဟု PK Police တာဝန်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ၈ တန်းအရွယ်ကျောင်းသား ၁ ဦး၊ မူလတန်းအရွယ် ကျောင်းသား ၁ ဦး၊ ကျောင်းသူ ၁ ဦး စုစုပေါင်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး ဘုန်းကြီးကျောင်း ပရဝံ အချို့လည်း ပျက်စီးသွားကြောင်း သိရသည်။
ပြီးခဲ့သော မေလ ၁၅ ရက်နေ့တွင်လည်း လအိကျေးရွာအနီးရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့်ကြဲချတိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီသည် ဖယ်ခုံံမြို့နယ် နှင့် ကရင်နီ ပြည်နယ်တို့တွင် ပြည်သူများကိုဦးတည်ပြီး လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေလျက်ရှိသည်။
PPV 003
ပုံ-PK Police
#လူ့အခွင့်အရေး
#ဖယ်ခုံမြို့အနောက်ဖက်ခြမ်း
#လအိကျေးရွာ
#ဘုန်းတော်ကြီးစာသင်ကျောင်း
#အသေခံဒရုန်းဖြင့်တိုက်ခိုက်
#ဖယ်ခုံမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့
#PK Police
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7