ခမ်းသားငေါဝ်း
ဇွန်လ ၁၆၊ ၂၀၂၅

https://www.facebook.com/share/p/1QZ3fJgNvH/

တောင်ကြီးမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများတွင် အသုံးပြုနေသော မော်တော်ယာဉ်များအား စာရင်းတင်ပြရန် စာရင်းကောက်ခံနေကြောင်း သိရှိရသည်။

ယခုလုပ်ဆောင်ချက်သည် ၂၀၂၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ကို နောက်ဆုံးထားကာ လိုင်စင်မဲ့ယာဉ်စာရင်းများကို တင်ပြရန် လိုအပ်ကြောင်း သတင်းအရ သိရသည်။

ထိုသတင်းအရ ဇွန် ၁၂ ရက်နေ့မှ စတင်ကာ တောင်ကြီးမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများအပါအဝင် ကျောင်းတိုက်အသီးသီးအား အသိပေးစာများ ပေးပို့ပြီး ဖြစ်သည်။

“ဇွန်လ ၁၇ ရက်နေ့နောက်ဆုံးထားပြီးပေးပို့ရမယ်၊သတ်မှတ်ရက်ကျော်သွားရင်တာဝန်ဆောင်ရွက်ပေးမှာမဟုတ်ဘူးလို့ဆိုတယ်၊ လိုင်စင်မဲ့ ယာဥ်အတွက်လား၊ ဘာအတွက် လဲ မသိရသေးပေမယ့် လက်ရှိ သုံးစွဲနေတဲ့ယာဥ်တွေအားလုံးစာရင်းပေးပို့ခိုင်းတာ သိမ်းဖို့လား ခွင့်ပြုမလားသေချာမသိပေမယ့် နှစ်ရက်အတွင်းပေးပို့ရမယ်ပြောတယ်” ဟု ဘုန်းတော်ကြီးကျောင်းတစ်ခုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

တောင်ကြီးမြို့ ရတနာသီရိရပ်ကွက်ရှိ ဓမ္မဝိဒူအုတ်ဖိုကျောင်းမှတဆင့် မြို့နယ်သံဃာ့နာယကအဖွဲ့ရုံးသို့ တင်ပြရန် ဖြစ်ပြီး၊ အသုံးပြုနေသည့် မော်တော် ယာဉ် များအားလုံးကို လိုင်စင်ရှိ/မရှိ မခွဲခြားဘဲ စာရင်းတင်ပြရန် တောင်းခံထားခြင်း ဖြစ်သည်။

စာရင်းတင်ပြရာတွင် တောင်းခံထားသော အချက်အလက်များမှာ ယာဉ်သုံးသူ၏ ဘွဲ့တော်အမည်၊ ဖုန်းနံပါတ်၊သာသနာဝင်အမှတ် မိတ္တူ (၃)စုံ၊နေရပ်လိပ်စာ၊ မော်တော်ယာဉ် ဓာတ်ပုံ (ရှေ့၊ နောက်၊ ဘယ်၊ ညာ)၊ ယာဉ်အမျိုးအစား၊ မော်ဒယ်၊ အရောင်၊ ယာဉ်နံပါတ်တို့ဖြစ်ပြီး၊ အချက်အလက်များကို အပြည့်အစုံ စုစည်း၍ တင်ပြရန် ညွှန်ကြားထားသည်။

ရှမ်းတောင်တွင် လိုင်စင်မဲ့ ယာဥ်များဖမ်းဆီးမှုကိုစစ်ကောင်စီက အရှိန်မြင့်လုပ်ဆောင်နေကြောင်းသိရသည်။

#ppv006
#social
#သာသနာ
#လိုင်စင်မဲ့
#တောင်ကြီး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295