ခမ်းသားငေါဝ်း

ဇွန် ၁၅၊ ၂၀၂၅

https://m.facebook.com/story.php?story_fbid=1140753634754482&id=100064595686020&mibextid=Nif5oz

တောင်ကြီးမြို့ပေါ်ရှိ ဆိုင် ဆိုင်းဘုတ်များကို မြန်မာလို ရေးခိုင်းခြင်းမဟုတ်ဘဲ မိမိဆိုင်သည် မည်သည် လုပ်ငန်းအမျိုးအစားဖြစ်ကြောင်းကို မြန်မာလိုရေးခိုင်းခြင်းဖြစ်ကြောင်း ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိအကြောင်းမှ စည်ပင်ရုံးမှ ရပ်ကွက်အလိုက် စာပေးပို့ရာတွင် ဆိုင် ဆိုင်းဘုတ်ကို မြန်မာလိုဖြစ်စေ၊ အင်္ဂလိပ်လို့ဖြစ်စေ ရေးနိုင်ပြီး လုပ်ငန်း၏ မည်သည်အမျိုးအစားဖြစ်ကြောင်းကို မြန်မာလို့ ရေးခိုင်းခြင်းမျိုးဖြစ်ကြောင်းသိရပါသည်။

“ဆိုင်တွေတော်တော်များများကို လိုက်ပြောတာ၊ဆိုင်းဘုတ်မြန်မာလိုထားဖို့၊ တကယ်ဆိုနာမည်ကရတယ် ဘေးမာ vintage ဆို ဘေထုတ်ဆိုင် tea house ဆို လက်ဖက်ရည်ဆိုင် အဲ့လ်ိုပဲဘေးမာရေးခိုင်းတာ၊အဲ့တာကို အဲ့လူကြီးတွေကမြန်မာလိုအကုန်ပြောင်းရမယ်ပြောလို့ငြင်းကြတာ၊ ပြီးကျတော့ အမိန့်စာကမကျသေးဘူးလေ၊ အဲ့ကြောင့် ကျွန်မဆိုင် အမိန့်စာကျမှ ပြောင်းမယ့်”ဟု မိန်းလမ်းပေါ်ရှိ ဆိုင်ပိုင်ရှင်တစ်ဦးမှပြောသည်။

ထို့ကြောင့် တောင်ကြီးမြို့ပေါ်ရှိ ဆိုင်နာမည်ကို မြန်မာလို့ရေးခိုင်းခြင်းမဟုတ်ဘဲ၊ မိမိ၏ လုပ်ငန်းကိုသာ မြန်မာလို ပြောင်းရေးခိုင်းမျိုးဖြစ်ကြောင်း၊၎င်းကို ရပ်ကွက်သူကြီးသည် စည်ပင်မှပေးပို့သည့်စာကိုရှင်းရှင်းလင်းလင်း ပြသခြင်းမရှိသဖြင့် ဆိုင်ရှင်များမှာလည်း တစ်ဆင့်စကား တစ်ဆင့်ဖြင့် နားလည်မှုများလွဲကုန်ကြကြောင်းသိရသည်။

PPV0013
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#တောင်ကြီးမြို့ပေါ်ရှိ
#စည်ပင်ရုံးမှရပ်ကွက်အလိုက်
#စာပေးပို့
#ဆိုင်းဘုတ်ကိုမြန်မာလိုဖြစ်စေ
#အင်္ဂလိပ်လို့ဖြစ်စေ
#မည်သည်အမျိုးအစားဖြစ်ကြောင်း
#မြန်မာလို့ရေးခိုင်းခြင်း

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

You missed