ခမ်းသားငေါဝ်း
ဇွန်လ ၁၄၊ ၂၀၂၅

https://www.facebook.com/share/p/1AQNTYRmoE/

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မပေးနိုင်ခြင်းကြောင့် နိုင်ကျဉ်းအပါအဝင် အကျဉ်းကျခံနေရသူများ မသေဆုံးသင့်ဘဲ သေဆုံးမှုရှိနေကြောင်း PPNMက ဇွန်လ(၁၄)ရက်က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းကို ခံခဲ့ရသော CDMကျောင်းအုပ် ဆရာမကြီး ဒေါ်မြင့်မြင့်သန်းသည် မန္တလေးအိုးဘိုအကျဉ်းထောင်၌ ဆေးဝါးကုသမှုမလုံလောက်ခြင်းကြောင်း မေလ(၇)ရက်မှာ သေဆုံးခဲ့ရကြောင်း ဖော်ပြထားသည်။

ထို‌ CDMကျောင်းအုပ်ဆရာမကြီးသည် (၂၀၂၃)ခုနှစ် ဇူလိုင်(၂၇)ရက်က မတရားဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပုဒ်မ(၅၂က) ဖြင့် ထောင်ဒဏ်(၅)နှစ် ချမှတ်ခံထားရသူ ဖြစ်ကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးခံခဲ့ရစဉ်လည်း ဆရာမကြီးသည် တီဘီရောဂါအခံရှိသူဖြစ်ကာ ဆေးဝါးစောင့်ရှောက်မှု ပုံမှန်လိုအပ်နေသူ ဖြစ်ကြောင်း ဖော်ပြချက်အရ သိရသည်။

ရောဂါပြင်းထန်ချိန်မှာ ထောင်အာဏာပိုင်များထံ ပြင်ပတွင် ဆေးကုသမှု ခံယူရန် ခွင့်တောင်းခံခဲ့သော်လည်း ထောင်အာဏာပိုင်များက ဆေးကုသခွင့် မပေးခဲ့ခြင်းကြောင့် သေဆုံးခဲ့ရကြောင်း
ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိအကျဉ်းထောင်များအတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မပေးခြင်းကြောင့် နိုင်ကျဉ်းအပါအဝင် အကျဉ်းကျခံနေရသူများ ရောဂါဖြစ်ပွားခြင်း၊ ဆေးကုသခွင့် ဆုံးရှုံး၍ ရောဂါအခံများ ပိုမိုဆိုးရွားလာခြင်း၊ သေဆုံးသင့်သည့် အခြေအနေမဟုတ်ဘဲ သေဆုံးရခြင်းများ ဖြစ်ပွားလျက်ရှိကြောင်း ဖော်ပြထားသည်။

အကျဉ်းထောင်များအတွင်း ဆေးဝါးစောင့်ရှောက်မှု မလုံလောက်သဖြင့် ဇွန်လ(၁)ရက်နေ့အထိ သေဆုံးခဲ့ရသူ (၁၁)ဦးအထိ ရှိခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဖော်ပြထားသည်။

#PPV0011
#Humanright
#အကျဉ်းထောင်
#ဆေးကုသခွင့်မရ

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295