ခမ်းသားငေါဝ်း
ဇွန်လ ၁၄၊ ၂၀၂၅
https://www.facebook.com/share/p/1EL6uuYjxo/
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့အနိမ့်ပိုင်းရှိ ကံသာရပ်ကွက်တွင် ရေမြင့်တက်လာမှုကြောင့် ဒေသခံများအနည်းဆုံး ၁၀၀ ကျော်သည် မြစေတီဘုရားကျောင်းတွင် အရေးပေါ်ရွှေ့ပြောင်းနေထိုင်နေကြောင်း သိရှိရသည်။
“အပေါ်ဖက်က ရေတဖြည်းဖြည်းကျလာရင် ညောင်ရွှေအောက်ပိုင်းတော့ ရေတဖြည်းဖြည်းတက်လာမှာပါ။ ညောင်ရွှေက ရေတွေအကုန်လွှတ်ချရင်လည်း အင်းထဲပိုဆိုးနိုင်ပါတယ်။ နမ့်ကတ်ချောင်းနဲ့ တာယောဖက်က ရေစီးတွေ အရမ်းသန်နေတော့ အင်းထဲဖက်မှာ ရေတွေ သွားစုနေတယ်။ အိမ်နိမ့်တဲ့သူတွေကတော့ ဘုန်းကြီးကျောင်းကို ရွှေ့နေကြပြီ” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းသို့ ပြောသည်။
နမ့်ကတ်ချောင်းနှင့် တာယောဘက်တလျှောက်ရှိ ရေစီးလာခြင်းကြောင့် ရေမြင့်တက်လာမှုအတွက် အဓိကအကြောင်းပြချက်များဖြစ်ကြောင်း ဒေသခံများကဆိုသည်။
ရေကြီးခြင်းသည် မြို့မလမ်းဘက်အပေါ်မှစတင်၍ အနိမ့်ပိုင်းသို့ ဆင်းသက်လာပြီး အထူးသဖြင့် ကံသာ၊ သာစည်၊ ဝင်းရပ်ကွက်များတွင် အန္တရာယ်အရှိဆုံး ဖြစ်လာနေသည်။
ညောင်ရွှေမြို့အဝင်လမ်းဘေးရှိ သာစည် နှင့် ဝင်းရပ်ကွက်တွင်ရှိသော စျေးဆိုင်များ၊ စားသောက် ဆိုင်များသည် ရေတက်နိုင်မှုကြောင့် ပစ္စည်းများကို ကြိုတင်သိမ်းဆည်းပြီး ဆိုင်ပိတ်ထားခြင်းများပြုလုပ်ကြ သည်။
#ppv009
#သဘာဝဘေး
#ညောင်ရွှေ
#ရေဘေး
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295