ခမ်းသားငေါဝ်း
ဇွန်လ ၁၄၊ ၂၀၂၅
https://www.facebook.com/share/p/1NgDESfFYD/
အောင်ပန်းတွင် ရေကြီးရေလျှံမှု ဖြစ်ပြီး နေအိမ်များနှစ်မြုပ်သွားသောကြောင့် ရပ်ကွက်နေပြည်သူများ အရေးပေါ်ရွှေ့ပြောင်းနေရကြောင်း နာရေးကူညီမှုအသင်းအောင်ပန်း ထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ တွင် မိုးသည်းထန်စွာရွာသွန်း မှု နှင့် တောင်ကျရေများကြောင့် နေအိမ်များ နှစ်မြုပ်သွားသောကာ ဇွန်လ ၁၃ ရက်ညပိုင်းအချိန်တွင် အမှတ် ၃ ရပ်ကွက် နှင့် အမှတ် ၄ ရပ်ကွက်နေပြည်သူများ ဘေးလွတ်ရာသို့ရွေ့ပြောင်းနေရသည်။
” ရေကပြီးခဲ့တဲ့ ၂ ရက်လောက်ကတည်းစတက်လာတာ၊ အဆိုးဆုံးကတော့ ချောင်းရိုးဘေး မှာရှိတဲ့ အမှတ် ၃ နဲ့ အမှတ် ၄ ရပ်ကွက်တွေပေါ့၊ အဲ့နေရာတွေဆိုအကုန်မြုပ်တာလေ၊ ရေကတက်လာတာလည်းမြန်တော့ လူရယ် အရေးကြီးပစ္စည်းတွေရယ်ပဲ သယ်သွားနိုင်တယ်၊ ကျန်တဲ့ ရေခဲ့သေတ္တာတွေ၊ အိမ်သုံးပစ္စည်းတွေတော့ ချန်ထားခဲ့ရတယ်” ဟု နာရေးကူညီမှုအသင်းအောင်ပန်းတာဝန်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
မိုးသည်းထန်စွာရွာသွန်းမှု နှင့် တောင်ကျချောင်းရေများ အပြင် ယမန်နှစ်ရေကြီးရေလျှံ မှုကြောင့် အပျက်အစီးများ မြောင်းထဲ ပိတ်နေဆဲ ဖြစ်သောကြောင့် ရေအလွယ်တကူ ပြန်တက်လာခြင်းဖြစ်ကြောင်းသိရသည်။
” မိုးကမနေ့ထိ ကြီးနေတုန်း၊ ပြီးတော့ ဒီမှာက မိုးမရွာရင်တောင် ရွာငံတို့ဖက်ကရွာရင် တောင်ကျချောင်းနဲ့ ရေကဝင်လာတာရှိတယ်၊ ရေပြန်ထွက်နိုင်တဲ့မြောင်းတွေမှာလည်း အရင်နှစ်တည်း ရေကြီးတဲ့ချိန် အုတ်တံတိုင်းပြိုသွားတာတွေ အပျက်အစီးတွေက ပိတ်နေတာ၊ ရှင်းလင်း ရေးတွေလုပ်ခဲ့ပေမယ့်လူအားနဲ့ပဲဆိုတော့ အကုန်မရှင်းနိုင်ခဲ့ဘူး၊ အဲ့ဒါတွေကြောင့်ပဲ မိုးနည်းနည်းရွာရင် ရေကပြန်ကြီးနေတာ” ဟု ၎င်း ကဆက်ပြောသည်။
လူမှုကူညီရေးအသင်းများ၊ မီးသတ်တပ်ဖွဲ့များ၊ ရပ်မိရပ်ဖ အဖွဲ့များပူးပေါင်းပြီး ရေဘေးသင့်ပြည်သူများကို ဘေးလွတ်ရာ ဆွေမျိုးများထံ ကူညီပို့ဆောင်ပေးနေကြောင်း သိရသည်။
#PPV 003
#သဘာဝဘေး
#အောင်ပန်း
#ရေကြီးရေလျှံမှု
ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO
youtube channel
www.youtube.com/@khamsarngor7295