ခမ်းသားငေါဝ်း
ဇွန်လ ၁၂၊ ၂၀၂၅

https://www.facebook.com/share/v/1B9uZqDuNL/

မိုးအဆက်မပြတ်ရွာသွန်း၍ တောင်နီ- ပန်းစုံ- ဟက်ကယ် တစ်ကြော လယ်ကွင်းများရေလွှမ်းပြီး အကုန်နီးပါး ရေနှစ်မြှုပ်သွားကြောင်း ဒေသခံထံသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် တောင်နီကျေးရွာအောက်ပိုင်းတစ်ကြောတွင် ဇွန်လ ၁၂ ရက်နေ့က စပါးခင်းလယ်ကွင်းများအကုန် ရေနှစ်မြှုပ်ကုန်ကြောင်းသိရသည်။

‘’အကုန်လုံး ဒုက္ခရောက်ကုန်ကြတာပေါ့၊ တချို့က စပါးစိုက်လိုက်ပြီ၊ တချို့က ပျိုးခင်းနုတ်ပြီး စိုက်ဖို့ပြင်နေတာ၊ အကုန်ပြှုပ်သွားတယ်။ လမ်းပေါ်ထိ ရေကျော်သွားတယ်” ဟုဒေသခံတောင်သူက ခမ်းသားငေါဝ်းကိုပြောသည်။

တောင်နီ၊ ပန်းစုံ၊ မန်ကျည်းပင်၊ ဟဲက်ကယ် တစ်ကြောတွင် အဓိက ရှမ်းဆန်ထွက်သည့်ဒေသဖြစ်ပြီး ယခုနှစ်တွင် မိုးအဆက်မပြန်ရွာသွန်းမှုကြောင့် ရေလွှမ်းပြီးနစ်မြှုပ်ကုန်ကြောင်းသိရသည်။

ရွှေညောင်- ရပ်စောက် သွားလမ်း တောင်နီကျေးရွာအကျော် ဆင်သဲတံတားတွင်လည်း ရေလွမ်းပြီး လမ်းပေါ်ရေ ၃ ပေကျော်အထိ နစ်မြှုပ်နေ၍ သွားလာလို့မရတော့ကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဇွန်လပထမပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်း၍ ရေးကြီးရလျှံမှုပြန်ဖြစ်ပွားနေကြောင်းသိရသည်။

#ppv002
#စိုက်ပျိုးရေး
#သဘာဝဘေး
#တောင်နီ
#ပန်းစုံ
#စပါး

ခမ်းသားငေါဝ်း Telegram
https://t.me/thepeoplevoicePaO

youtube channel
www.youtube.com/@khamsarngor7295