ခမ်းသားငေါဝ်း
ဇွန် ၁၂၊ ၂၀၂၅
https://www.facebook.com/share/p/16awDLf76x/
ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိသောကြောင့် ပဲခူးတိုင်း၊ သာယာဝတီအကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၁ ဦး သေဆုံးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဥ်းသားများကွန်ရက် PPNM ကထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊လှည်းကူမြို့မရဲစခန်းတွင် ၁၀.၁၁.၂၀၂၁ ရက်နေ့၌ ပုဒ်မ ၅၀ (စျ) ဖြင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ( ၁၀ ) နှစ်ချမှတ်ခံခဲ့ရသော ဦးကျော်စိုး (ခ) ဦးဇော်နှစ်သည် သာယာဝတီအကျဥ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရရှိသောကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ ဖြင့် ၂၀၂၅ ခုနှစ် မေလ ၂၃ ရက်နေ့တွင် သေဆုံးခဲ့ရကြောင်း PPNM ကဖော်ပြထားသည်။
မြန်မာနိုင်ငံရှိ အကျဥ်းထောင်များအတွင်း ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမပေးခြင်းကြောင့် နိုင်ငံရေးအကျဥ်းသားအပါအဝင်၊ အကျဥ်းကျခံနေရသူများသည် ရောဂါများဖြစ်ပွားခြင်း၊ ဆေးကုသခွင့်ဆုံးရှုံးခြင်း၊ ရောဂါအခံများပိုမိုဆိုးဝါးလာခြင်း၊ သေဆုံးသင့်သည့်အခြေအနေမဟုတ်ဘဲ အသက်ပေးရခြင်းများ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။
ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိသောကြောင့် ၂၀၂၅ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ အကျဥ်းထောင်များအတွင်း သေဆုံးသူ ၁၀ ဦးအထိရှိခဲ့ကြောင်း PPNM ၏ အချက်အလက်များအရသိရသည်။
ထို့အပြင် အာဏာသိမ်းဖြစ်စဥ်နှင့်ပါတ်သက်ပြီး နိုင်ငံတစ်ဝှမ်းတွင် ဖမ်းဆီးခံရသူ စုစုပေါင်း ( ၂၉၂၆၅) ဦးရှိခဲ့ပြီး၊ (၂၂၁၂၅) ဦးမှာ ထိန်းသိမ်းခံရဆဲဖြစ်ပြီး၊ ထိန်းသိမ်းခံရနေသူများအနက် (၁၀၈၂၄)ဦးမှာ ထောင်ဒဏ်ချမှတ်ထားခံရကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ အချက်အလက်များအရသိရသည်။
PPV 003
ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ဆေးဝါးစောင့်ရှောက်မှု
#လုံလောက်စွာမရရှိ
#ပဲခူးတိုင်း
#သာယာဝတီအကျဥ်းထောင်
#နိုင်ငံရေးအကျဥ်းသား
#မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက်
#PPNM
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7